အပိုင်း ၃၁

3.2K 253 0
                                    

အပိုင်း (၃၁)အပြာရောင် မှော်မီးလျံ

     မြောင်ယီဒီးက သူမပြောခဲ့သလိုပင် တိတ်တိတ်လေးနေနေသည်။

သူမက ဘာမှမပြောတော့သော်လည်း ဒီယာလန်းနှင့် ရှီယန်တို့အကြားရှိလေထုမှာတော့ အနည်းငယ် ရှို့တို့ရှန်းတမ်းဖြစ်နေဆဲပင်ဖြစ်သည်။သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်လဲလျောင်းနေကြသော်လည်း နှစ်ယောက်စလုံး ဘာပြောရမှန်းမသိကြ။

“အာရုံတက်ခါနီးပြီ…”
ရှီယန်က သာမန် အလာပသလာပပြောသည့်လေသံမျိုးဖြစ်အောင် အတင်းထိန်းချုပ်ပြီးပြောလိုက်သည်။
“ဘယ်လိုနေသေးလဲဟင်…နင့် ကီစုစည်းမှုရော ပြန်ရပြီလား…”

“ပြန်ရရုံတင်မဟုတ်ဘူးဟ…အများကြီး ပိုတိုးလာတာ…”
ဒီယာလန်းက သူမခန္ဓာကိုယ်ကို တိတ်တဆိတ်စစ်ဆေးခဲ့ပြီးဖြစ်လေသည်။သူမ မျက်လုံးလေးများက ထူးဆန်းသောအဖြစ်အပျက်ကြောင့် ၀ိုင်းစက်နေကြပြီး အနည်းငယ် ရှက်အမ်းအမ်းဖြင့် ပြောလိုက်သည်။
“အခု…အဲ..ခုနတုန်းက…ဟိုဥစ္စာ…ငါ့ ခန္ဓာကိုယ်ထဲမှာ…ထူးဆန်းတဲ့ စွမ်းအင်စီးကြောင်းတစ်ခုဖြစ်လာတယ်ဟ…အဲ့ဒီ စွမ်းအင်က ငါ့ ကီစုစည်းမှုနဲ့ ပေါင်းစည်းသွားတဲ့အပြင် ငါ့ ရင်ဝက သွေးကြောကွက်တွေမှာလဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့သေးတယ်…”

သူမက အနည်းငယ်မျက်မှောင်လေးကြုံ့နေသည်။ထို ထူးဆန်းသောအတွေ့အကြုံကို ပြန်လည်ဖော်ပြရန် ခက်ခဲလှသည်လေ။ထိုထူးဆန်းသောစွမ်းအင်စီးကြောင်းက ရှီယန့်ဆီမှလာတာ သို့မဟုတ် သူမ၏ ကီစုစည်းမှုမှ ပေါက်ဖွားလာတာ တစ်ခုခုဖြစ်ရမည်ဟု ထင်မိသည်။

ရှီယန်က ခတ္တမျှ စဉ်းစားနေပြီး…သူ့ဟာသူ တီးတိုးရေရွတ်လိုက်သည်…
“အင်း…အဲ့ဒါ တကယ်ပဲကိုး…”

ဒီယာလန်း၏မျက်ခုံးလေးများက လှပစွာ ပင့်တက်သွားကြပြန်သည်။သူမက စိတ်ဝင်တစားဖြင့်
“အဲ့ဒါ နင့်ကြောင့်လားဟင်…”

ရှီယန်က ခေါင်းငြိမ့်လိုက်ပြီး အပြုံးဖြင့် ရှင်းပြလိုက်သည်။
“ငါ တစ်ခါတုန်းက နတ်ဆေးဆရာတစ်ယောက်ဆီက ဆေးလုံးအချို့ စားဖူးတယ်…ဒါပေမဲ့ အဲ့ဒီတုန်းက ငါ အကုန်လုံးကိုစုပ်ယူဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး…သူတို့ရဲ့အစွမ်းတွေကိုရောပေါ့…ငါ့ကိုယ်ထဲမှာ အကြွင်းအကျန်တွေကျန်ရှိနေခဲ့တယ်…အခု..အဲ…အခုနတုန်းက ကြည့်ရတာ…အဲ့ဒီဆေးရဲ့ အစွမ်းတွေက ငါ့ ကီစွမ်းအင်တွေနဲ့ ပေါင်းစပ်သွားပြီး နင့်ကိုယ်ထဲဝင်သွားတာဖြစ်မယ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now