အပိုင်း ၁၆၂

1.8K 198 0
                                    

God of Slaughter (chapter – 162)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၂) အတင်းအကြပ်ဝန်ခံစေခြင်း

နောက်တစ်နေ့နံနက်တွင်…
သူတို့လှေက နောက်ဆုံးတော့ မိုးတိမ်ကျွန်းသို့ ဆိုက်ကပ်လာပြီဖြစ်သည်။

ရောက်ရောက်ခြင်းပင် ရှီယန်က လင်ဒါ့ကို ခွဲခွာပြီးနောက် တစ်ယောက်ထဲထွက်လာခဲ့သည်။

ကုန်းပတ်ပေါ်တွင် ရပ်နေရင်း လင်ဒါက ရှီယန်၏ ပျောက်ကွယ်သွားနေသော ကျောပြင်ကို ငေးကျန်ခဲ့လေသည်။

ဂျက်က နန်ယိုနှင့် အခြားလူများနှင့်အတူ အ၀ါရောင်အချက်ပြမီးကျည်ကို လွှတ်တင်လိုက်သည်။
ဂူမိသားစုမှ လာကြိုမည့်သူကို စောင့်နေကြရုံသာဖြစ်သည်။

“လင်ဒါက သူ့ကို တော်တော်တွယ်တာနေရှာတာပဲ…သူဘယ်သူလဲ ဘယ်ကလဲတောင်ငါတို့မသိပဲနဲ့…သနားစရာလင်ဒါလေး…ဒီကောင့်ကြည့်ရတာ စားနေကျကြောင်ဖားပဲဖြစ်မှာ…လင်ဒါ သူ့ကို မေ့မရမှာကိုပဲ ငါစိုးရိမ်တယ်…”

“အသေအချာပဲ…လင်ဒါ့လို အခြေကြီးတဲ့ကောင်မလေးမျိုးက သူ့ကို ထိန်းမထားနိုင်တာကိုပဲ ငါအံ့သြနေတာ…ငါသာ လင်ဒါ့အချစ်ကိုရမယ်ဆိုရင် ငါသူမ့အတွက် ဘာမဆိုလုပ်ပေးမှာပဲ…ငါ သူမကို ဘယ်တော့မှ ခွဲမသွားဘူး…”

“ခုချိန်မှာတော့ ဒီလိုဖြစ်သွားတာကောင်းတယ်ဟ…ငါတို့အတွက် လင်ဒါရှိနေသ၍ နတ်မင်းသုံးပါးဂိုဏ်းက ငါတို့ဘ၀တွေ လုံခြုံတယ်…”

“အမှန်ပဲ…”

ဂျက်နှင့် အခြားလူများက ဂူမိသားစုကို စောင့်မျှော်နေရင်း တီးတိုးတီးတိုးလုပ်နေကြသည်။

လင်ဒါက ကုန်းပတ်ပေါ်တွင် ရပ်နေဆဲဖြစ်သည်။
သူမ၏ ဆံနွယ်ရှည်များက လေထဲတွင် လွင့်မျောနေလေရာ အသက်ရှူမှားလောက်အောင်ပင် လှပနေပါသည်။

ချောင်တစ်ချောင်တွက် ကုတ်နေသော ကာမွန်းက လင်ဒါ့ကိုကြည့်ကာ အံကြိတ်ထားသည်။
သူက အတန်ငယ် ပျော်ရွှင်လာသည်။
“ခွေးမ…ဒီကောင်မ ဒါနဲ့ပဲထိုက်တန်တယ်…ကောင်မက ဟိုကောင့်ကို ရှိသမျှအကုန်ပေးဆပ်ပြီးတော့ သူဘာပြန်ရလဲကြည့်လိုက်…ဟိုကောင်က စားလို့ဝတော့ ပြန်ပြီ…သူကြိုက်လို့ သူခံတာ..”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now