အပိုင်း ၅၆

2.5K 237 0
                                    

God of Slaughter (chapter – 56)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၅၆) မီးတောင်ချော်နက် ကျောက်စာ နှင့် လိပ်နဂါး သံချပ်ကာ

     ဇူရှီက တတိယထပ်တွင် ခနလျှောက်ကြည့်ပြီးနောက် ပျင်းရိငြီးငွေ့သွားသည်။သူမက ကြမ်းပေါ်ချထားသောလိပ်ခွံဘေးတွင်သွားရပ်နေရင်း ရှီယန့်ကိုသာ စောင့်နေလိုက်သည်။

နာရီဝက်ခန့်ကြာသောအခါကျမှ ရှီယန်က လှေကားမှ အေးအေးဆေးဆေး တက်လာသည်။သူက အစိမ်းရောင်တောက်တောက်ဝတ်စုံကို ၀တ်ဆင်ထားပြီး သန့်ပြန့်ခန့်ငြားနေသည်။

သို့သော်လည်း ဇူရှီက တစ်ချက်သာကြည့်ပြီးနောက် သူမရှေ့မှလိပ်ခွံကိုသာ ပြန်ကြည့်ကာ စိတ်မရှည်နိုင်ဟန်ဖြင့်ပြောလိုက်သည်။
“နင့်ကိစ္စပြီးပြီဆိုရင် မြန်မြန် ကြည့်လိုက်ကြရအောင်…ငါစောင့်နေတာကြာလှပြီ…”

ဇူရှီက ဆွဲဆောင်မှုရှိသောယောက်ျားများစွာ မြင်ခဲ့ဖူးပြီးသားဖြစ်သည်။ဇူမိသားစုမှလူငယ်များသည်လည်း ကြည့်ကောင်းကြသည်သာ…။ယောက်ျားတို့၏ချောမောခန့်ငြားမှုများအပေါ် သူမ စိတ်မလှုပ်ရှားတော့။

“ဟေး…ကောင်မလေး…မင်းကသာ လူတွေကို စောင့်ဆိုင်းစေလေ့ရှိတယ်မဟုတ်လား…မင်းက တစ်ယောက်ယောက်ကို မစောင့်ဆိုင်းဖူးရင် အဲ့ဒါ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းဘယ်လိုသိမှာလဲ…”
ရှီယန်က ရှီယန်က တမင် စကားလုံးကြီးကြီးတွေပြောခါ နှာခေါင်းရှုံ့လိုက်ရင်း စာအုပ်စင်ကြီးတွေအနီးသို့လျှောက်သွားသည်။သူ့ခေါင်းထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော မှတ်ဥာဏ်များကို အသုံးပြုရင်း ဖုန်တက်နေသော ရှေးဟောင်းစာအုပ်ကြီးတစ်အုပ်ကို ဆွဲထုတ်လိုက်၏။ထို့နောက် ဇူရှီ၏ဘေးတွင်သွားရပ်လိုက်သည်။

ဇူရှီက ငေးစိုက်ကြည့်နေမိသည်။ရှီယန့်စကားလုံးများက သူ့စိတ်ကို လက်ကနဲဖြစ်သွားစေသည်။သူမက အသာခေါင်းငြိမ့်လိုက်ရင်း သဘောတူလိုက်သည်။
“နင်ပြောတာမှန်တယ်…အမြဲတမ်းပဲ…သူများတွေက ငါ့ကိုစောင့်နေရတာချည်းပဲ…ငါတစ်ယောက်ယောက်ကို ဘယ်တုန်းကမှ မစောင့်ခဲ့ဖူးဘူး…သြော်…တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေရတဲ့ခံစားချက်က ဒီလိုကိုး…ဒါနဲ့များတောင် သူတို့က ဘာဖြစ်လို့ ဂျီးမများပဲ အကြာကြီးစောင့်ကြတာလဲမသိဘူးနော်…ငါအကြာကြီးစောင့်ခိုင်းထားတာတောင် ငါ့ကိုတွေ့ရင် အပြုံးတွေအပြည့်နဲ့ ရွှန်းရွှန်းဝေအောင်ပြောနိုင်ကြသေးတယ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now