အပိုင်း ၁၁၂

2.2K 253 4
                                    

God of Slaughter (chapter – 112)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၂) လူသားတတိယအဆင့်

သေမင်းနွံတော၏ အရှေ့ဖက်ခြမ်း…

ရှီယန်က မြေကြီးပေါ်တွင် တင်ပလ္လင်ခွေထိုင်နေရင်း မျက်လုံးများ မှိတ်လို့ထားသည်။
သူ့ခန္ဓာကိုယ်အပူချိန်က တဖြည်းဖြည်းမြင့်တက်လာသောကြောင့် သူ့အသားရောင်က အနီရောင်သန်းလာသည်။

နဖူးပေါ်မှချွေးစက်များ စီးကျလာသော်လည်း သူ့ခန္ဓာကိုယ်အပူချိန်ကြောင့် လျှင်မြန်စွာ အငွေ့ပြန်လို့သွားကြသည်။

ရှီယန့်ခန္ဓာကိုယ်မှ အငွေ့များထွက်ပေါ်လာသည်။
အပူချိန်တိုးလာသောကြောင့် အငွေ့ပျံခြင်းကလဲ ဆက်လက်ဖြစ်ပေါ်နေသည်။

ရှီယန့်မျက်နှာက တည်ကြည်လေးနက်နေသည်။
သူက နာကျင်မှုကို စတင်ခံစားလာရဟန်တူ၏။

ရှောင်ဟန်ရီက သူ့ဘေးတွင် ငြိမ်သက်စွာရပ်နေရင်း ရှီယန့်အခြေအနေကို သေချာအကဲခတ်လျှက်ရှိသည်။

သိချင်စိတ်ပြင်းပြနေသော ရှူရာတမန်တော်အချို့ကလဲ အနီးအပါးသို့ ရောက်ရှိလာကြသည်။
သို့သော်လည်း ရှောင်ဟန်ရီ၏ အကြည့်အောက်တွင် သူတို့က တိတ်တဆိတ်သာ စောင့်ကြည့်နေကြသည်။
ရှီယန့်ကိုအနှောက်အယှက်ဖြစ်သွားစေမည့်အသံတစ်သံပင် မထွက်ရဲကြပါ။

အချိန်မည်မျှ ကြာသွားပြီမသိ ရှီယန့်ခန္ဓာကိုယ်က မသိမသာ တုန်ယီလာသည်။
ချွေးများက ရေသွန်သလို စီးကျလာသောကြောင့် အငွေ့ပျံရာမှအခိုးအငွေ့များကလဲ ပိုမိုများပြားလာသည်။

အစကနေ အခုအချိန်အထိ ရှီယန်က တစ်ချက်ကလေးမှ မငြီးငြူခဲ့ပါ။
အချိန်များ ပိုမိုကုန်လွန်သွားချိန်တွင် ရှီယန့်မျက်နှာကလဲ ပိုမိုတင်းမာလာသည်။
သူ့ခန္ဓာကိုယ်တွင်းမှ နာကျင်မှုကို ရင်ဆိုင်တိုက်ခိုက်နေရဟန်တူ၏။

ရှောင်ဟန်ရီက အင်မော်တယ်ဆေးလုံးကို စုပ်ယူချေဖျက်ရာတွင် နာကျင်ခံစားမှုများရှိမည်ဖြစ်ကြောင်းတော့ ပြောဆိုခဲ့ပါသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Tempat cerita menjadi hidup. Temukan sekarang