အပိုင်း ၁၆၃

1.8K 190 0
                                    

God of Slaughter (chapter – 163)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၃) ၀ိဥာဉ်ခေါ်သားရဲကြီး

မင်လောင်ကျွန်းမှာ စတင်တွေ့ရှိစဉ်ကတည်းက အေးစိမ့်ရေခဲမီးလျှံထံမှ မည်သည့် စကားသံမျှ မကြားဖူးခဲ့ပါ။
ရှီယန့် ခန္ဓာကိုယ်နှင့် အသိစိတ်ကို သုံးနှစ်လုံးလုံး သိမ်းပိုက်ရန်ကြိုးစားခဲ့စဉ်တုန်းကလဲ ဘာသံမှ မထွက်ခဲ့ပါ။
သူလုပ်ခဲ့သမျှက ရှီယန့် တစ်ကိုယ်လုံးကို ထိန်းချုပ်ရန် အဆက်မပြတ် ကြိုးစားနေခဲ့ခြင်းသာဖြစ်သည်။

ထို့ကြောင့်လဲ ရှီယန့်စိတ်ထဲတွင် ထို အေးစိမ့်ရေခဲမီးလျှံ၏ အသိစိတ်သည် ကျောက်ခောတ်လူသားများ၏ အသိစိတ်ကဲ့သို့ ယဉ်ကျေးမှုမရှိသေးသော အရိုင်းအစိုင်း အသိစိတ်သက်သက်သာဖြစ်သည်ဟု ထင်မှတ်ယူဆထားခဲ့မိသည်။ဘာသာစကားဖြင့် ပြောဆိုဆက်သွယ်၍မရနိုင်ဟု သတ်မှတ်ထားခဲ့မိသည်။
ယခု သွေးနွယ်ရှင်လက်စွပ်အတွင်းမှ ထိုမီးလျှံအသိစိတ်ထံမှ ပထမဆုံးအကြိမ် စကားသံကြားလိုက်ရသောအခါ ရှီယန် မည်မျှ အံ့အားသင့်သွားသည်ကို မှန်းကြည့်လို့ရပါသည်။

ယခုတော့ ထို အေးစိမ့်ရေခဲမီးလျှံ၏ အသိစိတ်သည် ဘာသာစကားကို နားလည်ရုံမျှမက ကောင်းကောင်းကြီး ပြောဆိုဆက်သွယ်နိုင်စွမ်းရှိကြောင်း ရှီယန် သဘောပေါက်သွားပြီဖြစ်သည်။
အရင်တုန်းက အေးစိမ့်ရေခဲမီးလျှံက သူ့ကို စကားမပြောခဲ့ခြင်းသည် သူ့ကို လုံးလုံး စောက်ဂရုမစိုက်ခဲ့၍သာဖြစ်မှန်း သူ နားလည်သွားလေသည်။
တကယ်တော့ အေးစိမ့်ရေခဲမီးလျှံအတွက်လဲ ရှီယန့်ကို စကားပြောစရာ အကြောင်းလုံးလုံးမရှိပါ။
ကမ္ဘာတည်စဉ်ကတည်းက စတင်တည်ရှိခဲ့သော အေးစိမ့်ရေခဲမီးလျှံ၏ အမြင်တွင်လဲ ရှီယန်သည် သနားစရာ အားနည်းသော ငမိုက်သား လူသားမျိုးနွယ်ကောင်လေးသာဖြစ်ပါသည်။
တကယ်လဲ သူ့အနေဖြင့် ရှီယန့်၏ အသိစိတ်ကို မိနစ်ပိုင်းအတွင်း ၀ါးမျိုပစ်နိုင်စွမ်းရှိ၏။
သူတကယ်တမ်း မနိုင်တာက သွေးနွယ်ရှင်လက်စွပ်ကိုသာဖြစ်သည်။

ဒီတစ်ကြိမ်တော့ ရှီယန်၏ အသိစိတ် သွေးနွယ်ရှင်လက်စွပ်ထဲ ၀င်လာသည်နှင့်တပြိုင်နက် အေးစိမ့်ရေခဲမီးလျှံက ချက်ခြင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုအသံက တစ်စုံတစ်ရာကို အလွန် စိတ်ဝင်စားနေပြီး ထိုအရာကြောင့် အလွန်ပျော်ရွှင်နေသည့်ပုံပေါ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Où les histoires vivent. Découvrez maintenant