အပိုင်း ၁၄၀

2.2K 216 2
                                    

God of Slaughter (chapter – 140)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၄၀) ကောင်းကင်မီးလျှံ

ရှီယန်နှင်း ရှာစင်းယန်က မီတာသုံးထောင်အကွာမှာဖြစ်သည်။
ရေခဲတုံးကြီး ပျက်စီးယိုယွင်းလာသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိကြသည်။
သူတို့ပတ်ဝန်းကျင်တွင် မျက်နှာစိမ်းသိုင်းသမား ဆယ်ယောက်ခန့်လဲရှိသည်။သူတို့သည်လဲ ထွက်သွားဖို့ စိတ်မပါဖြစ်နေကြပုံရသည်။
ရှီယန်နှင့် ရှာစင်းယန်ကဲ့သို့ပင် အင်အားစု လေးခုမှ အတင်းအကြပ် နှင်လွှတ်သောကြောင့်သာ ထွက်ခွာလာရသူများဖြစ်သည်။

သို့သော်လည်း လူတစ်ယောက်က တပ်မက်စိတ်ဖြစ်ပေါ်လာပြီဆိုလျှင် တားဆီးဖို့ရန်ခက်ခဲပေသည်။
သူတို့အတွက် မျှော်လင့်ချက်မရှိသော်လည်း ရေခဲတုံး၏ လျှို့ဝှက်ချက်ကို ရိုးတိုးရိပ်တိပ်ကလေးများမြင်ရလေမလားဟူ၍ တရစ်ဝဲဝဲ ဖြစ်နေကြသူများဖြစ်သည်။

''အုန်း ...''

ရေခဲတုံးကြီး အက်ကွဲသွားသံက ထုထည်ကြီးမားလှစွာထွက်ပေါ်လာသည်။
မြေငလျင်များလှုပ်ခါလာပြီး နောက်တဖန် ချော်ရည်ပူများ စီးကျလာပြန်ကာ တောင်များပင် ပြိုကျကုန်သည်။
ယခုတစ်ခေါက် မြေပြင်က ထပ်မံအက်ကွဲသွားသည်အခါတွင်တော့ မရေမတွက်နိုင်သော ရေခဲထုချွန်ကလေးများပါ ထိုးထွက်လာသည်။
ကုန်းမြေက ရေခဲတုံးများဖြင့် ဖုံးလွှမ်းသွားသည့်နှယ်ပင်ဖြစ်၏။

ရှီယန်တို့က ပြောင်းလဲသွားသောမြင်ကွင်းကိုကြည့်ကာ နားမလာနိုင်အောင်ဖြစ်သွားကြသည်။အင်အားစုလေးခုကတော့ ရှိရှိသမျှ ခွန်အားကိုအသုံးပြုကာ ဆက်လက် ထုနှက်နေကြသည်။

ရေခဲစိုင်ကြီးမှထွက်ပေါ်လာသော ကြည်လင်သည့် အအေးလှိုင်းက ဆယ်ဆမျှ ပိုမိုသိပ်သည်းလာသည်။
မြေငလျင်လှုပ်ခတ်မှုက တဖြည်းဖြည်း နှေးကွေးသွားသော်လည်း အေးစက်သောလေထုကြီးက မြေပြင်ကို အပြည့်အဝ ခြုံလွှမ်းသွားပြီဖြစ်သည်။
ချော်ရည်ပူများသည်ပင် တဖြည်းဖြည်း အေးလို့သွားပြီဖြစ်သည်။

အအေးလှိုင်းများက ရေခဲစိုင်ကြီးထံမှအဆက်မပြတ် ထွက်ပေါ်နေသည်။အန္တရာယ်ရှိနိုင်သည်အထိ အေးခဲလှသော လေထုက အလွန်လျှင်မြန်သောနှုန်းဖြင့် အဖက်ဖက်သို့ ရွေ့လျားသွားနေဆဲဖြစ်သည်။
မြေငလျင်ဒဏ်ကြောင့် အမြစ်မှကျွတ်ကာ လဲကျနေသော သစ်ပင်ကြီးများပင် ရေခဲတုံးများအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။ရေခဲတွေက အလင်းပြန်ကာ မြေပြင်တစ်ခုလုံး ဖွေးလက်လျှက်ရှိသည်။
သို့သော်လည်း ဤမျှဖြင့် ရပ်တန့်သွားမည့်အနေအထားမရှိ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now