အပိုင်း ၁၈

3K 309 4
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (18)
God of Slaughter

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၈) လိုက်ခဲ့မည်

     မြေပြင်ပေါ်လဲကျသေဆုံးသွားသော ကြယ်တစ်မန်တော်ထံမှ ကီစွမ်းအင်များ စီးထွက်လာသည်။

ရှီယန်က ထိုအလောင်းနံဘေးတွင် သိုင်းကွက်နင်းရင်း မသိမသာ နှစ်ပတ်သုံးပတ်ခန့်လှည့်ပတ်လှည့်ပတ်နေလိုက်သည်။သူ့မရီဒျန်များထဲသို့ ကီစုစည်းမှုအသစ်များစီးဝင်လာသည်ကိုခံစားလိုက်ရသည်။

ထို့နောက် ရှီယန်က သူ့ ဓါးမြှောင်ကို ၀င့်လိုက်ရင်း (အနက်ရောင် အလင်းလွှာ) ကိုဖော်ထုတ်လိုက်သည်။ကြယ်တမန်တော်များအကြားတွင် လှစ်ကနဲ လှစ်ကနဲလှုပ်ရှားရင်း သူတို့၏တိုက်ခိုက်မှုများကို ခုခံရှောင်တိမ်းကာ ပေးနိုင်သမျှဒဏ်ရာဒဏ်ချက်များပေးထားခဲ့သည်။

ကြယ်တမန်တော်သုံးယောက်သည် အရိုးပျော့အဆိပ်ဒဏ်ကို အပြည့်အ၀ခံစားနေရသောကြောင့် သူတို့၏လှုပ်ရှားမှုများက နှေးကွေးကာ အားမပါပဲဖြစ်နေကြသည်။
ရှီယန်၏ သည်းကြီးမည်းကြီးတိုက်ခိုက်မှုများကြောင့် သူတို့သုံးယောက်က ရှီယန့်ကို ကြိဂံပုံစံ ၀ိုင်းလိုက်ရင်း တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်မှုများကို ချိတ်ဆက်လိုက်ကြသည်။

သို့သော်လည်း ရှီယန့်အတွက်တော့ ဘာမှထူးခြားလာပုံမရပဲ သူတို့မြင်ကွင်းထဲမှ တစ္ဆေတစ်ကောင်လို ရိပ်ကနဲ ပျောက်ကွယ်သွားသည်။ရှီယန့်ဓါမြှောင်မှ ထွက်ပေါ်လာသော အေးစက်စက်အလင်းတန်းများကိုသာ ခံစားလိုက်ကြရ၏။

“အား….”
ကြယ်တမန်တော်တစ်ယောက်၏နောက်ကျောတွင် ဓါးမြှောင်စာတစ်ချက်မိသွားသည်။သူဘာမှမတတ်နိုင်ပဲ အသည်းအသန် အော်ဟစ်လိုက်သည်။
“ဒီ ခွေးမသားကို အရင်သတ်ကြဟ…”

အခြားကြယ်တမန်တော်နှစ်ဦးက ခေါင်းငြိမ့်လိုက်ကြပြီး ရွယ်စင်း ဒီယာလန်းနှင့် ဟူလုံတို့ကို ထားခဲ့လိုက်ကာ ရှီယန့်ဘက်လှည့်လာကြသည်။ကြယ်တမန်တော်သုံးဦးက ကီစုစည်းမှုများကိုထုတ်ဖော်လိုက်ကြပြီး သူတို့လက်များမှ သက်တန့်ရောင်လို ရောင်စုံ အလင်းတန်းများဖြင့် ပစ်ပေါက်တိုက်ခိုက်လိုက်ကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now