အပိုင်း ၁၆၁

1.9K 195 1
                                    

God of Slaughter (chapter – 161)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၁) ငါနင့်ကို အမြဲစောင့်မျှော်နေမယ်

မှောင်မဲနေသော တိမ်တိုက်များက ကောင်းကင်ထက်တွင် စုဝေးလာနေသည်။
ပင်လယ်လေညှင်းက လေပြင်းသဖွယ် စတင်ပြောင်းလဲလာနေပြီဖြစ်သည်။
မိုးသက်မုန်တိုင်းကျရောက်လာတော့မည့် ရှေ့ပြေးနိမိတ်ပင်ဖြစ်လေသည်။

ခနအကြာတွင်တော့ ပင်လယ်ပြင်ကြီးက ငြိမ်သက်မနေတော့ပါ။
ပင်လယ်ပြင်ထက်တွင် အားကောင်းသော လှိုင်းလုံးကြီးများ စတင်ရုန်းကြွလာပြီဖြစ်သည်။

လှိုင်းလုံးများကြားတွင် အလယ်အလတ်အရွယ်အစားသာရှိသော သူတို့လှေကို ရွက်လွှင့်ဖို့ အလွန်ခက်ခဲလို့လာသည်။

ကုန်းပတ်ပေါ်တွင်တော့ လင်ဒါ၏ ဆံနွယ်များက လေပြင်းနှင့်အတူ တဖြတ်ဖြတ်လွင့်လျှက်ရှိကြသည်။
သူမက ဂျက်နှင့် အခြားလူများကို အရေးတကြီး ညွှန်ကြားနေသည်။
အားလုံးက လေပြင်းမုန်တိုင်းထဲတွင် လှေကို ထိန်းသိမ်းရန် ကြိုးစားရုန်းကန်နေကြရသည်။
မိုးသက်မုန်တိုင်းက သူတို့ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်ပြင်းထန်လို့လာသည်။

လေပြင်းက ပို၍ပို၍သာ အားကောင်းလာလျှက်ရှိသည်။
ပင်လယ်လှိုင်းလုံးကြီးများကလဲ ပိုမို ကြီးမားလာသည်။

သူတို့လှေက အန္တရယ်ကြီးမားစွာဖြင့် မျောပေါနေရသည်။
လင်ဒါကိုယ်တိုင်ပင် စိတ်ပူစပြုလာပြီဖြစ်သည်။
သူမ၏ အသက်ရှူသံများက ပြင်းထန်နေပြီး အနည်းငယ်မျှပင် အနားမယူရဲပါ။

ရှီယန်က လှေဦးထိပ်တွင် မြဲမြံစွာ ရပ်နေရင်း မျက်မှောင်ကြီးကြုံ့လျှက်ရှိသည်။
သူ၏ အမူအယာကလဲ လင်ဒါ့လိုပင် အသည်းအသန်ဖြစ်နေပါသည်။

ဒီမုန်တိုင်းက ဘာမှ အချက်မပေးပဲ ဗြုန်းစားကြီး ကျရောက်လာခဲ့ခြင်းဖြစ်သည်။
ခုနလေးတင်မှ နေသာနေသေးသည်။
ပြီးတော့ ရုတ်ချည်းပင် မိုးတိမ်မည်းများ စုဝေးလာပြီးနောက် မုန်တိုင်းဝင်လာခြင်းဖြစ်သည်။
ထို့ကြောင့် ပိုထူးဆန်းနေခြင်းဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Tahanan ng mga kuwento. Tumuklas ngayon