The Star around the Sun 明日星程...

By RileyXin_28

166K 21.3K 1.4K

Zawgyiအတြက္ Synopsisမွာ ေျပာျပထားပါတယ္။ ဝင္ၾကည့္လိုက္ပါေနာ္ The Star Around the Sun (明日星程) Associated name... More

Synopsis
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Here is your KittyKitling
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
TSATS Theme Song
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100

Chapter 1

7K 391 17
By RileyXin_28


[Unicode]

ဒီနေ့လိုအနေအထားမျိုးထိဖြစ်လာခဲ့မယ်ဆိုတာကို အစကတည်းကသာ သိခဲ့ရင် ရှုရှင်းချန် ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖြစ်ခဲ့မှာမဟုတ်....

.

.

ရှုရှင်းချန်ဆိုတာ အသက် နှစ်ဆယ့်လေးနှစ်အရွယ် သရုပ်ဆောင်တစ်ယောက်၊ ဆယ့်ရှစ်နှစ်ထဲက ရုပ်ရှင်လောကကို စတင်ခြေချခဲ့တာ အခုဆို အနုပညာသက်တမ်း ခြောက်နှစ်ရှိသွားခဲ့ပြီ။ ဖြတ်သန်းခဲ့ပြီးတဲ့ ခြောက်နှစ်တာလုံး သူ လျှောက်လှမ်းနေတဲ့ အနုပညာလမ်းကြောင်းမှာ သူ့အား ခြေလှမ်းယိမ်းယိုင်စေမည့် လေနုကြမ်းလေး တစ်ချက်တောင် ဝေ့တိုက်ခဲ့ခြင်းမရှိ၊ အောင်မြင်မှုက အတိုင်းအတာတစ်ခုထိ အဆင်ပြေပြေလေးရှိနေသည်။ ရိုက်စရာမရှိလို့ ငုတ်တုတ်ထိုင်နေရတယ်ဆိုတာမျိုးတွေမရှိ။

ဟုန်းဟုန်းတောက် နာမည်ကျော်သွားတာမျိုးတော့မဟုတ်ပေမည့် သူ ရိုက်ကူးခဲ့သည့် TVဇာတ်လမ်းတွဲနှစ်ခုမှာ ဆက်တိုက် လူကြိုက်များ နာမည်ကြီးသွားတာကနေတဆင့် ပရိတ်သတ်အမြောက်အများ ရရှိခဲ့သည်။

နောက်ပိုင်း လာကမ်းလှမ်းသည့် ဇာတ်ကောင်တိုင်းက idol dramaတွေအတွက် အမျိုးသားဇာတ်ကောင်နေရာတွေကြည့်ပြီး သူ ဒီidol dramaဘက်ကိုဘဲ ဆက်သွားရမလားလို့စဥ်းစားနေစဥ် သူ့ အေးဂျန့် ဟွမ်းကျီစင်းဆီကနေ ဖုန်းဝင်လာပြီး ဒါရိုက်တာ ဟောကျန်းရိုက်ကူးမည့် ရုပ်ရှင်မှာ ပါဝင်ဖို့ စိတ်ဝင်စားလားဟု မေးလာသည်။

ဖုန်းဝင်လာတဲ့အချိန်မှာ ရှရှင်းချန်တစ်ယောက် သူ့ရည်းစား ရှောင်းယွီရဲ့ ကုတင်ပေါ်မှာ လှဲနေတာဖြစ်သည်။ သူ အမြန်ကုန်းရုန်းထထိုင်လိုက်တော့ တစ်ကိုယ်လုံး အလုံခြုံထားသည့် ဂွမ်းစောင်က ခါးနားထိ လျှောကျပြီး ဖြူဖွေးဝင်းမွတ်နေသည့် ဝမ်းဗိုက်က လှစ်ဟပေါ်ထွက်လာသည်။ သူ့အသံကို တည်တည်ငြိမ်ငြိမ်လေသံဖြစ်အောင် ထိန်းကာပြောလိုက်ပေမဲ့ အလွန်အံ့အားသင့်နေသည့်အသံပေါက်နေဆဲ

"ဘာရယ်?"

ရှောင်းယွီက သူ့ဘက်လှည့်လာပြီး မေးသည် "ဘာတဲ့လဲ?"

ရှရှင်းချန်း ရှောင်းယွီ့ကို စကားမပြောဖို့ အသံမထွက်ဘဲ ခြေဟန်လက်ဟန်ဖြင့် ဟန့်လိုက်သည်။

ရှောင်းယွီက လက်မြှောက်အရှုံးပေးတဲ့ပုံလုပ်ပြကာ ခေါင်းကို ရှုရှင်းချန် ဖုန်းအနား တိုးကပ်လာပြီး စပ်စုသည်။

ဖုန်းကိုင်ကိုင်ချင်းတုန်းကတော့ ရှရှင်းချန်အသံက အရမ်းစိတ်လှုပ်ရှားနေပေမဲ့ ပြောနေရင်းနှင့် မျက်မှောင်ကြုတ်သွားကာ သူ့ဟာသူတောင် သတိမထားမိပါဘဲ လက်ညှိုးဖြင့် ဂွမ်းစောင်ပေါ်မှာ စက်ဝိုင်းပုံဆွဲနေပြီး ပါးစပ်ကလည်း "အင်း"တစ်လုံးသာ အကြိမ်ကြိမ် ခွန်းတုံ့ပြန်နေသည်။

ဖုန်းချပြီးတဲ့အခါမှာတော့ ရှရှင်းချန် အိပ်ရာပေါ် ဝုန်းကနဲ ပစ်လှဲချလိုက်သည်။ အိစက်နေတဲ့ အိပ်ရာပေါ်က နှင်းဆီပွင့်ဖက်တို့မှာ ကြမ်းပြင်ဆီသို့ သက်ဆင်းသွားရတော့သည်။ ရှရှင်းချန်တစ်ယောက် မျက်နှာကျက်ရှိ ဝါဖန့်ဖန့်မီးအလင်းကို ငေးစိုက်ကြည့်နေပြီး လက်ထဲကဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

ရှောင်းယွီက သူ့နားကို တိုးကပ်လာပြီး

"ဘာကိစ္စလဲ? ဟောချန်းက ကိုယ့်ကို ဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းတာလား?"

ရှရှင်းချန် သူမဘက်ကို လှည့်ကြည့်ကာ

"မင်း ကြားလိုက်တယ်?"

"ကို ဟောကျန်းလို့ပြောလိုက်လို့သာ အဲ့တစ်လုံးကြားတာပါ" ရှောင်းယွီမှာ ယုံကြည်ဖို့ အတော်လေးခက်ခဲနေသည်။ "သူ ဟုတ်ရဲ့လား? ဘယ်လိုကနေ ကို သူနဲ့ ဒီလိုမျိုးထိ အဆက်အသွယ်ရှိသွားတာလဲ?"

ရှရှင်းချန်ရဲ့ လက်ရှိ အနေအထားအရ ဟောကျန်းလို နာမည်ကြီးဒါရိုက်တာအနား ဘယ်လိုမှ မကပ်နိုင်။

ရှရှင်းချန်ပြန်မဖြေ၊ စိတ်မသက်မသာနှင့် နှစ်ခေါက်လောက် ငေါက်ခနဲ ထထထိုင်ပြီး အဆုံးမှာတော့ သူ စောင်ကို လှပ်ဖယ်ကာ အိပ်ရာပေါ်က ဆင်းလိုက်သည်။

ရှောင်းယွီက ထထိုင်ကာ

"ကို၊ ဒီလောက်နောက်ကျကြီးမှ ပြန်မလို့လား?"

အိပ်ရာဘေးမှာ မတ်တပ်ရပ်နေတဲ့ ရှရှင်းချန်ကိုယ်မှာ ဗလာကျင်းလျက်...ပခုံးကကျယ်ကျယ် ခါးကသွယ်သွယ်၊ ခန္ဓာကိုယ်က ကြွက်သားရေးရေးနှင့် ကျစ်ကျစ်လျစ်လျစ်ရှိပြီး ပေါင်သလုံးတွေကလည်း ဖြောင့်စင်းတုတ်ခိုင်လို့။ ငယ်ဂုဏ်ဆောင်တဲ့ သူမျက်နှာလေးနှင့် တွဲဖက်လိုက်ပါတော့ တစ်ကိုယ်လုံးက ဒီ အနုပညာလောကမှာ သူ့ရဲ့အရင်းအနီးတွေပင်။

ရှရှင်းချန် အဝတ်ဝတ်နေတဲ့အချိန် ရှောင်းယွီ့စိတ်ထဲ သူတို့တွေ လမ်းခွဲရတော့မယ်ဆိုသည့်ခံစားချက် ရုတ်တရက် ဝင်လာသည်။

ရှရှင်းချန်ဆိုတာ ပြောပလောက်စရာ ပြစ်ချက်တစ်ကွက်မရှိပေမဲ့ relationship ကို အတည်တကျမတွဲတဲ့လူမျိုး၊ သူ ရည်းစားပြောင်းထားတာ ပွဲဦးထွက်ကနေ အခုထိဆို ငါးယောက် ခြောက်ယောက်ရှိပြီ၊ အကုန်လုံးက ငယ်ငယ်ချောချော တက်သစ်စလေးတွေကြည့်။

ရှောင်းယွီ သူနှင့်တွဲနေတာ တစ်နှစ်နီးနီးရှိပြီ။ တွဲတာကြာလာလေ နှစ်ယောက်သား အဆက်အသွယ်လုပ်တာ ရှားလာသည်။ တစ်လောကဆို ရှရှင်းချန် ရိုက်ကူးရေးအတွက် အတော်ကြာကြာ ခရီးထွက်ရတဲ့တစ်လျှောက်မှာ ဆယ်ရက်တိတိအဆက်အသွယ်မလုပ်ဖြစ်တဲ့အပြင် သူမဆီ ဖုန်းခေါ်ဖို့တောင် လုံးဝအတွေးမရှိ။

ရှရှင်းချန် အဝတ်အစားဝတ်ပြီးနောက် ကိုယ်ကိုကိုင်းကာ သူမပါးကို နမ်းပြီး

"ကိုယ် သွားတော့မယ်"

ရှောင်းယွီက လက်ပြကာ

"တာ့တာ"

ရှရှင်းချန် သူ့ကုတ်အင်္ကျီကို ဆွဲယူပြီး အနောက်ကိုတစ်ချက်လှည့်မကြည့်ဘဲ အခန်းအပြင်ဆီသို့ ထွက်သွားတော့သည်။ သူ တံခါးကို ဆောင့်ပိတ်လိုက်တော့ သူ့လက်တွေ တုန်ယင်လို့နေတာကို သတိထားမိလိုက်သည်။

ကော်ရစ်ဒါတစ်လျှောက် မီးအလင်းရောင်မှာမှိန်ပြပြ...သူ ဓာတ်လှေကားဝထိရောက်တဲ့အထိ ခြေလှမ်းကျဲကျဲနှင့် ကမူးရှူးဒိုးလျှောက်သွားပြီး ဓာတ်လှေကားခလုတ်ကို အကြိမ်ကြိမ် နှိပ်ကာ ဓာတ်လှေကားပွင့်လာဖို့ စောင့်နေရတဲ့ခဏလေးမှာကို ယောက်ယက်တွေခက်နေသည်။

ဟောကျန်း...ဟောကျန်းကို မသိတဲ့လူရှိမလား? ဒီဒါရိုက်တာက နိုင်ငံတကာက ရုပ်ရှင်ထူးချွန်ဆုတွေ အမြောက်အမြား ပိုင်ဆိုင်ထားတာ၊ မနှစ်ကဆို သူရိုက်ကူးတဲ့ ရုပ်ရှင်က ပြည်တွင်း box officeမှာ နံပါတ်တစ်ချိတ်ပြီး ဇာတ်ဆောင်တွေအကုန်လုံးလည်း ရုပ်ရှင်ပွဲတော်မှာ အသီးသီး ဆုရကြသည်။

အိပ်မက်ထဲထည့်မက်ဖို့တောင် မဖြစ်နိုင်တဲ့ဟာ....ဟောကျန်းက သူရိုက်မဲ့ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ငါ့ကို ကမ်းလှမ်းလာမယ်လို့ တွေးတောင်မတွေးရဲခဲ့တာ...

ရှရှင်းချန် ဓာတ်လှေကားထဲ လှမ်းဝင်လိုက်တဲ့အချိန် ဓာတ်လှေကား အတွင်းနံရံမှာ ရောင်ပြန်ဟပ်နေသည့် သူ့မျက်နှာပုံရိပ်ကိုမြင်ပြီး နောက်ဆုံးတော့ စိတ်ကို တည်ငြိမ်အောင် အနည်းလေး ပြန်ထိန်းနိုင်လိုက်သည်။

သူ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး ဟွမ်းကျီစင်းဆီ ဖုန်းပြန်ခေါ်လိုက်သည်။ တစ်ဖက်က ဖုန်းကိုင်လာတာနှင့် ချက်ချင်း အသည်းအသန် မေးတော့သည်

"အစ်ကိုပြောတာ ဟောကျန်းက ကျွန်တော့်ကို BLကားမှာ ဝင်သရုပ်ဆောင်စေချင်တယ်...သူ စဥ်းစားထားတဲ့ တစ်ဖက် သရုပ်ဆောင်ကရော ဘယ်သူတဲ့လဲ?"

"ငါ မသိဘူး။ ဟောကျန်းက အဲ့တာနဲ့ပတ်သက်လို့ ဘာမှမပြောဘူး"

ရှရှင်းချန် နောက်တစ်ခွန်းထပ်မေးလိုက်သည်

"အိပ်ရာပေါ်ကcutတွေရောပါလား?" မေးပြီးမှ အသံကိုနှိမ့်ကာ တွန့်ဆုတ်တွန့်ဆုတ်နှင့် "အဲ့တာထည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား?"

ဟွမ်းကျီစင်းက ရယ်ကာ

"ဟောကျန်းရိုက်မဲ့ရုပ်ရှင်မှာ အိပ်ရာပေါ်က sceneပါရင် မင်းက အဲ့ဇာတ်လမ်းကို မရိုက်ဘူးပေါ့?"

"ဟင့်အင်း...ကျွန်တော် ကြည့်ကြည့်ဦးမယ်"

"မင်းကိုယ်တိုင် သူနဲ့သွားတွေ့ပြီး စကားပြောကြည့်လိုက်။ ဒါရိုက်တာက မင်းကို တွေ့ချင်နေတယ်"

..........

နောက်နှစ်ရက်နေတော့ ရှရှင်းချန် ဟောကျန်းဆီ သွားတွေ့လိုက်သည်။ ဟွမ်းကျီစင်းက သူနှင့်အတူ ဟောကျန်းတစ်ယောက်ထည်းထိုင်နေသည့် သီးသန့်ခန်းစီအထိ အဖော်လိုက်ပေးသည်။

ဒါက ရှရှင်းချန်အတွက် ဟောကျန်းနှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး ဒီလို နာမည်ကြီး ဒါရိုက်တာမျိုးနှင့် အလုပ်တွဲလုပ်ခွင့်ရတာလည်း ပထမဆုံးအကြိမ်ဖြစ်၏။ ဟောကျန်းရှေ့ရောက်တာနှင့် ခြေတွေလက်တွေတုန်လို့နေသည်၊ သူ ကိုယ်ကို အနည်းငယ်ကိုင်းကာ ဟောကျန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဟောကျန်းက အသက်လေးဆယ်စွန်းစွန်း၊ အိမ်ထောင်မကျသေးတဲ့လူပျိုကြီး၊ လူက သေးညှပ်ညှပ်ကို မေးချွန်ချွန်မှာ မုတ်ဆိတ်မွေးက ထားထားသေးသည်။

သူတို့ တအောင့်လောက် ပေါ့ပေါ့ပါးပါးပဲ စကားပြောဖြစ်ကြသည်။ ဟောကျန်းက သူ အိမ်မှာနေဖြစ်တဲ့တစ်လျှောက် ရှရှင်းချန် သရုပ်ဆောင်ထားသည့် idol dramaကို သူ့အမေနှင့်အတူထိုင်ကြည့်ရင်း အပိုင်းတော်တော်များများ ကြည့်ဖြစ်ထားကြောင်းပြောလာသည်။

ရှရှင်းချန် ရုတ်တရက်ကြီး အနည်းလေး ရှက်သလိုလိုဖြစ်လာပြီး သူ့ဟာသူတောင် သတိမထားမိဘဲ ဘောင်းဘီကို လက်ဖဝါးဖြင့် ပွတ်နေမိသည်။

ဟောကျန်းက သူ့လက်ကြားထဲက စီးကရက်ကိုမီးညှိလိုက်ပြီး ရှရှင်းချန်ဘက်ကို လက်ဝှေ့ယမ်း ထိုးပြကာ

"အရမ်းကောင်းတယ်၊ အတည်ပြောတာ"

"ကျေးဇူးပါ ဒါရိုက်တာဟော" ရှရှင်းချန် အသံလုံးလုံးထွေးထွေးနှင့်ပြောကာ "ကျွန်တော် ဒီ့ထက် အများကြီးကြိုးစားရဦးမှာပါ အများကြီးလိုအပ်နေပါသေးတယ်ဗျ"

ဟောကျန်းက ဆေးလိပ် တစ်ချက်ဖွာလိုက်ပြီး ပါးစပ်ကနေ ဆေးလိပ်ငွေ့ကို ဖြည်းဖြည်းချင်းထုတ်ကာ

"ငါ ရိုက်မဲ့ နောက်ရုပ်ရှင်အတွက် ငါ့မိတ်ဆွေတစ်ယောက်ရေးတဲ့ ဝတ္ထုကို ရိုက်ချင်တာ၊ ဇာတ်ညွှန်းရေးမဲ့လူရှာနေတုန်းပဲ။ အဲ့တာပြီးသွားပြီဆို မင်း အရင် ဖတ်ကြည့်လို့ရတယ်"

ရှရှင်းချန် မအောင့်အီးနိုင်တော့ဘဲ လွန်ခဲ့တဲ့နှစ်ရက်လုံး သူ့ကိုစိတ်အနှောင့်အယှက်ပေးနေသည့် မေးခွန်းကို မေးလိုက်သည်

"ဘာလိုကြောင့် ကျွန်တော့်ကို တွေးမိတာလဲ?"

ဟောကျန်းက သူ့ကို ကြည့်ကာ

"မင်းက အဲ့ဇာတ်ကောင်နဲ့ နည်းနည်းဆင်တယ်လို့ ထင်မိရုံပဲ"

ရှရှင်းချန် ချက်ချင်း သဘောပေါက်လိုက်သည်။ သူ့ခေါင်းထဲမှာ အတွေးတွေ အများကြီး ပလုံစီအောင်ထွက်လာသေးပေမဲ့ မေးဖို့ကျ သိပ်အဆင်မပြေတော့။

အဲ့အချိန် ဟွမ်းကျီစင်းက သူ့ဆီဖုန်းကောဝင်လာတာကြောင့် အပြင်သို့ ထထွက်သွားသည်။ သူ ထွက်သွားပြီး သိပ်မကြာ၊ ရှရှင်းချန်က သီးသန့်ခန်းထဲမှ ပြန်ထွက်လာနှင့်နေပြီ။

ဟွမ်းကျီစင်း အနည်းလေး အံ့ဩသွားသည်

"မင်း ပြီးနေပြီလား?"

ရှရှင်းချန် ဟွမ်းကျီစင်းနား လျှောက်သွားပြီး သူ့ပခုံးကိုကိုင်လှုပ်ကာ

"ကျွန်တော် ဒီဇာတ်ကောင်နေရာမှာ ဝင်သရုပ်ဆောင်မယ်"

ဟွမ်းကျီစင်း အနောက်ဘက်ကို တစ်ချက်ကြည့်လိုက်တော့ သီးသန့်ခန်းတံခါးက ပိတ်လို့နေဆဲ၊ ဟောကျန်း အခန်းထဲက ထွက်မလာသေး။ သူ့ပါးစပ်သူ ဓာတ်လှေကားဆီသွားတဲ့တစ်လျှောက် မနည်းထိန်းထားလိုက်ပြီး ဓာတ်လှေကားထဲဝင်ပြီးလို့ ဓာတ်လှေကားတံခါးပိတ်သွားခါမှ တန်းမေးတော့သည်

"မင်း အခု ဘယ်လိုဇာတ်လမ်းမှာ သရုပ်ဆောင်ရမှာလဲဆိုတာ သိရဲ့လား? မင်း သေချာရောတွေးကြည့်ကြည့်ရဲ့လား?"

ရှရှင်းချန် သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲက နေကာမျက်မှန်ကို ထုတ်တပ်ကာ အရောင်တောက်နေတဲ့ သူ့မျက်ဝန်းတို့ကို ကာလိုက်တော့ ကြည့်ကောင်းလှသည့် မေးကျောထင်းထင်းသာ ပေါ်နေတော့သည်

"အိပ်ရာပေါ်ကအခန်းတွေက အသေအချာရိုက်ပြမှာမျိုးမဟုတ်ဘူး"

ဟွမ်းကျီစင်းက မျက်မှောင်ကြုတ်ကာ

"ငါတို့ အဲ့အကြောင်းထည့်မတွေးတောင် ဒီလိုဇာတ်လမ်းမျိုးက ဒီနိုင်ငံမှာ ရုံတင်ထုတ်လွှင့်လို့ရသေးတာမှမဟုတ်တာ၊ ဟောကျန်းက ဒီလောက်နာမည်ကြီးပြီး လူကြိုက်များတဲ့ဟာမှာ ပြန်လာမဲ့ဝေဖန်မှုတွေကြား မင်းအတွက်နစ်နာပြီး ပေးဆပ်ရတာနဲ့မတန်တာမျိုးတွေဖြစ်လာမှာဆိုးတယ်။ ရုပ်ရှင်က ပထမနှစ်ဝက်အတွင်းမှာရိုက်မှာတဲ့"

"ဒါပေမဲ့ ဒါက ဟောကျန်းလေ...ဟုတ်တယ်ဟုတ်?"

ဟွမ်းကျီစင်း လက်လှမ်းပြီး ရှရှင်းချန် ပခုံးကို အားဖြင့်ဖိကိုင်ကာ

"ဟောကျန်းမှန်း ငါသိတယ်။ သူမဟုတ်ဘဲ အခြားလူသာဆို ငါ ဒီကိစ္စကြားတဲ့အချိန် မင်းကို အသိတောင်ပေးမှာမဟုတ်ဘူး၊ ဒါပေမဲ့ကွာ မင်း နည်းနည်းလောက်ဖြစ်ဖြစ် ထပ်ပြီးတွေးကြည့်ကြည့်..."

"ပြီးတော့ ယန်ယိုမင်" ရှရှင်းချန် သူ့စကားကို ဖြတ်ပြောလိုက်သည်။

ဟွမ်းကျီစင်း တောင့်ခဲသွားတော့သည်။ ရှရှင်းချန်ပခုံးကို ကိုင်လို့ထားသည့်လက်တို့မှာ လုံးဝအားမရှိတော့

"မင်းဘာပြောလိုက်တယ်?"

ရှရှင်းချန်မျက်လုံးတွေကို သူ့နေကာမျက်မှန်က ကွယ်လို့ထားသည်။ သူ ဟွမ်းကျီစင်းကို ခေါင်းညိတ်ပြလိုက်သည်။

"အားယိုး! F**k!" ဟွမ်းကျီစင်း သူ့လက်ကို ရှရှင်းချန်ပခုံးပေါ်ကနေ ဖယ်လိုက်ပြီး ရှရှင်းချန်ရှေ့ကို သူ့လက်မောင်းထိုးပြကာ

"မင်းမြင်လား? ငါ ကြက်သီးတွေထနေပြီ၊ ယန်ယိုမင်နဲ့? အတည်?"

"အင်း ယန်ယိုမင်နဲ့တဲ့၊ ကျွန်တော် ဒီဇာတ်ကောင်ကို ယူလိုက်သင့်တယ်လို့ မထင်ဘူးလား?"

ရှရှင်းချန်အသံက စိတ်လှုပ်ရှားမှုတို့ အနည်းငယ် ရောယှက်ပေါ်လွင်လို့နေသည်။

ဟွမ်းကျီစင်းက တအောင့်ကြာလောက်ထိ ဘာစကားတစ်လုံးမှမပြော။ အောက်ဆုံးထပ်ရောက်လို့ ဓာတ်လှေကားရပ်သွားတော့မှာ သက်ပြင်းချသလို အသက်ရှုထုတ်ကာ

"မင်း ကုတင်ပေါ်ကအခန်းတွေ သရုပ်ဆောင်ရရင်တောင် ယန်ယိုမင်နဲ့လေ...တန်နေပြီ"

Arthur's Audrey

14.2.2020 // 1:07 PM

.......................




[Zawgyi]


ဒီေန႔လိုအေနအထားမ်ိဳးထိျဖစ္လာခဲ့မယ္ဆိုတာကို အစကတည္းကသာ သိခဲ့ရင္ ရႈရွင္းခ်န္ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ျဖစ္ခဲ့မွာမဟုတ္....

.

.

ရႈရွင္းခ်န္ဆိုတာ အသက္ ႏွစ္ဆယ့္ေလးႏွစ္အ႐ြယ္ သ႐ုပ္ေဆာင္တစ္ေယာက္၊ ဆယ့္ရွစ္ႏွစ္ထဲက ႐ုပ္ရွင္ေလာကကို စတင္ေျခခ်ခဲ့တာ အခုဆို အႏုပညာသက္တမ္း ေျခာက္ႏွစ္ရွိသြားခဲ့ၿပီ။ ျဖတ္သန္းခဲ့ၿပီးတဲ့ ေျခာက္ႏွစ္တာလုံး သူ ေလွ်ာက္လွမ္းေနတဲ့ အႏုပညာလမ္းေၾကာင္းမွာ သူ႔အား ေျခလွမ္းယိမ္းယိုင္ေစမည့္ ေလႏုၾကမ္းေလး တစ္ခ်က္ေတာင္ ေဝ့တိုက္ခဲ့ျခင္းမရွိ၊ ေအာင္ျမင္မႈက အတိုင္းအတာတစ္ခုထိ အဆင္ေျပေျပေလးရွိေနသည္။ ႐ိုက္စရာမရွိလို႔ ငုတ္တုတ္ထိုင္ေနရတယ္ဆိုတာမ်ိဳးေတြမရွိ။

ဟုန္းဟုန္းေတာက္ နာမည္ေက်ာ္သြားတာမ်ိဳးေတာ့မဟုတ္ေပမည့္ သူ ႐ိုက္ကူးခဲ့သည့္ TVဇာတ္လမ္းတြဲႏွစ္ခုမွာ ဆက္တိုက္ လူႀကိဳက္မ်ား နာမည္ႀကီးသြားတာကေနတဆင့္ ပရိတ္သတ္အေျမာက္အမ်ား ရရွိခဲ့သည္။ေနာက္ပိုင္း လာကမ္းလွမ္းသည့္ ဇာတ္ေကာင္တိုင္းက idol dramaေတြအတြက္ အမ်ိဳးသားဇာတ္ေကာင္ေနရာေတြၾကည့္ၿပီး သူ ဒီidol dramaဘက္ကိုဘဲ ဆက္သြားရမလားလို႔စဥ္းစားေနစဥ္ သူ႔ ေအးဂ်န္႔ ဟြမ္းက်ီစင္းဆီကေန ဖုန္းဝင္လာၿပီး ဒါ႐ိုက္တာ ေဟာက်န္း႐ိုက္ကူးမည့္ ႐ုပ္ရွင္မွာ ပါဝင္ဖို႔ စိတ္ဝင္စားလားဟု ေမးလာသည္။

ဖုန္းဝင္လာတဲ့အခ်ိန္မွာ ရွရွင္းခ်န္တစ္ေယာက္ သူ႔ရည္းစား ေရွာင္းယြီရဲ႕ ကုတင္ေပၚမွာ လွဲေနတာျဖစ္သည္။ သူ အျမန္ကုန္း႐ုန္းထထိုင္လိုက္ေတာ့ တစ္ကိုယ္လုံး အလုံၿခဳံထားသည့္ ဂြမ္းေစာင္က ခါးနားထိ ေလွ်ာက်ၿပီး ျဖဴေဖြးဝင္းမြတ္ေနသည့္ ဝမ္းဗိုက္က လွစ္ဟေပၚထြက္လာသည္။ သူ႔အသံကို တည္တည္ၿငိမ္ၿငိမ္ေလသံျဖစ္ေအာင္ ထိန္းကာေျပာလိုက္ေပမဲ့ အလြန္အံ့အားသင့္ေနသည့္အသံေပါက္ေနဆဲ

"ဘာရယ္?"

ေရွာင္းယြီက သူ႔ဘက္လွည့္လာၿပီး ေမးသည္ "ဘာတဲ့လဲ?"

ရွရွင္းခ်န္း ေရွာင္းယြီ႕ကို စကားမေျပာဖို႔ အသံမထြက္ဘဲ ေျခဟန္လက္ဟန္ျဖင့္ ဟန္႔လိုက္သည္။ေရွာင္းယြီက လက္ေျမႇာက္အရႈံးေပးတဲ့ပုံလုပ္ျပကာ ေခါင္းကို ရႈရွင္းခ်န္ ဖုန္းအနား တိုးကပ္လာၿပီး စပ္စုသည္။

ဖုန္းကိုင္ကိုင္ခ်င္းတုန္းကေတာ့ ရွရွင္းခ်န္အသံက အရမ္းစိတ္လႈပ္ရွားေနေပမဲ့ ေျပာေနရင္းႏွင့္ မ်က္ေမွာင္ၾကဳတ္သြားကာ သူ႔ဟာသူေတာင္ သတိမထားမိပါဘဲ လက္ညႇိဳးျဖင့္ ဂြမ္းေစာင္ေပၚမွာ စက္ဝိုင္းပုံဆြဲေနၿပီး ပါးစပ္ကလည္း "အင္း"တစ္လုံးသာ အႀကိမ္ႀကိမ္ ခြန္းတုံ႔ျပန္ေနသည္။

ဖုန္းခ်ၿပီးတဲ့အခါမွာေတာ့ ရွရွင္းခ်န္ အိပ္ရာေပၚ ဝုန္းကနဲ ပစ္လွဲခ်လိုက္သည္။ အိစက္ေနတဲ့ အိပ္ရာေပၚက ႏွင္းဆီပြင့္ဖက္တို႔မွာ ၾကမ္းျပင္ဆီသို႔ သက္ဆင္းသြားရေတာ့သည္။ ရွရွင္းခ်န္တစ္ေယာက္ မ်က္ႏွာက်က္ရွိ ဝါဖန္႔ဖန္႔မီးအလင္းကို ေငးစိုက္ၾကည့္ေနၿပီး လက္ထဲကဖုန္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္။

ေရွာင္းယြီက သူ႔နားကို တိုးကပ္လာၿပီး

"ဘာကိစၥလဲ? ေဟာခ်န္းက ကိုယ့္ကို ဇာတ္ေကာင္ေနရာအတြက္ ကမ္းလွမ္းတာလား?"

ရွရွင္းခ်န္ သူမဘက္ကို လွည့္ၾကည့္ကာ

"မင္း ၾကားလိုက္တယ္?"

"ကို ေဟာက်န္းလို႔ေျပာလိုက္လို႔သာ အဲ့တစ္လုံးၾကားတာပါ" ေရွာင္းယြီမွာ ယုံၾကည္ဖို႔ အေတာ္ေလးခက္ခဲေနသည္။ "သူ ဟုတ္ရဲ႕လား? ဘယ္လိုကေန ကို သူနဲ႔ ဒီလိုမ်ိဳးထိ အဆက္အသြယ္ရွိသြားတာလဲ?"

ရွရွင္းခ်န္ရဲ႕ လက္ရွိ အေနအထားအရ ေဟာက်န္းလို နာမည္ႀကီးဒါ႐ိုက္တာအနား ဘယ္လိုမွ မကပ္ႏိုင္။ရွရွင္းခ်န္ျပန္မေျဖ၊ စိတ္မသက္မသာႏွင့္ ႏွစ္ေခါက္ေလာက္ ေငါက္ခနဲ ထထထိုင္ၿပီး အဆုံးမွာေတာ့ သူ ေစာင္ကို လွပ္ဖယ္ကာ အိပ္ရာေပၚက ဆင္းလိုက္သည္။

ေရွာင္းယြီက ထထိုင္ကာ

"ကို၊ ဒီေလာက္ေနာက္က်ႀကီးမွ ျပန္မလို႔လား?"

အိပ္ရာေဘးမွာ မတ္တပ္ရပ္ေနတဲ့ ရွရွင္းခ်န္ကိုယ္မွာ ဗလာက်င္းလ်က္...ပခုံးကက်ယ္က်ယ္ ခါးကသြယ္သြယ္၊ ခႏၶာကိုယ္က ႂကြက္သားေရးေရးႏွင့္ က်စ္က်စ္လ်စ္လ်စ္ရွိၿပီး ေပါင္သလုံးေတြကလည္း ေျဖာင့္စင္းတုတ္ခိုင္လို႔။ ငယ္ဂုဏ္ေဆာင္တဲ့ သူမ်က္ႏွာေလးႏွင့္ တြဲဖက္လိုက္ပါေတာ့ တစ္ကိုယ္လုံးက ဒီ အႏုပညာေလာကမွာ သူ႔ရဲ႕အရင္းအနီးေတြပင္။

ရွရွင္းခ်န္ အဝတ္ဝတ္ေနတဲ့အခ်ိန္ ေရွာင္းယြီ႕စိတ္ထဲ သူတို႔ေတြ လမ္းခြဲရေတာ့မယ္ဆိုသည့္ခံစားခ်က္ ႐ုတ္တရက္ ဝင္လာသည္။

ရွရွင္းခ်န္ဆိုတာ ေျပာပေလာက္စရာ ျပစ္ခ်က္တစ္ကြက္မရွိေပမဲ့ relationship ကို အတည္တက်မတြဲတဲ့လူမ်ိဳး၊ သူ ရည္းစားေျပာင္းထားတာ ပြဲဦးထြက္ကေန အခုထိဆို ငါးေယာက္ ေျခာက္ေယာက္ရွိၿပီ၊ အကုန္လုံးက ငယ္ငယ္ေခ်ာေခ်ာ တက္သစ္စေလးေတြၾကည့္။

ေရွာင္းယြီ သူႏွင့္တြဲေနတာ တစ္ႏွစ္နီးနီးရွိၿပီ။ တြဲတာၾကာလာေလ ႏွစ္ေယာက္သား အဆက္အသြယ္လုပ္တာ ရွားလာသည္။ တစ္ေလာကဆို ရွရွင္းခ်န္ ႐ိုက္ကူးေရးအတြက္ အေတာ္ၾကာၾကာ ခရီးထြက္ရတဲ့တစ္ေလွ်ာက္မွာ ဆယ္ရက္တိတိအဆက္အသြယ္မလုပ္ျဖစ္တဲ့အျပင္ သူမဆီ ဖုန္းေခၚဖို႔ေတာင္ လုံးဝအေတြးမရွိ။ရွရွင္းခ်န္ အဝတ္အစားဝတ္ၿပီးေနာက္ ကိုယ္ကိုကိုင္းကာ သူမပါးကို နမ္းၿပီး

"ကိုယ္ သြားေတာ့မယ္"

ေရွာင္းယြီက လက္ျပကာ

"တာ့တာ"

ရွရွင္းခ်န္ သူ႔ကုတ္အက်ႌကို ဆြဲယူၿပီး အေနာက္ကိုတစ္ခ်က္လွည့္မၾကည့္ဘဲ အခန္းအျပင္ဆီသို႔ ထြက္သြားေတာ့သည္။ သူ တံခါးကို ေဆာင့္ပိတ္လိုက္ေတာ့ သူ႔လက္ေတြ တုန္ယင္လို႔ေနတာကို သတိထားမိလိုက္သည္။

ေကာ္ရစ္ဒါတစ္ေလွ်ာက္ မီးအလင္းေရာင္မွာမွိန္ျပျပ...သူ ဓာတ္ေလွကားဝထိေရာက္တဲ့အထိ ေျခလွမ္းက်ဲက်ဲႏွင့္ ကမူးရႉးဒိုးေလွ်ာက္သြားၿပီး ဓာတ္ေလွကားခလုတ္ကို အႀကိမ္ႀကိမ္ ႏွိပ္ကာ ဓာတ္ေလွကားပြင့္လာဖို႔ ေစာင့္ေနရတဲ့ခဏေလးမွာကို ေယာက္ယက္ေတြခက္ေနသည္။

ေဟာက်န္း...ေဟာက်န္းကို မသိတဲ့လူရွိမလား? ဒီဒါ႐ိုက္တာက ႏိုင္ငံတကာက ႐ုပ္ရွင္ထူးခြၽန္ဆုေတြ အေျမာက္အျမား ပိုင္ဆိုင္ထားတာ၊ မႏွစ္ကဆို သူ႐ိုက္ကူးတဲ့ ႐ုပ္ရွင္က ျပည္တြင္း box officeမွာ နံပါတ္တစ္ခ်ိတ္ၿပီး ဇာတ္ေဆာင္ေတြအကုန္လုံးလည္း ႐ုပ္ရွင္ပြဲေတာ္မွာ အသီးသီး ဆုရၾကသည္။

အိပ္မက္ထဲထည့္မက္ဖို႔ေတာင္ မျဖစ္ႏိုင္တဲ့ဟာ....ေဟာက်န္းက သူ႐ိုက္မဲ့႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ဖို႔ ငါ့ကို ကမ္းလွမ္းလာမယ္လို႔ ေတြးေတာင္မေတြးရဲခဲ့တာ...

ရွရွင္းခ်န္ ဓာတ္ေလွကားထဲ လွမ္းဝင္လိုက္တဲ့အခ်ိန္ ဓာတ္ေလွကား အတြင္းနံရံမွာ ေရာင္ျပန္ဟပ္ေနသည့္ သူ႔မ်က္ႏွာပုံရိပ္ကိုျမင္ၿပီး ေနာက္ဆုံးေတာ့ စိတ္ကို တည္ၿငိမ္ေအာင္ အနည္းေလး ျပန္ထိန္းႏိုင္လိုက္သည္။

သူ အိတ္ကပ္ထဲက ဖုန္းကိုထုတ္ၿပီး ဟြမ္းက်ီစင္းဆီ ဖုန္းျပန္ေခၚလိုက္သည္။ တစ္ဖက္က ဖုန္းကိုင္လာတာႏွင့္ ခ်က္ခ်င္း အသည္းအသန္ ေမးေတာ့သည္

"အစ္ကိုေျပာတာ ေဟာက်န္းက ကြၽန္ေတာ့္ကို BLကားမွာ ဝင္သ႐ုပ္ေဆာင္ေစခ်င္တယ္...သူ စဥ္းစားထားတဲ့ တစ္ဖက္ သ႐ုပ္ေဆာင္ကေရာ ဘယ္သူတဲ့လဲ?"

"ငါ မသိဘူး။ ေဟာက်န္းက အဲ့တာနဲ႔ပတ္သက္လို႔ ဘာမွမေျပာဘူး"

ရွရွင္းခ်န္ ေနာက္တစ္ခြန္းထပ္ေမးလိုက္သည္

"အိပ္ရာေပၚကcutေတြေရာပါလား?" ေမးၿပီးမွ အသံကိုႏွိမ့္ကာ တြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ "အဲ့တာထည့္ဖို႔ကေတာ့ မျဖစ္ႏိုင္ဘူးေလ၊ ဟုတ္တယ္မလား?"

ဟြမ္းက်ီစင္းက ရယ္ကာ

"ေဟာက်န္း႐ိုက္မဲ့႐ုပ္ရွင္မွာ အိပ္ရာေပၚက sceneပါရင္ မင္းက အဲ့ဇာတ္လမ္းကို မ႐ိုက္ဘူးေပါ့?"

"ဟင့္အင္း...ကြၽန္ေတာ္ ၾကည့္ၾကည့္ဦးမယ္"

"မင္းကိုယ္တိုင္ သူနဲ႔သြားေတြ႕ၿပီး စကားေျပာၾကည့္လိုက္။ ဒါ႐ိုက္တာက မင္းကို ေတြ႕ခ်င္ေနတယ္"

..........

ေနာက္ႏွစ္ရက္ေနေတာ့ ရွရွင္းခ်န္ ေဟာက်န္းဆီ သြားေတြ႕လိုက္သည္။ ဟြမ္းက်ီစင္းက သူႏွင့္အတူ ေဟာက်န္းတစ္ေယာက္ထည္းထိုင္ေနသည့္ သီးသန္႔ခန္းစီအထိ အေဖာ္လိုက္ေပးသည္။ဒါက ရွရွင္းခ်န္အတြက္ ေဟာက်န္းႏွင့္ ပထမဆုံးေတြ႕ဆုံျခင္းျဖစ္ၿပီး ဒီလို နာမည္ႀကီး ဒါ႐ိုက္တာမ်ိဳးႏွင့္ အလုပ္တြဲလုပ္ခြင့္ရတာလည္း ပထမဆုံးအႀကိမ္ျဖစ္၏။ ေဟာက်န္းေရွ႕ေရာက္တာႏွင့္ ေျခေတြလက္ေတြတုန္လို႔ေနသည္၊ သူ ကိုယ္ကို အနည္းငယ္ကိုင္းကာ ေဟာက်န္းႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္သည္။

ေဟာက်န္းက အသက္ေလးဆယ္စြန္းစြန္း၊ အိမ္ေထာင္မက်ေသးတဲ့လူပ်ိဳႀကီး၊ လူက ေသးညႇပ္ညႇပ္ကို ေမးခြၽန္ခြၽန္မွာ မုတ္ဆိတ္ေမြးက ထားထားေသးသည္။

သူတို႔ တေအာင့္ေလာက္ ေပါ့ေပါ့ပါးပါးပဲ စကားေျပာျဖစ္ၾကသည္။ ေဟာက်န္းက သူ အိမ္မွာေနျဖစ္တဲ့တစ္ေလွ်ာက္ ရွရွင္းခ်န္ သ႐ုပ္ေဆာင္ထားသည့္ idol dramaကို သူ႔အေမႏွင့္အတူထိုင္ၾကည့္ရင္း အပိုင္းေတာ္ေတာ္မ်ားမ်ား ၾကည့္ျဖစ္ထားေၾကာင္းေျပာလာသည္။ရွရွင္းခ်န္ ႐ုတ္တရက္ႀကီး အနည္းေလး ရွက္သလိုလိုျဖစ္လာၿပီး သူ႔ဟာသူေတာင္ သတိမထားမိဘဲ ေဘာင္းဘီကို လက္ဖဝါးျဖင့္ ပြတ္ေနမိသည္။

ေဟာက်န္းက သူ႔လက္ၾကားထဲက စီးကရက္ကိုမီးညႇိလိုက္ၿပီး ရွရွင္းခ်န္ဘက္ကို လက္ေဝွ႔ယမ္း ထိုးျပကာ

"အရမ္းေကာင္းတယ္၊ အတည္ေျပာတာ"

"ေက်းဇူးပါ ဒါ႐ိုက္တာေဟာ" ရွရွင္းခ်န္ အသံလုံးလုံးေထြးေထြးႏွင့္ေျပာကာ "ကြၽန္ေတာ္ ဒီ့ထက္ အမ်ားႀကီးႀကိဳးစားရဦးမွာပါ အမ်ားႀကီးလိုအပ္ေနပါေသးတယ္ဗ်"

ေဟာက်န္းက ေဆးလိပ္ တစ္ခ်က္ဖြာလိုက္ၿပီး ပါးစပ္ကေန ေဆးလိပ္ေငြ႕ကို ျဖည္းျဖည္းခ်င္းထုတ္ကာ

"ငါ ႐ိုက္မဲ့ ေနာက္႐ုပ္ရွင္အတြက္ ငါ့မိတ္ေဆြတစ္ေယာက္ေရးတဲ့ ဝတၳဳကို ႐ိုက္ခ်င္တာ၊ ဇာတ္ၫႊန္းေရးမဲ့လူရွာေနတုန္းပဲ။ အဲ့တာၿပီးသြားၿပီဆို မင္း အရင္ ဖတ္ၾကည့္လို႔ရတယ္"ရွရွင္းခ်န္ မေအာင့္အီးႏိုင္ေတာ့ဘဲ လြန္ခဲ့တဲ့ႏွစ္ရက္လုံး သူ႔ကိုစိတ္အေႏွာင့္အယွက္ေပးေနသည့္ ေမးခြန္းကို ေမးလိုက္သည္

"ဘာလိုေၾကာင့္ ကြၽန္ေတာ့္ကို ေတြးမိတာလဲ?"

ေဟာက်န္းက သူ႔ကို ၾကည့္ကာ

"မင္းက အဲ့ဇာတ္ေကာင္နဲ႔ နည္းနည္းဆင္တယ္လို႔ ထင္မိ႐ုံပဲ"

ရွရွင္းခ်န္ ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။ သူ႔ေခါင္းထဲမွာ အေတြးေတြ အမ်ားႀကီး ပလုံစီေအာင္ထြက္လာေသးေပမဲ့ ေမးဖို႔က် သိပ္အဆင္မေျပေတာ့။

အဲ့အခ်ိန္ ဟြမ္းက်ီစင္းက သူ႔ဆီဖုန္းေကာဝင္လာတာေၾကာင့္ အျပင္သို႔ ထထြက္သြားသည္။ သူ ထြက္သြားၿပီး သိပ္မၾကာ၊ ရွရွင္းခ်န္က သီးသန္႔ခန္းထဲမွ ျပန္ထြက္လာႏွင့္ေနၿပီ။

ဟြမ္းက်ီစင္း အနည္းေလး အံ့ဩသြားသည္

"မင္း ၿပီးေနၿပီလား?"

ရွရွင္းခ်န္ ဟြမ္းက်ီစင္းနား ေလွ်ာက္သြားၿပီး သူ႔ပခုံးကိုကိုင္လႈပ္ကာ

"ကြၽန္ေတာ္ ဒီဇာတ္ေကာင္ေနရာမွာ ဝင္သ႐ုပ္ေဆာင္မယ္"

ဟြမ္းက်ီစင္း အေနာက္ဘက္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သီးသန္႔ခန္းတံခါးက ပိတ္လို႔ေနဆဲ၊ ေဟာက်န္း အခန္းထဲက ထြက္မလာေသး။ သူ႔ပါးစပ္သူ ဓာတ္ေလွကားဆီသြားတဲ့တစ္ေလွ်ာက္ မနည္းထိန္းထားလိုက္ၿပီး ဓာတ္ေလွကားထဲဝင္ၿပီးလို႔ ဓာတ္ေလွကားတံခါးပိတ္သြားခါမွ တန္းေမးေတာ့သည္"မင္း အခု ဘယ္လိုဇာတ္လမ္းမွာ သ႐ုပ္ေဆာင္ရမွာလဲဆိုတာ သိရဲ႕လား? မင္း ေသခ်ာေရာေတြးၾကည့္ၾကည့္ရဲ႕လား?"

ရွရွင္းခ်န္ သူ႔ကုတ္အက်ႌအိတ္ကပ္ထဲက ေနကာမ်က္မွန္ကို ထုတ္တပ္ကာ အေရာင္ေတာက္ေနတဲ့ သူ႔မ်က္ဝန္းတို႔ကို ကာလိုက္ေတာ့ ၾကည့္ေကာင္းလွသည့္ ေမးေက်ာထင္းထင္းသာ ေပၚေနေတာ့သည္

"အိပ္ရာေပၚကအခန္းေတြက အေသအခ်ာ႐ိုက္ျပမွာမ်ိဳးမဟုတ္ဘူး"

ဟြမ္းက်ီစင္းက မ်က္ေမွာင္ၾကဳတ္ကာ

"ငါတို႔ အဲ့အေၾကာင္းထည့္မေတြးေတာင္ ဒီလိုဇာတ္လမ္းမ်ိဳးက ဒီႏိုင္ငံမွာ ႐ုံတင္ထုတ္လႊင့္လို႔ရေသးတာမွမဟုတ္တာ၊ ေဟာက်န္းက ဒီေလာက္နာမည္ႀကီးၿပီး လူႀကိဳက္မ်ားတဲ့ဟာမွာ ျပန္လာမဲ့ေဝဖန္မႈေတြၾကား မင္းအတြက္နစ္နာၿပီး ေပးဆပ္ရတာနဲ႔မတန္တာမ်ိဳးေတြျဖစ္လာမွာဆိုးတယ္။ ႐ုပ္ရွင္က ပထမႏွစ္ဝက္အတြင္းမွာ႐ိုက္မွာတဲ့"

"ဒါေပမဲ့ ဒါက ေဟာက်န္းေလ...ဟုတ္တယ္ဟုတ္?"

ဟြမ္းက်ီစင္း လက္လွမ္းၿပီး ရွရွင္းခ်န္ ပခုံးကို အားျဖင့္ဖိကိုင္ကာ

"ေဟာက်န္းမွန္း ငါသိတယ္။ သူမဟုတ္ဘဲ အျခားလူသာဆို ငါ ဒီကိစၥၾကားတဲ့အခ်ိန္ မင္းကို အသိေတာင္ေပးမွာမဟုတ္ဘူး၊ ဒါေပမဲ့ကြာ မင္း နည္းနည္းေလာက္ျဖစ္ျဖစ္ ထပ္ၿပီးေတြးၾကည့္ၾကည့္..."

"ၿပီးေတာ့ ယန္ယိုမင္" ရွရွင္းခ်န္ သူ႔စကားကို ျဖတ္ေျပာလိုက္သည္။

ဟြမ္းက်ီစင္း ေတာင့္ခဲသြားေတာ့သည္။ ရွရွင္းခ်န္ပခုံးကို ကိုင္လို႔ထားသည့္လက္တို႔မွာ လုံးဝအားမရွိေတာ့

"မင္းဘာေျပာလိုက္တယ္?"

ရွရွင္းခ်န္မ်က္လုံးေတြကို သူ႔ေနကာမ်က္မွန္က ကြယ္လို႔ထားသည္။ သူ ဟြမ္းက်ီစင္းကို ေခါင္းညိတ္ျပလိုက္သည္။

"အားယိုး! F**k!" ဟြမ္းက်ီစင္း သူ႔လက္ကို ရွရွင္းခ်န္ပခုံးေပၚကေန ဖယ္လိုက္ၿပီး ရွရွင္းခ်န္ေရွ႕ကို သူ႔လက္ေမာင္းထိုးျပကာ

"မင္းျမင္လား? ငါ ၾကက္သီးေတြထေနၿပီ၊ ယန္ယိုမင္နဲ႔? အတည္?"

"အင္း ယန္ယိုမင္နဲ႔တဲ့၊ ကြၽန္ေတာ္ ဒီဇာတ္ေကာင္ကို ယူလိုက္သင့္တယ္လို႔ မထင္ဘူးလား?"

ရွရွင္းခ်န္အသံက စိတ္လႈပ္ရွားမႈတို႔ အနည္းငယ္ ေရာယွက္ေပၚလြင္လို႔ေနသည္။

ဟြမ္းက်ီစင္းက တေအာင့္ၾကာေလာက္ထိ ဘာစကားတစ္လုံးမွမေျပာ။ ေအာက္ဆုံးထပ္ေရာက္လို႔ ဓာတ္ေလွကားရပ္သြားေတာ့မွာ သက္ျပင္းခ်သလို အသက္ရႈထုတ္ကာ

"မင္း ကုတင္ေပၚကအခန္းေတြ သ႐ုပ္ေဆာင္ရရင္ေတာင္ ယန္ယိုမင္နဲ႔ေလ...တန္ေနၿပီ"

Arthur's Audrey

14.2.2020 // 1:07 PM



Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...