အပိုင်း ၁၇

3.1K 351 3
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (17)
God of Slaughter

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇) မြေဆွဲအား ဆယ်ဆ

     သာယာအေးချမ်းသော တောင်ကြားဒေသလေးနဲ့ မလိုက်ဖက်စွာပင် လက်နက်ချင်း ထိခိုက်သံများ တစ်ချက်တစ်ချက် ထွက်ပေါ်နေသည်။လူဟာ၊ရွယ်စင်းနှင့် အခြားလူများက မြောင်ယီဒီးကို အလယ်မှာထား၍ အမှောင်ကမ္ဘာမှလူများ၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ခုခံကာကွယ်နေကြသည်။

မီးခိုးရောင်ဝတ်ရုံကြီးဝတ်ကာ ပုခုံးပေါ်တွင် ငွေရောင်လခြမ်းကွေးပုံ ပန်းဖော်ထားသောလူပိန်ကြီးကတော့ နေရာတွင်ရပ်ရင်း သူ့လူရှစ်ယောက်ကို အမိန့်ပေးနေသည်။ဖြူဖျော့ဖျော့ မျက်နှာဖုံးအောက်မှ သူ့မျက်လုံးများကတော့ အေးစက်သောအငွေ့အသက်များလွင့်ပျံ့နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

“မြောင်မိန်းကလေး…ကျုပ်တို့နဲ့ ပြန်လိုက်ခဲ့ပြီး အမှောင်ကမ္ဘာ သခင်ကြီးနဲ့ တွေ့လိုက်တာပိုကောင်းမယ်နော…မဟုတ်ရင်ကျုပ်တို့ပြန်လည်သတင်းပို့တဲ့အခါ ပိုခက်ခဲသွားဦးမယ်…”
ခေါင်းဆောင်ဖြစ်ဟန်တူသော လူပိန်ကြီးက သူ့လူများကိုအမိန့်ပေးသည့် အေးတိအေးစက်လေသံနှင့်ပင် အကြံပြုသလိုပြောကြားလိုက်သည်။

မြောင်ယီဒီးက ရွံရှာမုန်းတီးဟန်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။
“ရှင်တို့နဲ့ ပြန်လိုက်မယ့်အစား အသေခံမယ်…”

“သဘောက ပူးပေါင်းဆောင်ရွက်မှုကိုငြင်းဆိုတယ်ပေါ့…မြောင်မိန်းကလေး…
ဒီလိုဆိုလဲ…မိန်းကလေးကို အရှင်ဖမ်းသွားရုံပဲရှိတော့တာပေါ့…စိတ်မရှိပါနဲ့နော်…”
ခတ္တမျှ ငြိမ်သက်သွားပြီးနောက် ထိုလူကြီးက လှမ်းအော်လိုက်သည်။
“လူဟာ…ငါတို့ အမှောင်ကမ္ဘာက ဘယ်လောက်အင်အားကြီးတယ်ဆိုတာမင်းသိတယ်နော်…ငါတို့ကိုဆန့်ကျင်တာဟာ မင်းကိုယ်မင်းဖျက်ဆီးတာနဲ့အတူတူပဲ…”

“ဟား..ဟား..ဟား..”
လူဟာ၏ရယ်မောသံကြီးက ဟိန်းထွက်လာသည်။ငါ့ဆန္ဒအတိုင်းသာ ငါနေထိုင်တယ်…ငါ့ကိုသတ်မယ်..မင်းက…
အေး..အမှောင်ကမ္ဘာက တန်ရာတန်ကြေးတော့ပေးဆပ်ရမှာပဲ…အန္တရာယ်ဒုတိယအဆင့်သိုင်းသမား
အမှောင်ကမ္ဘာရဲ့ လခြမ်းကွေးတမန်တော်…မင်းက ငါနဲ့သေရွာလိုက်ခဲ့ဖို့ ထိုက်တန်ပါတယ်”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Место, где живут истории. Откройте их для себя