အပိုင်း ၁၄၃

1.9K 211 0
                                    

God of Slaughter (chapter – 143)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၄၃) အင်မော်တယ်ကျွန်း

“ပြန်လည်ဝင်စားခြင်းသိုင်းဝိဥာဉ်ကြီးဟ…”

ချင်ထူ၏ မျက်နှာအမူအယာကပြောင်းလဲသွားပြီးနောက် အံ့အားသင့်စွာဖြင့် ထအော်သည်။
အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဟိုးအဝေး မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသော ရှာစင်းယန်၏ ပုံရိပ်ကို သတိလက်လွတ်ငေးကြည့်နေမိကြလေသည်။

ဒုံဖန်ဟေးနှင့် ဂူကျင်းနီတို့၏ မျက်နှာများက ရှုံ့မဲ့နေကြပြီး ချူးရန်ချင်းကတော့ မျက်မှောင်ကြုံ့နေရင်းမှ မသိမသာ သက်ပြင်းချလိုက်မိသည်။စိတ်ဖိစီးမှုများ သက်သာလို့သက်သာငြားဟူ၍။

“ကျင်းနီ…ဒီမိန်းကလေးရဲ့ နောက်ကြောင်းက ဘာမှမဟုတ်ဖူးလို့ မင်းမပြောခဲ့ဘူးလား…”
ဒုံဖန်ဟေး၏ မျက်နှာက အေးစက်တင်းမာနေသည်။
သူက ဂူကျင်းနီးကို စူးစူးဝါးဝါးကြည့်ရင်း
“ကောင်းကွာ…သူက တကယ်တမ်းကျ ရှာမိသားစုကမိန်းကလေးဖြစ်နေပါရောလား…သူ ဒီမှာသေသွားရင်တောင် ကိစ္စမရှိသေးဘူး…အခုတော့ လွတ်သွားပြီ…သေချာပေါက် ရှာမိသားစုက ပြသနာရှာတော့မှာ….”

ချင်ထူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ရင်း သူ့မျက်နှာက ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
“ရှာမိသားစုတင်ကို တော်တော် ဆိုးလှပြီ…ဒါပေမဲ့ ယန်မိသားစုတဲ့…”

ယန်မိသားစုဟူသော နာမည်ကို သတိရလိုက်ကြသောအခါ အုပ်စုလေးခုမှလူအားလုံး၏မျက်နှာများက မဲပြာလို့သွားကြလေသည်။
သူတို့၏ ပုံစံများက ကြည့်ရဆိုးလောက်အောင် ပျက်ယွင်းလာကြသည်။

“မင်းတို့အားလုံး ယန်မိသားစုရဲ့ မောက်မာမှု အညှာအတာကင်းမဲ့မှုတွေအကြောင်း သိကြတယ်မဟုတ်လား…အရှေ့ပင်လယ်တစ်ခုလုံးမှာ တခြားလူတွေက သူတို့ကို သွားမရှုပ်ရင်တောင် ဒီလူလွန်မသားတွေက ပြသနာ ပတ်ရှာနေကြတာ…တစ်ယောက်ယောက်က သူတို့ကောင်တွေကို မတော်တဆ သွားရှုပ်မိလို့ကတော့ သူတို့လိုချင်နေတဲ့ အကြောင်းပြချက်ကို သွားပေးလိုက်တာနဲ့အတူတူပဲ…
ဒီကောင်တွေက မိသားစုလိုက်ကို သုတ်သင်ပစ်လိုက်ကြတာ…တစ်ယောက်မှ အရှင်မထားဘူး…ယန်မိသားစုကသာ ဒီကိစ္စအတွက် တကယ် ရပ်တည်မယ်ဆိုရင် ငါတို့ အင်အားစုလေးခုစလုံး စောက်ပြသနာတက်ပြီ….”
ချင်ထူက သက်ပြင်းသာတွင်တင်ချနေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now