အပိုင်း ၁၁၈

2.2K 215 0
                                    

God of Slaughter (chapter – 118)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၈) ငွေစန္ဒာ နတ်ဘုရားမ

“သွားကြစို့…”

သွေးစိမ်းလင်းနို့ပေါ်မှ သိုင်းသမားက အော်ဟစ်လိုက်သည်။
ပြီးနောက် လင်းနို့၏ နောက်ကျောကို ခပ်ပြင်းပြင်းရိုက်ချလိုက်၏။

သွေးစိမ်းလင်းနို့က လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားကဲ့သို့ တစ်ဟုန်ထိုး ဆောင့်ထွက်သွားလေသည်။
နောက်တွင်ပါလာသော ရှူရာတမန်တော်များမှာလဲ ထက်ချပ်မကွာလိုက်ပါလာကြကာ ရှီမိသားစုရှိရာအရပ်ဆီ သို့ သွေးစိမ်းလင်းနို့များကို အရှိန်မြင့်ကာ မောင်းနှင်လိုက်ကြသည်။

ရှီယန်က တုန်လှုပ်စွာဖြင့်
“ဘာဖြစ်သွားတာလဲ…”

“နတ်မင်းသုံးပါးဂိုဏ်းက ငါတို့ရဲ့ ရန်သူပဲ…ပြီးတော့ အဲ့ဒီ နတ်ကျောက်တုံးဆီကနေ အန္တရာယ်အော်ရာကို ခံစားလိုက်ရတယ်..ခုရောက်ရှိလာတဲ့ဟာက နတ်မင်းသုံးပါးဂိုဏ်းဂိုဏ်းရဲ့ ထိပ်သီးပုဂ္ဂိုလ်ဖြစ်လိမ့်မယ်…သူတို့က သွေးစိမ်းလင်းနို့ကို တွေ့သွားရင် ငါတို့ ယန်မိသားစုဆိုတာ သိသွားမှာ…အရှင်ရှောင်ဟန်ရီဒီမှာ မရှိဘူးဆိုတော့ သခင်လေးယန်ကို ငါတို့ ကာကွယ်နိုင်ဖို့ ယုံကြည်မှုမရှိဘူး…”

ရှူရာတမန်တော်က သတိကြီးစွာထားဖြင့် ရှိနေသည်။

နတ်မင်းသုံးပါးဂိုဏ်းက ပါလာပြန်ပြီလား…

ရှီယန်က မျက်မှောင်ကြုံ့နေမိသည်။
အရှေ့ပင်လယ်က တကယ်ပင် ဖြုံလောက်၏။

သူက နတ်ဘုရားကျောက်တုံးတွင် ဘာဖြစ်နေတာလဲ သိချင်ခဲ့သော်လည်း တမန်တော်၏စကားကိုကြားသောအခါ သွေးစိမ်းလင်းနို့ဖြင့်ထွက်ခွာသွားရန်သာ ရွေးချယ်လိုက်ရသည်။
သို့သော်လည်း နတ်ဘုရားကျောက်တုံးကြီးကိုတော့ လှည့်ကြည့်မိနေဆဲဖြစ်သည်။

ရုတ်တရက်ပင် အားကောင်းသော လရောင်တန်းကြီးက နတ်ဘုရာကျောက်တုံးရင်ပြင်မှ ထိုးထွက်လာသည်။

မိုးထစ်ချုန်းသလိုအသံကြီးပေါက်ကွဲသံကြီးဖြစ်ပေါ်လာကာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦး၏ပုံရိပ် ပေါ်ထွက်လို့လာ၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now