အပိုင်း ၁၉၈

1.8K 177 1
                                    

God of Slaughter (chapter – 198)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၈) အန္တရာယ်ကိုနားလည်ခြင်း

ဆွဲငင်အားစက်ကွင်း လေးခုက မိစ္ဆာနယ်မြေသား ခြောက်ယောက်ကို တင်းကျပ်စွာ ချုပ်နှောင်ထားသည်။

ဆွဲငင်အားနယ်ပယ်၏ သက်ရောက်မှုအောက်တွင် သူတို့ ခန္ဓာကိုယ်ကြီးများက ဦးတည်ချက်မရှိပဲ လည်ပတ်နေပြီး ကြေးခွံနက်များ ဖုံးအုပ်နေသော သူတို့ ကိုယ်မှ ဖျိုးဖျိုးဖျစ်ဖျစ်အသံများ မြည်နေသည်။

ဆွဲငင်အားနယ်ပယ်သိုင်းပညာရပ်သည် မတူညီသော ခွန်အားနှစ်မျိုး၏ အကျိုးသက်ရောက်မှုဖြင့် အခြားတစ်ခုကို ဖိနှိပ်ခြင်းဖြစ်သည်။

မိစ္ဆာနယ်သားများ၏ ကိုယ်တွင်းမှ စွမ်းအင်ကိုလည်း အကျိုးသက်ရောက်ပါသည်။
သူတို့၏ စွမ်းအင်လည့်ပတ်မှုက နှေးကွေးသွားပြီးနောက် သူတို့၏ အမြင့်ဆုံး ခွန်အားကို ထုတ်မသုံးနိုင်ကြတော့ပါ။

သို့သော်လည်း ထို မိစ္ဆာတို့၏ အနက်ရောင်အကြေးခွံများမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
ဆွဲငင်အားစက်ကွင်း၏ သက်ရောက်မှုက သူတို့၏ အသွေးအသားများကို စုတ်ပြတ်မသွားစေနိုင်တော့ပါ။
ဒီ ကြေးခွံနက်မိစ္ဆာများ၏ အစွမ်းထက်မြက်မှုသည် ယခုအချိန်တွင် သိသာလာသည်။

ဟုချင်းမန်၏ အော်သံကြောင့် နတ်ဆိုးနယ်မြေထူးမှ သိုင်းသမားများသည် သတိပြန်ဝင်လာကြပြီး ထို မိစ္ဆာနယ်သားများထံသို့ ပြေးဝင်သွားကြလေသည်။

“အနားကပ်မသွားနဲ့…”
ထိုလူများ မိစ္ဆာနယ်မြေသားများထံသို့ ပြေးလွှားသွားသည်ကို မြင်ရသောအခါ ရှီယန်က လှမ်းအော်လိုက်ရ သည်။
“အဝေးကနေပဲ တိုက်ကြ ..မင်းတို့ အနားကပ်သွားရင် မင်းတို့ပါ ချုပ်နှောင်မိသွားလိမ့်မယ်…”

ဘာဒီနှင့် ကျန်လူများ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြပြီး ချက်ခြင်းပင် ကိုယ်ရှိန်သတ်လိုက်ကြသည်။
အန္တရာယ်ကင်းသော အကွာအဝေးကို မှန်းဆကာ နေရာပြန်ယူလိုက်ကြပြီးနောက် သူတို့၏ အဝေးရောက်တိုက်ကွက်များကို ဖော်ထုတ်ကာ မိစ္ဆာနယ်သားများအား စိတ်တိုင်းကျ တိုက်ခိုက်နေကြလေတော့သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Hikayelerin yaşadığı yer. Şimdi keşfedin