အပိုင်း ၁၃၄

2.1K 184 0
                                    

God of Slaughter (chapter - 134)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃၄) ဟန်းလိုပင်လယ်

နေ့လည်ခင်း နေအလင်းရောင်က ပူပြင်းစွာ တောက်ပနေသည်။

သင်္ဘောကြီးက ပင်လယ်ကို ဖြတ်ကာ လျှင်မြန်စွာ ရွေ့လျှားလျှက်ရှိ၏။
သူတို့က ဟန်လိုပင်လယ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်ခုတ်မောင်းနေကြခြင်းပင်ဖြစ်သည်။

ဟန်းလိုပင်လယ်တွင် မရေမတွက်နိုင်သော ကျွန်းများရှိသည်။
ထိုဒေသကို နတ်မင်းသုံးပါးဂိုဏ်း ဒုံဖန်မိသားစုနှင့် ဂူမိသားစုတို့က လွှမ်းမိုးချုပ်ကိုင်ထားသည်။
ထိုအင်အားစုသုံးစုက ဟန်းလိုပင်လယ်ပြင်ရှိ ကျွန်းအားလုံးနီးပါးကို ခွဲဝေအုပ်ချုပ်သည်။

သံမဏိသင်္ဘောက တရှိန်ရှိန်ထနေသော နေရောင်အောက်တွင် အရှိန်အဟုန်ဖြင့် ရွေ့လျှားလျှက်ရှိသည်။

ကုန်းပတ်ပေါ်တွင်...
ရှီယန့်မျက်နှာက တည်ငြိမ်နေသည်။
သူက ရှေ့ကို ငေးကြည့်နေရင်း မျက်နှာကို တိုးဝှေ့နေသော ပင်လယ်လေညှင်းများကို ခံစားလျှက်ရှိသည်။

အစိမ်းရောင်ဝတ်စုံလေးဝတ်ထားသော ရှာစင်းယန်၏ ဆံနွယ်လေးများက လေအဟုန်တွင် မျောလွင့်လျှက်ရှိနေသည်။
သူမ၏ မျက်နှာက ရုပ်ဖျက်ဆေးများမရှိတော့ပဲ အရင်လို ချောမောလှပနေသည်။
သူမက ရှီယန်နှင့် ပုခုံးချင်းယှဉ်ကာ ရပ်နေခြင်းဖြစ်သည်။

သူတို့၏ ပင်လယ်ခရီးက သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရှာစင်းယန်၏ သိုင်းဝိဥာဉ် မူလအနေအထားအတိုင်း ပြန်လည်ကောင်းမွန်သွားရုံမက စိန်ခေါ်မှုများစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးနောက်တွင် သူမ၏ သိုင်းအဆင့်ကလဲ ကမ္ဘာမြေအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။

ကမ္ဘာမြေအဆင့်တွင် ရှာစင်းယန်က နတ်သမီးလေးအလား ပိုမို ကျက်သရေတိုးလာသည်။
သူမ၏ အဆင်းသဏ္ဍန်က အဆင့်အတန်းမြင့်မားပြီး ခိုင်မာပြတ်သားသော အရှိန်အ၀ါများနှင့် ပိုပြီး နန်းဆန်လာခဲ့သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now