အပိုင်း ၅၃

2.6K 237 0
                                    

God of Slaughter (chapter – 53)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၅၃) ဇူမိသားစုမှ ဧည့်သည်များ

     မြေဆွဲအားခန်းဆောင်…

ရှီယန်က မြေဆွဲအားတိုင်လုံးကြီးကို မှီကာ ကင်းမြီးကောက်ထောင်နေရင်း သူ့တစ်ကိုယ်လုံး၏အလေးချိန်ကို သူ့လက်ခလယ်ပေါ်တွင် ထိန်းထား၏။လက်မောင်းတစ်လျှောက်ရှိသွေးကြောများက ထောင်ထနေကြသည်။

ဆယ်မိနစ်ခန့်ကြာသောအခါ သူက လက်သူကြွယ်ဖြင့် ပြောင်းလဲလိုက်သည်။ဆယ်မိနစ်ခန့်ကြာတိုင်း သူက အခြားလက်ချောင်းတစ်ချောင်းဖြင့်ပြောင်းထောက်၏။

လက်ဆယ်ချောင်းစလုံးပြည့်သွားသောအခါ ရှီယန့်တစ်ကိုယ်လုံးချွေးများဖြင့်နစ်နေပြီဖြစ်သည်။
အစိမ်းရောက်ကျောက်သားမြေပြင်ပေါ်တွင် ထိုင်ချလိုက်ရင်း သူ့လက်ချောင်းများကို ဆုပ်ချည်ဖြန့်ချည်ပြုလုပ်နေသည်။ထို့နောက် သူ့ဘယ်ဖက်လက်ကိုဆန့်ထုတ်လိုက်ရင်း ပျက်သုန်းခြင်းစွမ်းအင်များကို သူ့လက်မောင်းရှိ မရီဒျန်များမှ ထုတ်လွှတ်လိုက်သည်။
(မကောင်းသောခံစားချက်စွမ်းအင်များအစား ပျက်သုန်းခြင်းစွမ်းအင်များဟု သုံးစွဲပါမည်)

အဖြူရောင်အခိုးအငွေ့တန်းများက သူ့လက်မောင်းတစ်လျှောက် ဖုံးလွှမ်းသွားပြီး သူ့စိတ်စေစားမှုအတိုင်း လေထဲတွင် ဝေ့၀ဲ ပျံသန်းနေကြသည်။
ထို့နောက် ကီစုစည်းမှုကိုထုတ်ဖော်လိုက်ပြီးနောက် သူ့လက်ချောင်းထိပ်များမှတဆင့် သူ့ရှေ့ရှိ အခိုးအငွေ့များထဲသို့ ပို့လွှတ်ထိုးသွင်းလိုက်လေသည်…။

ကီစွမ်းအင်များက ပျက်သုန်းခြင်းစွမ်းအင်အခိုးအငွေ့များအတွင်းသို့ ၀င်ရောက်လှည့်ပတ်သွားသည်။

အဖြူရောင်အခိုးအငွေ့များနှင့် ကီစုစည်းမှုများက တဖြည်းဖြည်းပေါင်းစပ်သွားကြပြီးနောက် သေးငယ်သော သဘာဝဓါတ်စွမ်းအင်များအဆက်မပြတ်ဖြစ်ပေါ်လာကြပြီး ရုတ်တရက်ပေါက်ကွဲကာ ဆွဲငင်အားနယ်ပယ်တစ်ခုပေါ်ထွက်လာသည်။

ပတ်ဝန်းကျင်ရှိလေထုက လေဟာနယ်အတွင်းသို့ဆွဲငင်စုပ်ယူခြင်းခံရကာ ထိုနေရာတစ်ဝိုက် ကသိပ်သည်းလေးလံလာသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now