အပိုင်း ၅၄

2.5K 248 0
                                    

God of Slaughter (chapter – 54)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၅၄) ဇူရှီ

     ဧည့်ခန်းဆောင်၏ အရှေ့ဖက်မြေပြင်တွင်…
ပန်းခြံအငယ်စားလေးတစ်ခုစိုက်ပျိုးထားသည်။ရှားပါးသော သစ်ပင်ပန်းမန်မျိုးစုံတို့ ဖူးပွင့်မွှေးပျံ့နေကြသည်။

ရှီယန်က ပန်းခြံရှေ့သို့ရောက်သောအခါ ကောင်လေးများဝိုင်းဝိုင်းလည်နေသော ဇူရှီ့ကို တစ်ခါတည်း လှမ်းတွေ့လိုက်သည်။

လန်းဆန်းသောပန်းပွင့်လေးများကြား ရပ်နေသောဇူရှီမှာ ပုံပြင်ထဲကနတ်သမီးလေးနှင့်ပင်တူသေးတော့၏။
နေရောင်အောက်တွင် သူမ၏အသားအရေက ကြွေထည်လေးလိုဝင်းမွတ်နေသည်။သူမ၏ ချစ်စဖွယ်မျက်နှာကလေးတွင် ၀ိုင်းစက်သောမျက်လုံးများက ရွှန်းလဲ့တောက်ပလို့နေ၏။

ရှီယန်က ဇူရှီလှပမှန်းသိထားပြီးဖြစ်သော်လည်း အကောင်လတ်လတ်မြင်ရချိန်တွင်တော့ တစ်ချက်ငေးမိသွားသေးသည်။
ဇူရှီက မုယီဒီးလိုပင် လှပပြီး သူမထက်အရပ်ပိုရှည်က ပေါင်တံရှည်လေးများဖြင့် လှပသောခြေထောက်ကလေးကိုပိုင်ဆိုင်ထား၏။

ရှီမိသားစုလူငယ်များက ဇူရှီ့အနီးဝန်းရံနေကြသည်မှာ
အညှီရှိရာယင်အုံ…အင်း မဟုတ်သေးပါဘူး ဇူရှီကဒီလောက်လှတာ မညှီလောက်ပါဘူးလေ…
လမင်းလေးကိုကြယ်ကများက၀န်းရံနေသကဲ့သို့ပင်…
ဇူရှီက ရေပန်းကရားလေးကိုကိုင်ကာ ပန်းပင်လေးများကို သက်တောင့်သက်သာ ရေလောင်းနေသော်လည်း သူမမျက်ဝန်းလေးများက သူမ၏စိတ်ကျဉ်းကျပ်နေမှုကို မဖုံးကွယ်နိုင်ခဲ့…

ကြည့်ရတာ ကောင်မလေးက သူ့ကို အထူးပုဂ္ဂိုလ်တစ်ယောက်လို ဆက်ဆံတာ သဘောမတွေ့ဘူးနဲ့တူတယ်…

ရှီယန် ပြုံးလိုက်ကာ အဝေးမှပဲ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။ထို့နောက် သူက ပန်းခြံထဲသို့ ၀င်ကာ ဧည့်ခန်းမဆီသွားသောလမ်းဆီသို့ ဦးတည်လိုက်လေသည်…။

“ဟေး…ရှီယန်…”
လူငယ်လေးတစ်ယောက်က ရှီယန့်ကိုတွေ့သောအခါ လှမ်းအော်သည်။ဇူရှီ့အနီးရစ်သီနေကြသော အခြားလူငယ်လေးများကလဲ လှမ်းကြည့်လိုက်ကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now