အပိုင်း ၁၈၅

1.6K 177 2
                                    

God of Slaughter (chapter – 185)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၈၅) အေးစိမ့်ရေခဲမီးလျှံ၏ လက်ဆောင်

မီးတောင် အတွင်းထဲဝယ်…

ရှီယန်က ချစ်ခင်ရင်းနှီးသော အတွေးများကို ဗဟိုချက်မီးလျှံဆီသို့ မှန်မှန်ပို့လွှတ်ပေးနေသည်။

သူကိုယ်တိုင်လဲ ဗဟိုချက်မီးလျှံကို မိတ်ဆွေအဖြစ် သတ်မှတ်စပြုလာပြီဖြစ်သည်။

အေးစိမ့်ရေခဲမီးလျှံက ရှီယန်နားလည်အောင် တစ်ဆင့်ချင်းရှင်းပြခဲ့သော နည်းလမ်းသည် တကယ်အကျိုးဖြစ်ထွန်းပေသည်။
ခုဆိုရင် ထိုနည်းလမ်းဖြင့် ဗဟိုချက်မီးလျှံ၏ ယုံကြည်ရင်းနှီးမှုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။

တစ်နေ့

ရှီယန်က သူ၏ စိတ်စွမ်းအင်ကို ဗဟိုချက်မီးလျှံ၏ အသိုက်သဖွယ်ဖြစ်သော ရောင်ခြည်စက်ဝန်းထဲသို့ ထုံးစံအတိုင်း ၀င်ရောက်စေလိုက်သည့်အခါတွင် ပျော်ရွှင်မြူးထူးသွားသော ဗဟိုချက်မီးလျှံ၏ အသိစိတ်ကလေးကို ခံစားမိလိုက်သည်။

ဗဟိုချက်မီးလျှံ၏ အားနည်းသော အသိစိတ်ကလေးက ရှီယန့် စိတ်စွမ်းအင်ကို ရစ်ပတ်ကာ ဆွဲငင်ကာဖြင့် မီးလျှံများ၏ အလယ်တွင် ကလေးဆိုးလေးသဖွယ် ဆော့ကစားလို့နေသည်။

ဗဟိုချက်မီးလျှံက ရှီယန့်ကို သူငယ်ချင်းတစ်ဦးလို မှတ်ယူထားခဲ့ပြီဖြစ်သည်။
အသက်ဓါတ် ပီပီပြင်ပြင် မဖြစ်ပေါ်သေးသော ထိုအသိစိတ်ကလေးသည် အင်မတန်မှ ဖြူစင်လှသည်။
ရှီယန်က ရင်းနှီးချစ်ခင်သော အသိစိတ်များကို အဆက်မပြတ် ပို့လွှတ်နေခဲ့ပြီးသည့်အခါတွင်တော့ ထိုမီးလျှံအသိစိတ်ကလေးက ရှီယန့်ကို လုံးဝ ယုံကြည်နေပြီဖြစ်သည်။
ပြီးတော့ သူ့ စိတ်စွမ်းအင် အလည်ရောက်ရှိသွားတိုင်း စိတ်လှုပ်ရှား ပျော်မြူးစွာဖြင့် ရှီယန့် စိတ်စွမ်းအင်နှင့် ရစ်ပတ်ဆွဲငင်ဆော့ကစားလေ့ရှိသည်။

ရှီယန်က သူ့စိတ်စွမ်းအင်ကို ပြန်လည်ရုပ်သိမ့်မည့်အချိန်တိုင်း ထို မီးလျှံလေးက မသွားစေချင်ဟန်ကို ဖော်ပြလေ့ရှိသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now