The Star around the Sun 明日星程...

By RileyXin_28

165K 21.3K 1.4K

Zawgyiအတွက် Synopsisမှာ ပြောပြထားပါတယ်။ ဝင်ကြည့်လိုက်ပါနော် The Star Around the Sun (明日星程) Associated name... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Here is your KittyKitling
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
TSATS Theme Song
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100

Chapter 8

1.6K 275 13
By RileyXin_28


Chapter 8

ဒီsceneအတွက် ရှိကိုရှိနေပေးရမယ့် ရိုက်ကူးရေးဝန်ထမ်းအချို့ကလွဲလို့ ကျန် မသက်ဆိုင်တဲ့လူတွေအကုန် ရိုက်ကူးရာနေရာမှ ထွက်သွားကြသည်။ ဟောကျန်းက ဘာစကားမှမပြောဘဲ မော်နီတာအနောက်ကနေပဲ တိတ်တဆိတ် ထိုင်ကြည့်နေသည်။

ဒီလူ သူ့ကို စကား ထပ်ပြောလောက်ဦးမည်ဟု မျှော်လင့်ကာ ရှရှင်းချန် ယန်ယိုမင့်ကို ကြည့်လိုက်သည်။

ယန်ယိုမင်က စားပွဲကိုမှီရပ်ပြီး စားပွဲပေါ်မှစာအုပ်ကို ကောက်ကိုင်ကာ တစ်ရွက်နှစ်ရွက်လှန်ကြည့်ပြီးနောက် ခေါင်းမော့လာပြီး ရှရှင်းချန်ကိုမေးသည်

"မင်း အသက်ဘယ်လောက်ရှိပြီလဲ?"

"နှစ်ဆယ့်လေးပါ" ရှရှင်းချန် အိပ်ရာပေါ်မှာထိုင်လျက် ပြန်ဖြေလိုက်သည်။

"သရုပ်ဆောင်လုပ်တာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ?"

အခုအခြေအနေက ဆရာနှင့် တပည့်ကြား စစ်ကြောရေးဝင်နေသည့် အနေအထားဖြစ်နေတယ်လို့ ရှရှင်းချန် ခံစားရသည်။ သူ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်

"ခြောက်နှစ်ပါ၊ ကျွန်တော် ဆယ့်ရှစ်နှစ်မှာစပြီး သရုပ်ဆောင်လုပ်တာပါ"

ယန်ယိုမင်က သူ့လက်ထဲရှိ စာအုပ်ကို တစ်ရွက်ပြီးတစ်ရွက် အမြန်လှန်ဖတ်နေသည်၊ ကြည့်ရတာတော့ လုံးဝဖတ်နေပုံမပေါ်။ သူ စကားပြောလာသည့်အသံက နွေရာသီနေ့လည်ခင်းမှာ ကော်ဖီဆိုင်တစ်ခုထဲ စကားစမြည်ပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါးနှင့်

"မင်း ဘယ်ကနေ ကျောင်းပြီးထားတာလဲ?"

ရှရှင်းချန် သူ့ကျောင်းနာမည်ကိုပြောပြလိုက်သည်။ သူတက်ခဲ့သည့် ရုပ်ရှင်တက္ကသိုလ်က တရုတ်မှာ ထိပ်တန်းမဟုတ်ပေမဲ့ အတန်အသင့်တော့ နာမည်ကြီးသည်။

ယန်ယိုမင် ခေါင်းညိတ်ကာ

"အဲ့တာဆို မင်းက fresherထဲက သရုပ်ဆောင် စလုပ်တာပဲ"

ရှရှင်းချန် တခဏလောက်စဥ်းစားပြီးမှ

"ကျွန်တော် သရုပ်ဆောင်ရတာကို အရမ်းကြိုက်တယ်"

ယန်ယိုမင့်အကြည့်တို့က သူ့မျက်နှာဆီ ရောက်လာသည်

"ဟုတ်လား?"

"အွန်း"

ဟောကျန်းက သူတို့ကို ပြန်စရိုက်ဖို့ မလောဘဲ စကားစမြည်ပြောနေတာကို တိတ်တိတ်လေး ထိုင်စောင့်ပေးသည်။

ယန်ယိုမင်က သူ့ကို ဆက်မေးသည်

"ဒီဇာတ်ကောင်နေရာကို လက်ခံဖို့မဆုံးဖြတ်ခင်မှာ မင်း ဒီအတွက် လေးလေးနက်နက် စဥ်းစားဖြစ်ခဲ့လား?"

ဟောကျန်းရှေ့မှာ ဒီလိုမေးခွန်းအမေးခံရလိမ့်မည်ဟု ရှရှင်းချန် မမျှော်လင့် မထင်မှတ်ထားမိ။ ခဏအကြာမှ သူ ပြန်ဖြေသည်

"သေချာပေါက်ပေါ့ဗျာ"

သူ့မှာ ဒီရုပ်ရှင်ကို လက်ခံရိုက်ကူးရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိသည်။ အဲ့ထဲက တစ်ချက်မှာ သူ့အနေနှင့် သူ့လို သူနှင့် သက်တူရွယ်တူ အနေအထား တစ်တန်းတည်းရှိနေသည့် အငယ်တန်းသရုပ်ဆောင်တွေရဲ့ အသိအမှတ်ပြု ဂရုစိုက်ကြည့်ခံရမည်ကြောင့်ဖြစ်သည်။ သူ သိချင်စိတ်ကို မထိန်းထားနိုင်တော့ဘဲ မေးလိုက်သည်

"မင်ကောကရော ဘာလို့ ဒီရုပ်ရှင်ကိုရိုက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ?"

*Min Ge*

ယန်ယိုမင်က သူ့အနေအထားနှင့် ကွာခြားသည် သူက နာမည်ကြီးပြီးသား သရုပ်ဆောင်တစ်ယောက်၊ သူ့အနေနှင့် ဒီလိုရုပ်ရှင်မျိုးကနေ သူ့အပေါ် သက်ရောက်လာမည့် ဘယ်အရာကိုမှ မှီခိုဖို့မလို။

ထိုမေးခွန်းကိုကြားတော့ ယန်ယိုမင် ချက်ချင်းပြန်မဖြေ၊ သူ ဟောကျန်းဘက်ကိုသာ လှည့်ကြည့်ပြီး ပြုံးကာ

"ငါ သူ့အပေါ် ကျေးဇူးကြွေးရှိတယ်လေ၊ အဲ့အကြွေးကို အမြဲ ပြန်ပြန်ဆပ်နေတယ်"

သူပြောတဲ့စကားက ဟာသအနေနှင့်ပြောတာလား အတည်ပြောတာလားဆိုတာ ရှရှင်းချန် မခွဲခြားတတ်။

ယန်ယိုမင် သူ့လက်ထဲက စာအုပ်ကို မူလနေရာမှာ ပြန်တင်ထားလိုက်ပြီး ရှရှင်းချန်ဘက်ကိုလှည့်ပြောသည်

"ပြန်စဖို့ အဆင်သင့်လုပ်"

အနည်းငယ် စိတ်ပေါ့ပါးနေပြီးဖြစ်တဲ့ ရှရှင်းချန်မှာ ရုတ်ချည်းဆိုသလို စိတ်တွေ လှုပ်ရှားလာပြန်သည်။ သူ မတ်တပ်ထပြီး နှစ်ခေါက်လောက် အသက်ပြင်းပြင်း ရှူလိုက်သည်။

ယန်ယိုမင်က သူ့ကို ရုတ်တရက် ထမေးပြန်သည်

"မင်း အခု ဘာတွေ စဥ်းစားနေလဲ?"

ရှရှင်းချန်မှာ ခေါင်းဦးရေတွေ ထုံသွားရသည်

"ဖန်းကျန်းယန်အနေနဲ့ ဒီလိုအခိုက်အတန့်မျိုးမှာ သူ့စိတ်ထဲ ဘယ်လိုအတွေးရှိလောက်မလဲလို့ စဥ်းစားနေတာ..."

"စောစောက sceneကိုပြောတာလား?"

ရှရှင်းချန် စက္ကန့်ပိုင်းလောက် ပြန်ဖြေစရာစကား ပျောက်ဆုံးနေရသည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်အစဥ်တို့မှာ ရှုပ်ထွေးလို့နေကာ ဘာကိုမှ အသေအချာထား စဥ်းစားတွေးဆလို့မရဖြစ်နေတော့သည်။

ယန်ယိုမင်က သူ့ကိုပြောသည်

"စိတ်က အဲ့အပေါ်မှာပဲ တဝဲလည်လည်ဖြစ်မနေနဲ့။ ဖန်းကျန်းယန်လည်း အခုလိုအချိန်မှာ ဘာမှမတွေးနိုင်တဲ့ အနေအထားဖြစ်နေလောက်တယ်"

ထိတ်ပျာနေမှာကလွဲရင် အခြားဘာရှိဦးမှာလဲ...

ဒီတစ်ခေါက်က တကယ်ရိုက်မှာမဟုတ်၊ အစမ်းကျင့်ရုံပေမည့် ယန်ယိုမင့် အမူအရာတွေက အရမ်းကိုလေးလေးနက်နက်ရှိလွန်းနေသည်။

ယန်ယိုမင် သူ့ကို ကုတင်ပေါ် တွန်းချလိုက်တော့ ရှရှင်းချန် ပြန်ထနိုင်ဖို့ အလိုလို တုံ့ပြန်ကြိုးစားမိသည်။

အကြောင်းမလှစွာဘဲ သူ ပြန်မထနိုင်ခင်မှာ ယန်ယိုမင့်တစ်ကိုယ်လုံးက သူ့ပေါ်ကို အုပ်မိုး ဖိထားနှင့်ပြီးပြီ။

ဒီတစ်ကြိမ်တော့ ယန်ယိုမင်က သူ့ပေါ် တကယ်ကြီး ဖိကပ်လာတာဖြစ်သည်။ အဝတ်ပါးပါးသာဝတ်ထားသည့် ယောကျ်ားနှစ်ယောက်မှာ ထိကပ်နေသည့် ခန္ဓာကိုယ်အပေါ်ပိုင်း ရင်ဘက်ဆီကနေ တစ်ယောက် ခန္ဓာကိုယ်အပူရှိန်ကို တစ်ယောက် ခံစားလို့ရနေသည်။

အဲ့နောက်မှာတော့ ယန်ယိုမင်က သူ့လက်နှစ်ဖက်လုံးကို ချုပ်ထားပြီး သူ့နှုတ်ခမ်းတို့ကို နက်ရှိုင်းပြင်းပြစွာ စုပ်ယူနမ်းရှုပ်လာသည်။

အခုလောလောဆယ် ထိုအနမ်းအကြောင်း ရှင်းရှင်းလင်းလင်းအတွေးမဖော်ချင်...ရှရှင်းချန့်ခေါင်းထဲမှာ ရှုပ်ထွေးနေပြီး သူ့မသိစိတ်ကနေ ထိုသို့ဖြစ်နေသည့် အသိတို့ကို ဖုံးကွယ်ထားချင်မိသည်။

ယန်ယိုမင်က သူ့လက်ကို ဆွဲကာ သူ့နောက်ကျောကို ဖက်ထားစေသည်။ သူလည်း မဖက်ထားလို့မရတာကြောင့် စေရာအတိုင်းသာ အလိုက်သင့်နေလိုက်ပါတော့ ယန်ယိုမင် ကိုယ်လုံးကြီးက သူ့ပေါ်ကို ပိုလို့တောင် ပိကျလာတော့သည်။

ရှရှင်းချန်မှာ မနည်း ခက်ခက်ခဲခဲ အသက်ရှူနေရသည်။ သူ ယန်ယိုမင် လှုပ်ရှားပြုမူနေသည့် အားအဟုန်တို့ကိုသတိပြုမိသည်...ဒီလူကြီး အကြမ်းပတမ်းလုပ်တာမျိုး လုံးဝမရှိ....

ထိုနောက်မှာတော့ ယန်ယိုမင်က သူ့တီရှပ်အင်္ကျီကို ဆွဲချွတ်ပြီး ရှရှင်းချန့်ရင်ဘတ်ဆီမှာ ခေါင်းမြှုပ်ထားကာ အနမ်းတို့ ပျိုးကျဲလာတော့သည်။

ရှရှင်းချန် ခေါင်းထောင်လာသည်။ သူ့ရင်ထဲမှာ စည်သံဗုံသံ တအုန်းအုန်း မြည်ဟိန်းနေတော့၏။ သူ ပါးတွေရော လည်ပင်းကနေ ရင်တစ်ပြင်လုံးရောအနှံ့ နီရဲတက်လာသည်။ ပါးစပ်ကိုဟလိုက်မိပါတော့ သူ့နှုတ်ခမ်းတွေ ခြောက်လို့နေတာကို သတိပြုမိသည်။ ငိုသံပါသည့် ငြင်းဆိုသံတိုးတိုးကို ညည်းလိုက်မိသည်

"ဟင့်အင်း..."

ယန်ယိုမင်ရဲ့လက်က သူ့ဘောင်းဘီဆီရောက်လာပြီး ဘောင်းဘီကြယ်သီးကို ဖြုတ်နေသည်။ ကြယ်သီးဖြုတ်နေတဲ့ လက်မှာ အရမ်းအားပါနေတာကြောင့် သူ့ရင်ထဲ ထိတ်ပျာမှုတို့ ဟိုးအမြင့်ဆုံးထိ ထိုးတက်သွားသည်။ ရှရှင်းချန်မှာ သူ ဘာလုပ်သင့်တယ်ဆိုတာကို တွေးတောင်မတွေးနိုင်၊ ယန်ယိုမင်ရဲ့ နောက်တစ်ဆင့်တက်လာမည့် လှုပ်ရှားမှုတို့ကိုသာ ရပ်တန့်ပစ်ချင်မိသည်။ ရှရှင်းချန် သူ့ဘောင်းဘီသူ လက်တစ်ဖက်ဖြင့် ပြန်ဆွဲထားပြီး သူ့ကိုရှောင်ဖို့ ကိုယ်ကို တစ်ဖက်လှည့်လိုက်သည်။

ယန်ယိုမင်က ပြောလာသည်

ယန်ယိုမင့်အသံက အနည်းငယ် သြရှလို့နေ၏။ စကားသံတို့မှာ နူးညံ့ညင်သာသည်ဆိုသော်ငြား အမိန့်သံဆန်သည့်ခက်ထန်ပြင်းရှမှုမျိုး ရောယှက်ပါနေဆဲ။ သူ့ဘောင်းဘီကြယ်သီးကို ဖြုတ်နေရင်းနှင့် ရှရှင်းချန်ကို ချော့မြှူညှို့ယူနေသည်

"မကြောက်နဲ့၊ အားလုံး အဆင်ပြေသွားမှာ"

ထိုစကားတွင် ယောကျ်ားတစ်ယောက် သူ့၏ ရမ္မက်ဆန္ဒတို့ကို ထိန်းချုပ်ထားနေရသည့်အသံ ယောင်ယောင်မျှ ပါနေသည်ကို ရှရှင်းချန် အသေအချာ ခံစားမိလိုက်ပြီး လူက ခရုခွေလို တစ်ဆုံး ကျုံ့ကျုံ့လေးခွေသွားတော့သည်။

သူ့တီရှပ်က သူ့ရင်ဘတ်ဆီမှာ လိပ်တင်လျက်၊ ချောမွတ်အိစက်နေသည့်် ခါးသွယ်သွယ်နှင့် နောက်ကျောတို့မှာ ဟစ်ဟာပေါ်ထွက်လို့နေသည်။

"ကျွန်တော် မလိုချင်ဘူး" ရှရှင်းချန်ပြောလိုက်သည်။ ထိုသို့အပြောမှာ သူ့အသံက အက်ရှရှနှင့် ထစ်ထစ်နေတာကို သတိထားလိုက်မိသည်။

ယန်ယိုမင်ရဲ့လက်တစ်ဖက်က သူ့ခါးကို တင်းတင်းကျပ်ကျပ်ဖက်လာပြီး ကျန်တစ်ဖက်က သူ့ခါးတစ်လျှောက်ကို အနည်းငယ်မျှ ကြမ်းတမ်းစွာ ပွတ်သပ်လာ၏။ ပွတ်သပ်ခံနေရသည့်ခါးတစ်ဖက်ခြမ်းက ချက်ချင်းကို ယားကျိကျိဖြစ်လာပေမဲ့ ရှရှင်းချန်တစ်ယောက် လုံးဝကိုကြက်သေသေလို့နေသည်။ ထိုစက္ကန့်ပိုင်းလောက်တွင် သူ့နှလုံးသားမှာ တစစ်စစ် တရွရွဖြစ်သွားပုံပေါ်သည်။

"ငတုံးလေး"

ယန်ယိုမင့်အသံက အကြီးတစ်ယောက်၏ ရင့်ကျက်တည်ကြည်မှုတို့ရော ချစ်သူတစ်ယောက်၏ အချစ်မေတ္တာတို့ပါ ထုံမွှန်း ရောယှက်လျက်...

ရှရှင်းချန် သူ့မျက်နှာကို ခေါင်းအုံးဆီမှာ မြှုပ်ထားလိုက်တော့သည်။ သူ ရှိုက်ငိုတာမျိုး တုန်တုန်ယင်ယင်ဖြစ်တာမျိုးမရှိ၊ အသက်ကိုသာ ပြင်းပြင်းရှူလိုက်သည်။ စိတ်ခံစားချက်တို့မှာ အမှောင်ထုနှင့် မွန်းကျပ်မှုတို့ကို ရောကျိုထားသည့်အိုးထဲရောက်နေသည့်နှယ်...

ယန်ယောင်မင်းက ရှရှင်းချန်ရဲ့ခါးတစ်လျှောက်ကို ပွတ်သပ်နေပြီး ရှရှင်းချန်ဘက်က တုန့်ပြန်လှုပ်ရှားလာမှုမရှိသည်ကို သတိမပြုမိကာမှ ရှရှင်းချန် နားနားကို တိုးကပ်လာပြီး သူ့ကုပ်ပိုးကို လက်ချောင်းတို့ဖြင့် ပွတ်ရင်း သူ့နာမည်ကို ခေါ်လေ၏

"ဖန်းကျန်းယွမ်?"

ရှရှင်းချန် ပြန်မဖြေ။

ယန်ယိုမင့်အသံက ပိုပြီး နူးညံ့ညင်သာသွားသည်

"ရှောင်ယွမ်?"

ရှရှင်းချန်ရဲ့ ပခုံးတို့မှာ ဆတ်ခနဲတွန့်သွားသည်။

ယန်ယိုမင်က သူ့ပခုံးကို ကိုင်ကာ အားအနည်းငယ်စိုက်ပြီး သူ့ဘက်ဆွဲလှည့်လိုက်တော့ ရှရှင်းချန်ရဲ့ မျက်လုံးတွေက နီရဲနေတာကို တွေ့လိုက်သည်။ မျက်လုံးထောင့်တို့ကလည်း စိုလို့နေ၏။

ရှရှင်းချန် ကိုယ်ကို ပြန်စောင်းလိုက်ပြီး သူ့အကြည့်တို့ကို ရှောင်လိုက်သည်။

ယန်ယိုမင်က အိပ်ရာအစွန်မှာ ထိုင်လိုက်သည်။ သူ ရှရှင်းချန်ကိုဆွဲထူကာ သူ့အား မှီထားစေပြီး မျက်လုံးထောင့်မှ မျက်ရည်စတို့ကို လက်မဖြင့် ပွတ်သုတ်ပေးကာ

"ဘာငိုစရာရှိလို့လဲ? မင်းက တကယ် ငတုံးလား?"

ရှရှင်းချန် ပြတင်းပေါက်ဘက်ကိုဘဲ စိုက်ကြည့်နေသည်။

ယန်ယိုမင် နှစ်သိမ့်ချော့မြှူသည့် ပုံစံရအောင် ရှရှင်းချန်ကိုလည်ပင်းကနေ သိုင်းဖက်လိုက်ပြီး

"ကိုယ် မနက်ဖြန် အလုပ်မသွားဘူး။ မင်း ရေကူးချင်လား? ကိုယ်တို့ ရေကူးကန်သွားကြမလား?"

ရှရှင်းချန် ပြန်မဖြေ။

သူပြန်မဖြေတော့လည်း ယန်ယိုမင်မှာ သူ့ဟာသူ တစ်ယောက်တည်း ပြောနေရတော့သည်

"ကိုယ့်ရေကူးဘောင်းဘီက ပျောက်နေတာဆိုတော့ ကိုယ် ဒီညနေ အသစ်တစ်ထည် သွားဝယ်ရဦးမယ်။ ဒီလိုလုပ်မလား? ကိုယ်တို့တွေ ဒီည အတူတူ ရှော့ပင်ထွက်ရအောင်လေ"

ရှရှင်းချန်အသံက အက်တက်တက်နှင့်

"ကျွန်တော် မအားဘူး"

ယန်ယိုမင်က ရယ်လေသည်။

ဒီSceneက ဒီနေရာမှာတွင်ပြီး၏....

ဟောကျန်းက လက်ခုပ်နှစ်ချက်တီးကာ အော်ပြောသည်

"ကောင်းတယ် ဒီလိုအတိုင်းပဲနော်! ကဲ တကယ်လေး တစ်ချက် ရိုက်လိုက်ကြစို့!"

ယန်ယိုမင်က အိပ်ရာဘေးမှာ မတ်တပ်ရပ်ပြီး ရှရှင်းချန်ပခုံးကို ပုတ်ကာ ပြောလာသည်

"လာ"

Arthur's Audrey

16.2.2021 // 9:15 PM

......................

When Yang Youming said "Come on"....

In my mind,I shouted subconsciously "Come on Baby~~..."

Arrrrrrrrrrrr!!!!

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...