အပိုင်း ၁၂၆

2K 199 5
                                    

God of Slaughter (chapter – 126)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၂၆) ဒေါသမုန်တိုင်း ဒုတိယအဆင့်

လေပြေလေးက ရှီယန်နှင့် ရှာစင်းယန်ကို တတိယထပ် အခန်းတစ်ခန်းရှေ့သို့ ခေါ်ဆောင်သွားသည်။
လေပြေလေးက တံခါးခေါက်လိုက်ရင်း ရိုသေစွာ အသိပေးလိုက်သည်။
“ဂိုဏ်းခွဲမှူး ဂျူ…သူတို့ ရောက်လာပါပြီရှင်..”

“သူ့ကို လွှတ်လိုက်လေ…”
တံခါးနောက်ဖက်ဆီမှ မိန်းမတစ်ယောက်၏ ပျင်းတိပျင်းရွဲလေသံ ထွက်ပေါ်လာသည်။

“ဂိုဏ်းခွဲမှူး ဂျူ…မိန်းကလေးလဲ ပါလာပါတယ်…”
လေပြေလေးက ရှာစင်းယန်ကို တစ်ချက်ကြည့်လိုက်ရင်း ဆက်ပြောသည်။

“သြော်…သူမကို စောင့်ခိုင်းထားလိုက်လေ…”
ထိုအမျိုးသမီးက ထူးမခြားနားလေသံဖြင့်ပြောသည်။

လေပြေလေးက ခေါင်းငြိမ့်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ရှီယန့်ကို အထဲဝင်သွားရန် အမူအယာပြလိုက်၏။

ရှီယန်က ထိုအချိန်မှ ရှာစင်းယန်၏ လက်ကလေးကို လွှတ်ပေးလိုက်သည်။
ပြီးနောက် အခန်းထဲသို့ သက်တောင့်သက်သာ လျှောက်ဝင်သွားလိုက်သည်။

သူဝင်သွားပြီးသည်နှင့် လေပြေကလေးက တံခါးကိုပြန်ပိတ်လိုက်ကာ ရှာစင်းယန်ကို စပ်စုလိုစွာဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လို့နေသည်။

ထိုအခန်းက တော်တော် ကျယ်ကျယ်ဝန်းဝန်းရှိသည်။
မီတာငါးဆယ်ပတ်လည်ခန့်ပင်ရှိလိမ့်မည်ထင်သည်။
နူးညံ့သော ကော်ဇောခင်းထားပြီး နံရံများပေါ်တွင် လိင်စိတ်နှိုးဆွစေသော ပန်းချီကားများ ချိတ်ဆွဲလို့ထားသည်။
ပင်လယ်ခေါင်ခေါင်တွင်ပင် ခုမှ အပင်ကခူးထားသကဲ့သို့ လတ်ဆတ်သောသစ်သီးများနှင့် ၀ိုင်ပုလင်းတစ်လုံးကိုလဲ စားပွဲပေါ်၌တည်ခင်းထား၏။

အနီရောင်ဇာခန်းဆီးအနောက်ဖက်ရှိ အိပ်ယာပေါ်တွင် တံလျှပ်လို တောက်ပသော မျက်ဝန်းများနှင့် ဖြူစင်သော အသားအရေရှိသည့် အမျိုးသမီးတစ်ဦးက ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်သော အမူအယာဖြင့် လဲလျောင်းလျက်ရှိသည်။
သူမ၏ နှုတ်ခမ်းပေါ်တွင် မွေးရာပါ အမှတ်ကလေးတစ်ခုရှိပြီး ဒါလေးကြောင့် သူမက ပိုပြီး ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိနေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now