အပိုင်း ၈၅

2.2K 217 0
                                    

God of Slaughter (chapter – 85)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၅) ကျွမ်းကျင်သူ

ထို လူထူးဆန်းကြီးက ရွံ့နွံများကို အလွယ်တကူ ဆန့်ကျင်နိုင်စွမ်းရှိဟန်တူသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ စိမ်းပုတ်ပုတ်ကြေးခွံများကလဲ သူ့အသွင်အပြင်ကို ပို၍ ကြောက်စရာကောင်းစေသည်။

သူက ဒေါသတကြီးဖြင့်အော်ဟစ်လိုက်ချိန်တွင် အဆိပ်မြူခိုးများက ပတ်ဝန်းကျင်တွင် စုဝေးလို့လာသည်။
တဖြည်းဖြည်းသိပ်သည်းလာနေသော အခိုးအငွေ့များက သူတို့အပေါ်တည့်တည့်တွင် အဆိပ်တိမ်တိုက်ကြီးသဖွယ်စုဝေးလို့လာလေသည်။

ဝေါ…ဝေါ…ဝေါ…
တိမ်တိုက်အတွင်းမှ အစိမ်းရောင် အဆိပ်မိုးဖွဲများ ရွာချလာလေတော့သည်။

ချီရှောင်းက မျက်နှာပျက်သွားပြီးနောက် အော်ဟစ်လိုက်သည်။
“ဇုအာချီ…မင်းငါတို့ကို နှောက်ယှက်ရဲသလား…”

တစ်ချိန်ထဲမှာပင် ချီရှောင်းက အ၀တ်စလေးတစ်ခုကို ဆွဲထုတ်ပြီး ဝှေ့ယမ်းလိုက်သောအခါ ထိုအရာက တဖြည်းဖြည်းပြန့်ကားသွားပြီးနောက် ငွေရောင် ကန့်လန့်ကာတစ်ခုဖြစ်သွားကာ သူတို့လူစုကို အုပ်မိုးထားလိုက်လေတော့သည်။

အဆိပ်မိုးများက ငွေရောင်ကန့်လန့်ကာပေါ်သို့ ကျရောက်ပြီး အစွန်းများမှ စီးကျကာ နွံအိုင်အတွင်း ကျဆင်းသွားကြလေတော့သည်။

“ငွေကန့်လန့်ကာ…”

ရုပ်ဆိုးကြီးက မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။
“သြော်…မင်းက ငွေကန့်လန့်ကာကိုတောင် ယူလာတယ်ပေါ့…ချီရှောင်း… မင်းငါ့ကို တိုက်ခိုက်ဖို့ သေချာပြင်ဆင်လာတာပဲ…”

“ရပ်လိုက်….”
ရုပ်ဆိုးကြီး လှုပ်ရှားတော့မည့်ဟန်ကိုမြင်တွေ့ရသောအခါ ချီရှောင်းက အလောတကြီးအော်ဟစ်လိုက်သည်။
“ဇုအာချီ..မင်းမှားနေပြီ…ငါမင်းကိုတိုက်ဖို့လာတာမဟုတ်ဖူး…ခေါင်းကိုးလုံးမြွေနဂါးကိုတိုက်ဖို့လာတာ…ငါ ငွေကန့်လန့်ကာကိုယူခဲ့တာက သူ့ရဲ့ အဆိပ်ငွေ့တွေကို ကာကွယ်ဖို့ကွ….”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Onde histórias criam vida. Descubra agora