အပိုင်း ၄၆

2.7K 229 0
                                    

God of Slaughter (chapter – 46)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၄၆) ဝေးဝေးက ငေးကြည့်

     လ၀က်ခန့်ကြာပြီးနောက် တိအန်းမြို့တော်တွင်…

ရှီယန်၊ ဟန်ဇောင်နှင့် ရှီမိသားစု သိုင်းသမားတစ်စုက လွတ်လပ်ပေါ့ပါးစွာဖြင့် မြို့ထဲသို့ ၀င်ရောက်လာကြသည်။
မြေနဂါးကြီးတစ်ကောင်က သူတို့ အသံမဲ့မြို့တော်မှ ၀ယ်လာသော ပစ္စည်းပစ္စယများကို တင်ဆောင်လျှက်လိုက်ပါလာသည်။

ရှီယန်နှင့် ဟန်ဇောင်က အုပ်စုကို ရှေ့မှ ဦးဆောင်ရင်း စကားတပြောပြောဖြင့်ရှိကြသည်။

“အကိုကြီး ဟန်…အချိန်လဲလင့်နေပြီ… နက်ဖြန်မှ ခရီးဆက်ကြအောင်…ကျနော်တို့ မြို့ထဲက တစ်နေရာရာမှာပဲ နားကြတာပေါ့ ..နော..”
ရှီယန်က အပူပင်ကင်းစွာပြောလိုက်သည်။

“ကောင်းပြီလေ…ညီလေးယန်…ဘယ်မှာတည်းချင်လဲ…”
ဟန်ဇောင်က ဟိုလိုလိုဒီလိုလိုအပြုံးဖြင့်
“တိအန်းမြို့ဆိုတာက Merchant တိုင်းပြည်ထဲက အကြီးဆုံးမြို့ကြီးတစ်မြို့ပဲ…လူဦးရေ သန်းချီနေထိုင်ကြတာ…အပန်းဖြေစရာနေရာတွေကလဲ ငါတို့ဖြတ်သန်းလာတဲ့ မြို့လေးတွေထက် အများကြီး အဆင့်မြင့်တာပေါ့…”

“ကောင်းတာပေါ့… အကိုကြီးယန်က ဒီနေရာကို အကျွမ်းတ၀င်ရှိမှတော့ အကိုကြီးပဲ ရှေ့ကကြွပါ…”

“ငါ့ လက်ကျန် crystal coins တွေနဲ့ မလောက်မှာ စိုးရိမ်မိတယ်ညီလေး…ဟူး…အချို့နေရာတွေမှာ အချို့အရာတွေက ဈေးကြီးတယ်မဟုတ်လား…”

“အကိုကြီးဟန်…ခင်ဗျား ကျနော့ကို အခွင့်ရေးယူချင်ပြန်ပြီလား…ပြီးခဲ့တဲ့တစ်ခေါက် သင်းရနံ့ ကပွဲရုံမှာတုန်းက ခင်ဗျား မူးချင်ဟန်ဆောင်လို့ ကျနော်ပဲ အကုန်ရှင်းလိုက်ရတာလေ…အချဉ်ထပ်မဖမ်းနဲ့နော်…”

“ဟီးဟီး…အဲ့တုန်းက ငါတကယ်မူးသွားတာပါကွ…မင်းငါ့ကို မတရား မစွပ်စွဲပါနဲ့…”

“အဲ့ဒါ ကျနော်မသိဘူး..ခင်ဗျား ဒီတစ်ခေါက် ပေးရမယ်.. ဒါမှမဟုန် ကျနော် အန်ကယ် ဟန်ဖန်းကို အကုန်ပြန်တိုင်လိုက်ရမလား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now