အပိုင်း ၇၉

2.5K 232 0
                                    

God of Slaughter (chapter – 79)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၇၉) သေခြင်း ရှင်ခြင်း နိမိတ်တော်

ကျောက်တုံးအဆောက်အုံ၏ တတိယထပ်

ရှီယန်၏ လက်သူကြွယ်ရှိ သွေးနွယ်ရှင်လက်စွပ်က သာမာန်ပြန်ဖြစ်သွားပြီဖြစ်သည်။
ရှီယန်ကတော့ ငြိမ်သက်စွာထိုင်နေဆဲဖြစ်ပြီး ခပ်မှိန်မှိန်အလင်းရောင်တစ်ချက် သူ့မျက်လုံးများတွင်ဖြတ်ပြေးသွားသည်။

အတန်ကြာပြီးနောက် ရှီယန့်မျက်လုံးများက နဂိုအတိုင်း အနက်ရောင်ပြန်ဖြစ်လာကြသည်။သူက ခေါင်းငုံ့စဉ်းစားနေရင်း ရေရွတ်လိုက်မိသည်။
“စစ်နတ်ဆိုးရဲ့ အမွေခံ…
သေခြင်းရှင်ခြင်းနိမိတ်တော်….
ငါ့ လျှို့ဝှက်ဆန်းကြယ်သိုင်းဝိဥာဉ်နဲ့ တွဲဖက်ရမယ့် သိုင်းပညာက တကယ့်ကို မှော်ဆန်တာပဲ…”

ရှီယန်က အံသြမှုများဖြင့် ပြည့်နှက်လို့နေကာ သူ့ကီစွမ်းအင်များကို သွေးနွယ်ရှင်လက်စွပ်အတွင်း ထပ်မံထိုးဖောက်ရန် ထပ်ကာထပ်ကာကြိုးစားနေသည်။
သူ ဘယ်လောက်ပင်ကြိုးစားသော်လည်း ထိုလက်စွပ်၏အတားအဆီးကို နောက်တစ်ဖန် မချိုးဖျက်နိုင်တော့ပါ။

အတန်ကြာကြိုးစားကြည့်ပြီးနောက် နောက်ဆုံးတွင်တော့ ရှီယန် လက်လျှော့လိုက်သည်။

လက်စွပ်က စိတ်ရှည်သော ဂုရုကြီးပမာပင်ဖြစ်သည်။ သူက အထူးသတ်မှတ်ထားသော အတားအဆီးကို ကျော်လွှားနိုင်စွမ်းရှိသည့်အခါမှ ၄င်းနှင့်သက်ဆိုင်သော ဆုလဘ်ကိုရရှိမည်ဖြစ်သည်။
သူ ပထမအကြိမ် လက်စွပ်၏အတားအဆီးကို ချိုးဖျက်နိုင်ခဲ့စဉ်က ဒေါသမုန်တိုင်းသိုင်းပညာကို ဆက်ခံရရှိခဲ့သည်။
ယခု ဒုတိယအကြိမ်တွင်တော့ သေခြင်းရှင်ခြင်းနိမိတ်တော်ဟူသောသိုင်းပညာဖြစ်၏။

ဒေါသမုန်တိုင်းသိုင်းပညာကို လက်ခံရရှိစဉ်ကကဲ့သို့ပင် သေခြင်းရှင်ခြင်းနိမိတ်တော်၏ ရှုပ်ထွေးသော ရှေးဟောင်း အမှတ်သညာများသည်လဲ သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ တံဆိပ်ခတ်နှိပ်ထားလိုက်ပြီဖြစ်သည်။
သူက ထိုအရာကို အာရုံပြုလိုက်သည်နှင့် သေခြင်းရှင်ခြင်းတံဆိပ်တော်နှင့်ပတ်သက်သော အမှတ်သညာများ သူ့စိတ်ထဲတွင် ချက်ခြင်းပင် ပုံပေါ်လို့လာလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now