အပိုင်း ၄၉

2.8K 241 1
                                    

God of Slaughter (chapter – 49)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၄၉) ပဟေဠိ

     မြေဆွဲအား ခန်းဆောင်ထဲတွင်…

ခန်းမအလည်ရှိ ကြီးမားလှသော ဆူးတင်းပုတ်ကြီးတစ်ခုဘေး
ရှီယန်က သူ့တစ်ကိုယ်လုံးကို ကျောက်ခန္ဓာအဖြစ် ပြောင်းလဲထားပြီး ဆူးတင်းပုတ်ကြီးကို ပြင်းထန်စွာ ထိုးနှက်ကန်ကျောက်နေသည်။

ဆူးတင်းပုတ်ကြီးက ခုနှစ်မီတာခန့်ရှည်ပြီး သုံးမီတာခန့် ဗျက်ရှိသည်။မြေဆွဲအား ခန်းဆောင်အလည်တည့်တည့်တွင် နက်ရှိုင်းစွာ စိုက်ထူထားပြီး နက်ပြောင်နေသော ဆူးချွန်တိုလေးများ ပြည့်နှက်နေသည်။

ရှီယန့်တစ်ကိုယ်လုံးက ညိုမှောင်မှောင်အရောင်သမ်းနေပြီး အသက်ကို ပြင်းထန်စွာရှူနေသည်။ဆူးတင်းပုတ်ကြီးဘေးတွင် လှည့်ပတ်လှုပ်ရှားနေရင်း သူ့ကိုယ်သူ ဆူးတင်းပုတ်ကြီးထံ ပစ်ရိုက်နေသည်။ ပုခုံးဖြင့်ပစ်ဆောင့်သည်။လက်မောင်းဖြင့်ရိုက်သည်။ နောက်ကျောဖြင့်တိုက်သည်။ခြေထောက်ကားကာ ခွဆုံဖြင့်ဝင်ဆောင့်သည်။

မြေဆွဲအားခန်းဆောင်ဆီမှ မိုးထစ်ခြုန်းသလို တဂျိန်းဂျိန်းအသံများ အဆက်မပြတ်ထွက်ပေါ်နေ၏။

ကျောက်ခန္ဓာသိုင်းဝိဥာဉ်၏ အဆုံးအစွန်စွမ်းအားများရရှိနိုင်ရန်အတွက် ထိုသူက အညှာအတာကင်းမဲ့သောနည်းလမ်းများဖြင့် လေ့ကျင့်ရ၏။မာကျောချွန်ထက်သောအရာဝထ္တုများအပေါ် ရိုက်နှက်လေ့ကျင့်ခြင်းဖြင့်သာ ခံနိုင်ရည်ပြည့်ဝအောင် လုပ်ယူရသည်။
ဒါမှ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ခံနိုင်ရည်ရှိပေလိမ့်မည်ဖြစ်သည်။

နက်မှောင်သော မြေဆွဲအားကျောက်တိုင်ကြီး ခုနှစ်တိုင်ကို ခန်းဆောင်ပတ်ပတ်လည်တွင်စိုက်ထူထားသည်။ယခု ရှီယန်လေ့ကျင့်နေသော မြေဆွဲအားခန်းဆောင်သည် အပြင်မှ သာမာန်မြေဆွဲအားထက် ခုနှစ်ဆ ပိုများ၏။

“ဘန်း…ဘန်း…ဘန်း…”

ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းလျှက် ရှီယန်က စိတ်ပါလက်ပါ လေ့ကျင့်နေသည်။တင်းပုတ်ကြီးကို ထိတွေ့လိုက်ချိန်တိုင်း ထိမိသည့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှ အညိုရောင်အလင်းများ ထွက်ပေါ်လာသည်။အညိုရောင်အလင်းလွှာလေးများက ခတ္တမျှဖြစ်တည်နေပြီးနောက် ပြန်လည်ပျောက်ကွယ်သွား၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now