အပိုင်း ၁၁၅

2.4K 244 6
                                    

God of Slaughter (chapter - 115)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၅) အကုန်သတ်ပစ်

ညနေစောင်းအချိန်

ကောင်းကင်က မှိန်ဖျော့နေကာ တိမ်ညိုများဖြင့် မှိုင်းနေပုံမှာ မုန်တိုင်းကျရောက်လတော့မည်ကဲ့သို့ပင်ဖြစ်သည်။

သွေးစိမ်းလင်းနို့များက ကောင်းကင်ထက်တွင် မျဉ်းတစ်ကြောင်းပမာ ပျံသန်းလာကြရာမှ တိအန်းမြို့တော်ထက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာကြသည်။

ဆယ်မိနစ်ခန့်ကြာသောအခါ သွေးစိမ်းလင်းနို့အုပ်စုက ရှီမိသားစုပိုင်နက် အိမ်ခြေရာခြေများအထက် ရောက်ရှိလာကြပြီဖြစ်၏။

နေရာအနှံ့တွင် အဝတ်စဖြူဖြူများကို ချိတ်ဆွဲထားသည်ကိုမြင်ရသောအခါ လေထုက စိတ်လက်လေးလံဖွယ်ကောင်းလာခဲ့သည်။

အခန်းအချို့ဆီမှ ထွက်ပေါ်လာသော အသုဘ တေးသွားများက ကြားရသူအပေါင်းကို စိတ်နှလုံး ညှိုးငယ်စေသည်။

သွေးစိမ်းလင်းနို့ပေါ်မှ ရှီယန်က တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
အတန်ကြာငုံ့ကြည့်နေပြီးနောက် ဒါ ဈာပနအခမ်းအနားတစ်ခု ကျင်းပနေကြောင်း သေချာသွားပြီဖြစ်သည်။

ဓလေ့ထုံးစံအတိုင်း ခင်းကျင်းထားသည်များကိုကြည့်ရသည်မှာ အရေးကြီးသောပုဂ္ဂိုလ်တစ်ဦးအတွက် ဖြစ်ပုံရ၏။

ရှီမိသားစု၏ ကွင်းပြင်တစ်ခုထဲတွင် ရှီမိသားစုဝင်များအားလုံး စုဝေးလျှက်ရှိကြပြီး စိတ်မကောင်းခြင်းကြီးစွာဖြင့် ရှိနေကြသည်။

ရှီတေး၏မျိုးဆက်များကတော့ ပူဆွေးဝမ်းနည်းခြင်းတွင် နစ်မြုပ်လျှက်ရှိကြသည်။

သွေးစိမ်းလင်းနို့က ခြံဝင်းအတွင်း ဆင်းသက်လာသောအခါ အားလုံးက အာရုံစိုက်မိသွားကြသည်။

ရှီယန်နှင့် ရှောင်ဟန်ရီတို့က ရှီဂျန့်ထံ တိုက်ရိုက် လှောက်လှမ်းသွားကြသည်။
ရှီယန်က
'' ဖိုးဖိုး... ဘာဖြစ်တာလဲ...''

''သခင်လေးယန် ... ဒုတိယသခင်ကြီး ဆုံးပြီ... မင်းအဖေလဲ ဒဏ်ရာအကြီးအကျယ်နဲ့ အခုထိ သတိမလည်သေးဘူးကွ..''
ဟန်ဇောင်က အံကြိတ်ထားရင်း နာကျင်ကြေကွဲစွာပြောသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Wo Geschichten leben. Entdecke jetzt