အပိုင်း ၆၆

2.4K 229 0
                                    

God of Slaughter (chapter - 66)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၆) မကြောက်ဘူး

ဒီနေ့က သိုင်းပြိုင်ပွဲ၏ လေးရက်မြောက်နေ့ဖြစ်သည်။

ဒီနေ့တွင် ပြိုင်ပွဲဝင်သိုင်းသမားများက ထိပ်ဆုံးသုံးနေရာအတွက် အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆင့်တိုင်းတွင် ထိပ်ဆုံးသုံးနေရာအတွက် ဆုလာဘ်များက မက်မောဖွယ်ကောင်းလှသည်။
အဆင့်မြင့် သိုင်းကျမ်းများ၊ လျှို့ဝှက်ရတနာများ၊ စွမ်းအင်လေ့ကျင့်ရေးအထောက်အကူများ။
ပထမသုံးနေရာအတွင်းဝင်လျှင် ဘယ်နည်းနဲ့မှ အကျိုးလက်မဲ့ ပြန်သွားစရာအကြောင်းမရှိ။
ထို့ပြင် ယခုအဆင့်သို့တက်ရောက်လာသူအများစုသည် မိသားစုကြီးများ၊ အင်အားကြီးအဖွဲ့အစည်းများ၏ မျက်စိကျခြင်းခံထားရပြီးဖြစ်လေသည်။

ထို လေးရက်မြောက် နံနက်တွင် အနိုင်ရရှိသူများအတွက် ချီးမြှင့်မည့်ဆုများကို အများမြင်သာစေရန် အစောင့်အရှောက်များနှင့်တကွ ပြသထားရှိသည်။

နောက်ဆုံးအဆင့်သို့ရောက်ရှိလာသောသိုင်းသမားများကလည်း သူတို့ အစွမ်းရှိသမျှ အားသွန်ခွန်စိုက် တိုက်ခိုက်လျှက်ရှိကြသည်။

နေ့လည်အချိန်သို့ရောက်ရှိလာချိန်တွင် သိုင်းပြိုင်ပွဲမှ အခြေခိုင်အဆင့် သိုင်းသမားနှစ်ယောက် သေဆုံးသွားပြီဖြစ်ပြီး လူသားအဆင့်သိုင်းသမားတစ်ယောက် ခြေထောက်ပြတ်သွားသည်။

သိုင်းပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းအရ တစ်ဖက်ဖက်က အရှုံးပေးလျှင် ဆက်တိုက်ခွင့်မရှိ။
အရမ်းလောဘမကြီးပဲ အခြေအနေမကောင်းလျှင် အရှုံးပေးလိုက်သောသူများကထိခိုက်သေဆုံးစရာအကြောင်းမရှိချေ။
သို့သော်လည်း အချို့က အရှုံးမပေးလိုကြပဲ ဇွတ်တိုးကြသောကြောင့် မလွှဲမရှောင်သာသော သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။

ရှီမိသားစု မျှော်စင်ပေါ်တွင်

ထောင့်တစ်ထောင့်တွင် ရှီဂျန်က ပြုံးရွှင်စွာ မတ်တပ်ရပ်နေပြီး ပြိုင်ပွဲကွင်းပြင်များကို ငုံ့ကြည့်နေသည်။မိုမိသားစုမျှော်စင်ကို တစ်ချက်တစ်ချက်လှမ်းကြည့်ချိန်တိုင်းတွင် မိုထူဝါး၏ မည်းမှောင်နေသောမျက်နှာကြီးကို တွေ့မြင်ရသည်မှာလဲ ရှီဂျန့်အတွက် အတော်အရသာရှိလေ၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now