အပိုင်း ၁၇၉

1.7K 178 1
                                    

God of Slaughter (chapter – 179)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇၉) လောင်းကြေး

ဟုလျှိုရော မိုသွမ့်ဟွမ်ပါ ရှီယန့်ကို ကြည့်နေကြသည်။
ရှီယန် ဘာကြေးလောင်းမှာလဲ စဉ်းစားနေကြခြင်းဖြစ်သည်။

ရှီယန်လည်း နည်းနည်းတော့ ကြောင်သွားပါသည်။

သူက ဒီအတိုင်း အပျော်အပျက် ပြောလိုက်ခြင်းဖြစ်ပြီး တကယ်တမ်း ဘာမှ လောင်းကြေးတင်ချင်စိတ်လဲမရှိပါ။
သို့သော်လည်း သူ့နှုတ်မှ ထိုစကားထွက်သွားချိန်တွင် ဟုချင်းမန် အလွန်စိတ်ဝင်စားသွားမှန်းတော့ သူသိလိုက်သည်။
သူမက ချက်ခြင်းပင် တုံ့ပြန်လာခဲ့သည်မဟုတ်လော။
ဒါက ရှီယန့်ကို တစ်နည်းတစ်ဖုံ အံအားသင့်စေပါသည်။

ဟုလျှို၏ နှုတ်ခမ်းက တစ်ချက်ပြုံးသွားသည်။
သူက ခတ္တ တုံ့ဆိုင်းနေပြီးမှ အနေရခက်ဟန်ဖြင့်
“ချင်းမန်…နင့်လောင်းကစားမက်တဲ့အကျင့်က ပေါ်လာပြန်ပြီလား…”

ရှီယန် မသိခဲ့သည်က ဒီ အနုအရွအလှပဂေးလေး ဟုချင်းမန်သည် လူများနှင့် အလောင်းအစားလုပ်ရခြင်းကို အလွန်ဝါသနာထုံခြင်းကိုပင်ဖြစ်လေသည်။
သူမက ငယ်ငယ်ကတည်းကပင် ကိစ္စအသေးအမွှားလေးများပေါ်တွင်လည်း အခြားသူများနှင့် အလောင်းအစားပြုလုပ်သည်။
သူမ၏ ထို ထူးဆန်းသော ၀ါသနာကြောင့် ဟုလျှို ခေါင်းကိုက်ရပေါင်းလဲ မနည်းချေ။
သူမွေးထားတာ သမီးမိန်းကလေးဖြစ်ပြီး ဘာလို့ လောင်းကစားကို ၀ါသနာထုံနေမှန်းလဲ သူစဉ်းစားလို့ကိုမရချေ။

ရှီယန်က ဒီအတိုင်းပင် လောင်းမလားဟု ပြောလိုက်ကတည်းက ဟုလျှိုက သူ့သမီးသည် ဒီအခွင့်အရေးကို လက်လွှတ်ခံတော့မည်မဟုတ်မှန်း သိရှိလိုက်ပြီးဖြစ်သည်။

သူ့သမီးက လူတွေနှင့် လောင်းကြေးစားကြေး လုပ်ရတာ ၀ါသနာထုံသော်လည်း လောင်းကစားသမားများလိုတော့ မဟုတ်မှန်း သူသိပါသည်။
သူမက ဒီအတိုင်းပင် အနိုင်ရလျှင် ပျော်ရွှင်မည် ရှုံးနိမ့်လျှင် ဒေါသပေါက်ကွဲမည် ဒါလောက်ပင်ဖြစ်ပါသည်။
ရှီယန်က သူ့သမီးကို လောင်းမလားဟု မေးလိုက်သောအခါ ဟုလျှိုက ရယ်ချင်စိတ်ကို ကြိတ်မှိတ်ထားလိုက်ရသည်။
ဒီကိစ္စက နောက်ဆုပ်လို့ရတော့မည်မဟုတ်ချေ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now