အပိုင်း ၁၁၃

2.2K 205 0
                                    

God of Slaughter (chapter – 113)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၃) အဆိပ်ပြင်းနတ် ဘူဘို

တိအန်းမြို့တော်

တည်ငြိမ်အေးချမ်းသောအခြေအနေတွင် ရှိမနေတော့ပါ။
နေ့နေ့ညည မြို့၏နေရာအနှံ့တွင် သိုင်းသမားအချင်းချင်း အသေအကြေတိုက်ပွဲများ မကြာမကြာ ဖြစ်ပွားသွားတတ်သည်။

နေ့တိုင်းနီးပါးပင် အသေအပျောက်များရှိလာသည်။

တိအန်းမြို့တွင်း၌ပင် မတည်မငြိမ်ဖြစ်နေသည်မက မြို့အပြင်ဖက်တွင် ပို၍ အန္တရာယ်များလှသည်။

မြို့တွင်းရှိ သာမာန်လူများသည် မြို့ပြင်ဖက်ဆီမှ ပြိုးပျက်သွားသော လျှပ်စီးအလင်းရောင်များ ဖွေးလက်သွားသော ဓါးအသိများကို မကြာခန မြင်တွေ့ကြရသည်။
တစ်ခါတစ်ရံ ထိုအရာများနှင့်အတူ စိတ်ညစ်ညူးဖွယ်ရာ အော်ဟစ်ငြီးညူသံကြီးများပါ အတူလွင့်ပါလာတတ်လေသည်။

နေ့အချိန်များတွင် မဖြစ်မနေ အပြင်ထွက်ရမည့် မြို့သူမြို့သားများမှာ အုပ်စုဖွဲ့၍ သွားလာကြရပြီး ညမိုးချုပ်သည်နှင့်တပြိုင်နက် အိမ်တခါးများကို တင်းနေအောင်ပိတ်ကာ အပြင်လုံးဝမထွက်ရဲကြတော့။

အမှောင်တောအုပ်တို့ မိုးထိတောင်တို့တွင် ကျက်စားကြသော သိုင်းသမားများ ကြေးစားစစ်သည်များသည်ပင် တိအန်းမြို့တော်ကို နောက်ကျမှ ၀င်ရောက်ရမည်ကို ကြောက်ရွံ့ကြပါသည်။တောထဲမှရသည့် အကျိုးအမြတ်လေးများပင် လှဲလှယ်ရန်အချိန်မရလိုက်ပဲ ကြမ္မဆိုးနှင့် တိုးသွားနိုင်သည်မဟုတ်လော။

အတွင်းသိအစင်းသိများကတော့ ထိုအရာများက မိသားစုငါးစုကြားမှတိုက်ပွဲများကြောင့်ဖြစ်ကြောင်း နားလည်ကြသည်။
မိသားစုငါးစုသည် Merchant တိုင်းပြည်ရှိ အင်အားအကြီးဆုံးအဖွဲ့အစည်းများဖြစ်သောကြောင့် သူတို့၏ အတွင်းကြိတ်တိုက်ပွဲများက ပြင်းထန်လှသည်။
သာမာန်ပြည်သူများကတော့ ကျီးလန့်စာစားဖြစ်နေကြပြီး တိုက်ပွဲအမြန်ပြီးသွားရန် ဆုတောင်းနေကြရုံသာ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Waar verhalen tot leven komen. Ontdek het nu