အပိုင်း ၁၄၇

1.9K 184 0
                                    

God of Slaughter (chapter - 147)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၄၇) အခက်အခဲ

ရှီယန်က လှေ၏ ထောင့်တစ်ထောင့် လဲလျောင်းနေသည်။
သူက စွမ်းအင်လေ့ကျင့်နေခြင်းဖြစ်ပြီး သူ့ကီစုစည်းမှုကလဲ တဖြည်းဖြည်း ပြန်ကောင်းလာနေပြီဖြစ်သည်။

အေးစိမ့်ရေခဲမီးလျှံကို ချုပ်နှောင်ရန်အတွက် သွေးနွယ်ရှင်လက်စွပ်က သူ့စွမ်းအင်အားလုံးကို စုပ်ယူထားခဲ့သည်။
ရှီယန့်ကိုယ်ထဲတွင် အားအင် တစ်စက်မှမျက်သည်အထိ အကုန်အစင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူက သိုင်းပညာမလေ့ကျင့်သော သာမန်သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ရသည်။

ဒီရက်ပိုင်းအတွင်းတော့ သူ့ ဒန်တျန်နေရာရှိ ကီစုစည်းမှုများက အတန်အသင့် ပြန်လည် ပြည့်ဖြိုးလာကြပြီဖြစ်သည်။

ဆိတ်ငြိမ်စွာပင် စွမ်းအင်လေ့ကျင့်နေသောရှီယန်က စိုးရိမ်စိတ် စိုးစိမျှမရှိပါ။
ဆယ်ရက်ဆယ့်ငါးရက်အတွင်း သူ့ကီစုစည်းမှုက နဂိုအခြေအနေအတိုင်း ပြန်ကောင်းသွားမည်ဟု တွက်ဆပြီးသားဖြစ်သည်။

နေ့စဉ်နေ့တိုင်းလဲ သူ၏ ကြွက်သားများ အရိုးများကို အေးစိမ့်သော စွမ်းအင်တစ်မျိုးက အားဖြည့်ပေးနေသေးသည်။
သွေးနွယ်ရှင်လက်စွပ်က အအေးလှိုင်းအမျှင်လေးများမကို ထုတ်လွှတ်ပေးနေသည်မဟုတ်လား။

အအေးဓါတ်စွမ်းအင်အများစုက သူ့အသွေးများ အသားများ အရိုးများအထိ ဖြန့်ကျက်ကာ ရိုးတွင်းချင်ဆီတိုင်အောင် ပျံ့နှံ့နေပြီဖြစ်သည်။
ရှီယန့်ခန္ဓာကိုယ်က အအေးဓါတ်များကို အပြည့်အ၀သောက်သုံးကာ အအေးဓါတ်ပြီးသောအဆင့်အထိပင် ရောက်ရှိလို့နေပြီဖြစ်သည်။

အအေးဓါတ်အများစုက သူ့သွေးများနှင့် ရောနှောသွားခဲ့ပြီဖြစ်သည်။

သူက ဒေါသမုန်တိုင်း ဒုတိယအဆင့်ကို လေ့ကျင့်စဉ် အအေးဓါတ်များ မတော်တဆ စုပ်ယူမိချိန်ကတည်းကစ၍ သူ့သွေးများက သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူ့သွေးများထဲတွင် အအေးဓါတ်စွမ်းအင် ပမာဏအများကြီးကို သိုဝှက်ထားခြင်းကဲ့သို့ပင်ဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Opowieści tętniące życiem. Odkryj je teraz