အပိုင်း ၂၀

3K 312 0
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (20)
God of Slaughter

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀) အကန့်အသတ်များကို ချိုးဖျက်ခြင်း

     အနက်ရောင်ကောင်းကင်ပြင်ကြီးပေါ်တွင် တစ်ခြမ်းပဲ့လကလေးနှင့် မစုံ့တစ်စုံကြယ်လေးများက လင်းလက်တောက်ပနေကြသည်။လရောင်သည် ထူထပ်သောသစ်ရွက်များကြားမှ  မြေပြင်ပေါ်သို့ ကွက်တိကွက်ကြား ဖြာကျနေသော်လည်း အမှောင်တောအုပ်ကြီးကိုတော့ လုံလောက်အောင် အလင်းမပေးနိုင်ပေ။

ဒီယာလန်းနှင့် ဟူလုံက ပတ်ဝန်းကျင်တွင် သတိရှိရှိနှင့် ကင်းလှည့်နေကြသည်။ရွယ်စင်းကတော့ သစ်ပင်ကြီးတစ်ပင်ကို မှီထိုင်ကာ အနားယူနေသည်။သူက အသက်မှန်မှန်ရှူနေရင်း မျက်လုံးများကိုမှိတ်ထားသည်။ကြည့်ရတာ အတွင်းအားလှည့်ပတ်ခြင်း ပြုလုပ်နေဟန်တူသည်။

လူဟာကတော့ အခြားတစ်ဖက်ရှိ သစ်ပင်အိုကြီးအောက်တွင် မတ်တပ်ရပ်နေသည်။သူ့မျက်လုံးများက စူးရှတောက်ပနေပြီး သူ၏နိုးကြားဖျတ်လတ်မှုကလည်း နည်းနည်းလေးမှ လျော့ကျမသွားသေးပါ။

သစ်ပင်ပေါ်ရှိ ထူထပ်သောသစ်ရွက်များကြားတွင်တော့ မြောင်ယီဒီးတစ်ယောက် တိတ်ဆိတ်စွာ အိပ်စက်နေသည်။ရှည်လျားသော ခရီးကြမ်းကြောင့် သူမခင်မျာ ပင်ပန်းလှပြီဖြစ်သည်။ကီစုစည်းမှုကို အသုံးမပြုနိုင်ခြင်းကြောင့်လဲ သူမအတွက် ပိုမိုခက်ခဲလှပေသည်။

“ရှပ်…ရှပ်…”
လူဟာ့ မျက်မှောင်များက တွန့်ကွေးသွားသည်။သူ့ထံသို့ ခြေသံဖွဖွဖြင့် လှမ်းလျှောက်လာနေသောရှီယန့်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။သူက အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။
“ခုထိ မအိပ်သေးဘူးလား…”

“ဟုတ်ကဲ့…”
ရှီယန်က ခေါင်းငြိမ့်ပြလိုက်ပြီး လူဟာ့နံဘေးတွင် မတ်တပ်ရပ်လိုက်သည်။ထို့နောက် လေသံတိုးတိုးဖြင့်
“ဒီနေရာမှာ သူတို့တစ်တွေ ကျွန်တော်တို့ကို အလွယ်တကူ ရှာမတွေ့နိုင်ဘူးပေါ့နော်…”

“သေချာတာပေါ့…”
လူဟာ ပြုံးလိုက်သည်။
“ဒီဘက်ပိုင်းမှာ တောအုပ်ကို ဖြတ်သန်းသွားဖို့ လုံခြုံစိတ်ချရတဲ့လမ်းကြောင်းဆိုတာမရှိဘူး…ပြီးတော့ မိစ္ဆာသားရဲတွေနဲ့ သိုင်းသမားတွေက တစ်ချိန်လုံး ဟိုဟို ဒီဒီ သွားလာလှုပ်ရှားနေကြတာဆိုတော့ ငါတို့ရဲ့ ခြေရာလက်ရာတွေ သဲလွန်စတွေကို အမှောင်ကမ္ဘာကလူတွေ ခွဲခြားသိမြင်နိုင်ဖို့မလွယ်ဘူး…အခု ဒီဘက်အခြမ်းမှာဆိုရင် သားရဲတွေ သိုင်းသမားတွေကို သူတို့ ပိုပြီး သတိထားရလိမ့်မယ်”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Unde poveștirile trăiesc. Descoperă acum