ညနေခင်းအချိန် ဖန်ကျန်းယွမ် တစ်ယောက် သူ့အခန်းထဲမှာ ထိုင်ရင်း စာဖတ်နေချိန်တွင် ရုတ်တရက် သီချင်းသံကိုကြားလိုက်ရသည်။ သူ ပြတင်းပေါက်မှ ခေါင်းထွက်ကြည့်လိုက်ချိန် သီချင်းသံသည် သူ့အပေါ်ထပ် အခန်းမှဖြစ်ကြောင်း သိလိုက်ရ၏။
အရင်တုန်းက အပေါ်ထပ်မှာ နေမယ့်သူ မရှိ။ သီချင်းသံက ကျယ်လွန်းသောကြောင့် သူ စာဖတ်ရာတွင် အာရုံစိုက်မရတော့ပဲ စိတ်ရှုပ်လာတော့သည်။ ခဏအကြာမှာတော့ ဖန်းကျန်းယွမ် စာအုပ်ကို ပိတ်ကာ မတ်တပ်ရပ်လိုက်ပြီးအခန်းတံခါးမှ ထွက်ကာ သီချင်းသံ လျော့ပေးဖို့ ပြောရန် အပေါ်သို့တက်သွားလိုက်သည်။
လမ်းတစ်လျှောက်မှာ မီးများ ဖွင့်မထား၊ သူ့မိဘ အခန်းတံခါးသည် ပိတ်ထားပြီး သူ့အမေက အခန်းထဲမှာ ဇာတ်လမ်းတွဲများ ကြည့်နေသည်။
ဖန်းကျန်းယွမ်က ဘောင်းဘီတိုနှင့် လက်ပြတ် အင်္ကျီကို ဝတ်ထားလျက်ရှိပြီး ပေါ်ဟနေသော အသားသည် ဖြူဖွေးကာ ကျန်းမာနေပုံပေါ်သည်။ ဆယ်ကျော်သက် တစ်ယောက်ရဲ့ သွက်လက် ပေါ့ပါးမှု ပုံစံအတိုင်း သူ လှေကားကိုတက်သွားကာ ရပ်လိုက်၊ တွန့်ဆုတ် တွန့်ဆုတ် လမ်းဆက်လျှောက်လိုက်ဖြင့် လုပ်နေတော့သည်။
တတိယထပ်တွင် ယွီဟိုင်ယန်နေသည့် အခန်းတစ်ခန်းသာ ရှိသည်။ အခန်းသို့ သွားသည့် လမ်းသည် မှောင်မဲနေသော်လည်း အခန်းတံခါး အောက်မှ အခန်းထဲမှ အလင်းရောင်ကို လှမ်းမြင်နေရသည်။ ထို့ပြင် ဆူညံနေသောသီချင်းသံကိုလည်း ကြားနေရသည် __ သို့သော် သီချင်းသံပြောင်းသွားကာ နူးညံ့သော သီချင်းတစ်ပုဒ် စတင်နေလေသည်။
ဖန်းကျန်းယွမ်၏ ဖိနပ်ပါးသည် ကြမ်းခင်းနှင့် ထိသည့်အချိန်တိုင်း အသံများထွက်နေသောကြောင့် သူ ခြေလှမ်းများကို ဖွကာ လျှောက်လိုက်မိတော့သည်။ သူ ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေမိလည်း သူကိုယ်တိုင်ပင် မသိ။ သူတံခါးရှေ့သို့ သွားကာ ဖွဖွလေး တံခါး ခေါက်လိုက်သည်။
ပြန်ဖြေသံ မရှိ။
ဖန်းကျင်းယွမ် တံခါးကို အနည်းငယ် တွန်းကာ အထဲသို့ ချောင်းကြည့်လိုက်သည်။ အခန်းထဲတွင် လူမရှိ။ သို့သော်ပြတင်းပေါက်အနားရှိ စားပွဲပေါ်မှာ CD player လေးကို သတိထားမိသွားသည်။
သူနေသော နေရာတွင် ထိုကဲ့သို့ CD playerများ တွေ့ရခြင်းမှာ ရှားပါးလှသည်။
ဖန်းကျန်းယွမ် မသင့်တော်မှန်း သိပေမယ့် အခန်းထဲသို့ ဝင်လာလိုက်ပြီး စားပွဲဆီသို့ သွားကာ CD playerလေးကိုကိုင်ကြည့်မိသည်။
"ဘာကြည့်နေတာလဲ?" ရုတ်တရက် အခန်းထဲမှ အသံထွက်လာတော့သည်။
ဖန်းကျန်းယွမ် တောင့်တင်းကာ ကြောက်လန့်သွားသည်။ သူ လှည့်ကြည့်လိုက်ချိန် ညဝတ်အင်္ကျီဖြင့် ယွီဟိုင်ယန်သည် ဆံပင်ကို သဘတ်ဖြင့် သုတ်လျက် သူ့ဆီသို့ လျှောက်လာလေသည်။
ယွီယိုင်ဟန် အခုလေးတင် ရေချိုးခန်းထဲမှ ထွက်လာခြင်းဖြစ်သည်။ ဖန်းကျန်းယွမ်သည် သူ ရေချိုးနေခြင်းကိုသီချင်းသံကြောင့် ရေကျသံ မကြားကာ အခန်းထဲ မရှိဟု တွေးမိခြင်းပင်။
ဖန်းကျန်းယွမ် ရုတ်တရက် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူ သူစိမ်းတစ်ယောက် အခန်းထဲ ခိုးဝင်မိသည့်ရှက်စရာ အခြေအနေမှာ ဘာမှမဖြစ်သလို စကားပြောနိုင်တဲ့အထိ သူ့လူမှုဆက်ဆံရေးက မကောင်း။ သူ လက်ထဲရှိCD playerကိုပဲ ငုံ့ကြည့်နေမိကာ ပြောလိုက်သည်။
"ကျွန်တော် __ "
ယွီယိုင်ဟန် သဘတ်ကို အိပ်ယာပေါ်လို့ ပစ်တင်လိုက်ကာ ဖန်းကျန်းယွမ်နား ကပ်သွားပြီး ပြုံးကာ မေးလိုက်သည်
"မင်း ဒီသီချင်း ကြိုက်လို့လား?"
ဖန်းကျန်းယွမ် ယွီဟိုင်ယန်ကိုယ်မှ ဆပ်ပြာနံ့ သင်းသင်းလေးနှင့် စိုစွတ်မှု အချို့ကို ခံစားနေရသည်။ ထိုခဏအတွင်းသူ မော့မကြည့်ရဲပဲ အသံတိုးတိုးလေးဖြင့် ဖြေလိုက်သည်
"Mmm"
ယွီဟိုင်ယန် ရုတ်တရက် အနားကပ်လာသောကြောင့် ဖန်းကျန်းယွမ် လန့်ကာ သွားသည်။ ထိုခဏအတွင်း ယွီဟိုင်ယန် သူ့အနားကပ်လာသည်ဟု တွေးမိသော်လည်း ယွီဟိုင်ဟန် သူ့ကိုကျော်ကာ CD playerမှ ခလုတ်ကို နှိပ်ကာသီချင်းကို အစက ပြန်စလိုက်တော့သည်။
ထို့နောက် ယွီဟိုင်ယန် ဖန်းကျန်းယွမ်ဘေးတွင် ရပ်ကာ စားပွဲကို မှီလိုက်သည်။ သူ စားပွဲပေါ်မှ ဆေးလိပ်ဘူးကို ယူကာ ဖန်းကျန်းယွမ်ကို မေးလိုက်သည်။
"မင်း ဆေးလိပ်သောက်တတ်လား?"
"မသောက်တတ်ဘူးဗျ" ဖန်းကျန်းယွမ် ပြန်ဖြေလိုက်သည်။
ယွီဟိုင်ယန် ပြုံးကာ သူ့အတွက် သူ မီးညှိကာ ဆေးလိပ်ကို လက်နှစ်ချောင်းကြား ညှပ်လိုက်သည်။ သူ ဆေးလိပ်ငွေ့ကို ရှုသွင်းပြီးနောက် ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
ဖန်းကျန်းယွမ် နေရခက်သောကြောင့် သူပင် မသိလိုက်ပဲ သူ့လက်ချောင်းများက အင်္ကျီစကို တွန့်ချေနေမိတော့သည်။
ယွီဟိုင်ယန် သူ့ကို မေးလိုက်သည်
"မင်း အသက် ဘယ်လောက် ရှိပြီလဲ?"
ဖန်းကျန်းယွမ် ပြန်ဖြေလိုက်သည်
"၁၈ ဗျ"
ယွိဟိုင်ယန် သက်ပြင်းချကာ ပြုံးလိုက်သည်
"၁၈နှစ်လား .. အရွယ်ကောင်းပဲ။"
ဖန်းကျန်းယွမ် မေးလိုက်မိသည်
"အကိုကကော?"
ယွီဟိုင်ယန် ပြောလိုက်သည်။ "ကိုယ်က အိုနေပြီ။ ၃၂နှစ်" ယွီဟိုင်ယန် စကားပြောလျှင် အမြဲ နူးညံ့ကာ အပြုံးလေးဖြင့် ပြောလိမ့်ရှိသောကြောင့် သူ့ဘေးမှ လူတိုင်းအတွက် အနေခက်လိမ့် မရှိ။
ဖန်းကျန်းယွမ် မေးလိုက်သည်။ "အသက် ၃၂နှစ် ရှိနေပြီကို လက်မထပ်သေးဘူးလား?" အသက်၁၈နှစ်လေးအတွက်တော့ အသက်၃၂နှစ်သည် မငယ်တော့။ သူ့ဘေးမှ အသက်၃၀ ဝန်းကျင် အကုန်လုံးသည် ကလေးများပင်ရှိနေကာ ထိုကလေးများကလည်း အသက်အတော်အတန် ကြီးနေကြပြီပင်။
ယွီဟိုင်ယန် သူ့မေးခွန်းကို ရယ်ရုံသာ ရယ်ပြီး ပြန်မဖြေခဲ့။
ရိုက်ကွင်းရေး ပြီးချိန်တွင်တော့ ယန်ယိုမင် သူ့အနားမှ ထွက်သွားပြီး ရှရှင်းချန်သည် လေထဲ၌ ရှိနေသေးသည့်ဆေးလိပ်နံ့ အချို့ကို ခံစားလို့ ရနေဆဲပင်။ သူ စားပွဲကို မှီကာ ဆက်ရပ်နေခဲ့ပြီး ခဏအကြာမှာတော့ သူ့နှာခေါင်းကိုလက်ချောင်းလေးဖြင့် ပွတ်လိုက်မိတော့သည်။