အပိုင်း ၆၅

2.5K 244 1
                                    

God of Slaughter (chapter – 65)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၅) လျှို့ဝှက် အကြံအစည်များ

“မိုမိသားစုခေါင်းဆောင်ကြီး…ကျုပ်ရဲ့ သစ္စဖောက်တပည့် ကာရုဘယ်မှာလဲ…”

မိုမိသားစု၏ ကျောက်တုံးမျှော်စင်ထက်သို့ တိုက်ရိုက် တက်ရောက်သွားပြီးနောက် မုခွန်းက မေးချလိုက်သည်။
သူ့အသံက မကျယ်လောင်သော်လည်း နတ်ဘုရားကျောက်တုံးရင်ပြင်ထဲရှိသိုင်းသမားအားလုံးက ပီပီသသ ကြားလိုက်ကြရလေသည်။

မိုမိသားစု ကျောက်တုံးမျှော်စင်ပေါ်တွင်ရပ်နေသည့် မိုထူဝါးမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားလေ၏။

လူအများရှေ့တွင် တုံးတိတိပြောချလိုက်သော မုခွန်းကြောင့် မိုထူဝါး အရှက်ကွဲသွားသည်။သူက မုခွန်းနှင့် သီးသန့် ဆွေးနွေးချင်ခဲ့သော်လည်း မုခွန်းကြည့်ရတာ ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ခဲ့ပုံရ၏။

လည်ချောင်းဝတွင် တစ်ဆို့နေပြီးနောက် စကားလုံးတချို့ကို ကျယ်လောင်စွာ ပြောချလိုက်ရသည်။
“လူကြီးမင်း မု…ကာရုက သေသွားခဲ့တာကြာပါပြီ…သူ့ကို ဘယ်သူသတ်သွားမှန်း ကျုပ်လဲမသိပါဘူး…”

မုခွန်းက ကျောက်တုံးမျှော်စင်၏ လက်ရမ်းကိုမှီကာ လက်ပိုက်လျှက်ရှိ၏။သူ့ပုံစံကို အောက်မှမော့ကြည့်နေကြသောသိုင်းသမားတို့က ရှင်းလင်းစွာမြင်နိုင်လေသည်။

“သေသွားပြီ…”

မုခွန်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ထေ့ငေါ့လိုက်သည်။
“မိုမိသားစုခေါင်းဆောင်က တကယ့်ကို ကိုယ်ပိုင်နည်းစံနစ်တွေရှိတာကိုး…ကျုပ်ရဲ့သစ္စာဖောက်တပည့်မှာ မြေပုံအပိုင်းအစရှိမှန်းလဲသိရော ခင်းဗျားက သူ့ကို Merchant တိုင်းပြည်ကိုလာခဲ့ဖို့ဖိတ်ခေါ်ခဲ့တယ်…ပြီးတော့လမ်းမှာ သတ်ပစ်လိုက်တယ်…ပြီးတော့မှ မြေပုံကိုအပိုင်စီးလိုက်တယ်…ခုကျတော့ ဘာမှမသိဟန်ဆောင်နေပြန်ပြီ…တကယ့် မိသားစုခေါင်းဆောင်ကြီးပါပဲ… မိုမိသားစုရဲ့လုပ်ပိုင်ခွင့်တွေအကုန်လုံးကို ခင်ဗျားက ဒီလိုနည်းလမ်းတွေနဲ့ပဲ ရယူခဲ့တယ်ထင်ပါ့…ဟမ့်….”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now