အပိုင်း ၁၉

3.2K 303 0
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chaptrer (19)
God of Slaughter

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉) ကျောက်ခန္ဓာ သိုင်းဝိဥာဉ်

     အလွန်တရာကြီးမားလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ခု လူဟာတို့မြင်ကွင်းထဲ ၀င်ရောက်လာသည်။သစ်ပင်ကြီးက ယောက်ျားကြီး ဆယ်ယောက်ဖက်စာမျှ ကြီးမားပြီး မီတာဒါဇင်များစွာ မြင့်မားလေ၏။အပင်အောက်သို့ရောက်လျှင် သစ်ရွက်များက ကောင်းကင်တစ်ခွင်လုံးဖုံးအုပ်ထားသကဲ့သို့ပင် အုံ့ဆိုင်းနေသည်။

လူဟာက သစ်ပင်အောက်တွင်ရပ်နားလိုက်ရင်း မြောင်ယီဒီးကို အသာအယာ လွှတ်လိုက်သည်။သစ်ပင်ကြီးကို ငေးကြည့်နေသောသူ့မျက်နှာက တစ်စုံတစ်ရာဆုံးဖြတ်ချက်ချရန် ခက်ခဲနေသကဲ့သို့ တွေဝေနေ၏။
ရွယ်စင်း ဒီယာလန်းနှင့် ဟူလုံတို့လဲ သစ်ပင်ကြီးအောက်ရောက်သောအခါ လူဟာ၏မျက်နှာကိုကြည့်ရင်း ပုံမှန်မဟုတ်မှန်း နားလည်လိုက်ကြသည်။

ရှီယန်ကတော့ သူတို့နောက်တွင်ဘာမှမပြောပဲ ရပ်ကြည့်နေသည်။ဤလမ်းခရီးအကြောင်းလဲသူဘာမှနားမလည်သောကြောင့် မျက်မှောင်ကြုံ့ရင်းသာ စောင့်ကြည့်နေသည်။

လူဟာက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း သူတို့ဖက်သို့ လှည့်လာသည်။ထို့နောက် လေသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
“ဒီ မိုးသစ်ပင်ကြီးရဲ့ ညာဘက်ကလမ်းကိုသွားရင် မိစ္ဆာသားရဲတွေ မရှိသလောက်ရှားတယ်…သိုင်းသမားအတော်များများနဲ့ ခရီးသွားတွေ ကုန်သည်တွေဟာ အမှောင်တောအုပ်ကြီးကိုဖြတ်သန်းဖို့ ဒီလမ်းကိုရွေးချယ်ကြတယ်…လမ်းကြောင်းက တော်တော်လေး စိတ်ချရတယ်…မတော်တဆ မိစ္ဆာသားရဲတွေနဲ့ တွေ့ကြရင်တောင် အဆင့်တစ် အဆင့်နှစ် သားရဲတွေလောက်ပဲရှိတယ်…ပြီးတော့ Merchant တိုင်းပြည်နဲ့လဲ ပိုနီးတယ်…ဆယ်ရက်နီးပါးလောက်ပဲ သွားရမယ်…”

ရွယ်စင်းတို့သုံးယောက် သဘောပေါက်ကြောင်းခေါင်းငြိမ့်ပြလိုက်ကြသည်။

ခတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လူဟာက လေးနက်သောအမူအယာဖြင့် ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ မိုးသစ်ပင်ကြီးရဲ့ ဘယ်ဖက်လမ်းကြောင်းကတော့ အခြေအနေတွေအားလုံး ပြောင်းပြန်ပဲ…Merchant တိုင်းပြည်နဲ့ ပိုဝေးရုံတင်မကဘူး…မိစ္ဆာသားရဲကြီးတွေနဲ့ ဘာကိုမှ မှုတဲ့ သိုင်းသမားတွေ စစ်သည်တော်တွေ တစ်အုပ်နဲ့တစ်အုပ် အမဲလိုက်နေတတ်ကြတယ်…ဒီလမ်းကြောင်းကိုရွေးတဲ့လူတွေက ကြမ်းတမ်းတဲ့လူတွေချည်းပဲဖြစ်တယ်...တစ်ချိန်လုံးအန္တရာယ်ကြားမှာ နေကြရတယ်…သူတို့တွေမှာ ဘာကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းမှမရှိဘူး…တကယ်လို့ ငါတို့ ဒီလမ်းကြောင်းကိုရွေးချယ်ရင် ငါတို့ရင်ဆိုင်ရမှာက မိစ္ဆာသားရဲကြီးတွေတင်မကဘူး အဲ့ဒီ စည်းကမ်းမဲ့ သိုင်းသမားတွေ စစ်သည်တော်တွေလည်းပါတယ်… အထူးသဖြင့် ဒီလို မိန်းမလှလေးနှစ်ယောက် ငါတို့ထဲမှာ ပါနေတဲ့အတွက်ပေါ့…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora