အပိုင်း ၁၁၄

2.1K 215 1
                                    

God of Slaughter (chapter – 114)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၄) ရှီတေး၏သေဆုံးခြင်း

ရှီတေး၏မျက်နှာက မည်းမှောင်နေသည်။
သူက ရှီမိသားစုမှ သက်တော်စောင့် ခုနှစ်ယောက်နှင့်အတူ တိအန်းမြို့ထဲထွက်လာသည်။

ရှီမိသားစုမှ ဇူမိသားစုသို့ သွားသောလမ်းတစ်လျှောက်ရှိ လမ်းများအားလုံးလိုလိုမှာ ဈေးတန်းလမ်းများ ပွဲရုံလမ်းများဖြစ်သောကြောင့် လူစည်ကားလှသည်။
သူတို့ ဖြတ်သန်းလာသောအခါ လူအုပ်ကြီးက လမ်းဖယ်ပေးကြ၏။

ရှီတေးက သုန်သုန်မှုန်မှုန်ဖြင့် မြင်းတစ်ကောင်ပေါ်တွင်လိုက်ပါလာကာ ဇူခွားကို ဘာတွေဘယ်လိုပြောရမလဲ စဉ်းစားလာခဲ့သည်။

ခနနေတော့ ရှီတေးတို့လူစုက တိတ်ဆိတ်သောလမ်းကြားလေးသို့ ရောက်ရှိလာကြသည်။

တကယ်တော့ ထိုလမ်းကြားက ဈေးလမ်းကြားမဟုတ်သော်လည်း ဖြတ်သန်းသွားလာသူ တစ်ယောက်စနှစ်ယောက်စရှိတတ်ပါသည်။

ယနေ့တော့ ဒီလမ်းကြားက လုံးဝ တိတ်ဆိတ်လို့နေ၏။
ခွေးတစ်ကောင် ကြောင်တမြီးမှပင်မတွေ့ရ။

တိအန်းမြို့က မငြိမ်မသက်ဖြစ်နေချိန် လူတွေက အိမ်ပြင်သိပ်မထွက်ကြသောကြောင့် ရှီတေးက အလေးအနက်မထားမိပါ။
သူတို့လူစုက ခပ်သုတ်သုတ် သွားနေကြသောကြောင့် တိတ်ဆိတ်သောလမ်းကြားလေး၏ အလယ်သို့ အလျှင်အမြန်ပင်ရောက်ရှိလာကြသည်။

ရှီတေး၏မျက်နှာက တည်ကနဲတစ်ချက်ဖြစ်သွား၏။

ဝုန်း…

လမ်းမ၏ဘေးတစ်ဖက်ရှိနံရံက ရုတ်တရက် ပွင့်ထွက်လို့သွား၏။
ကျောက်တုံးကြီးများ တစ်လုံးပြီးတစ်လုံး ရှီတေးတို့ထံ ပစ်လွင့်လာသည်။

ထိုအချိန်မှာပင် တစ်ဖက်တစ်ချက်အိမ်ခေါင်မိုးပေါ်မှလူရိပ်များက သိန်းငှက်အစာသုတ်သလို ပျံဝဲလာကြ၏။

၎င်းတို့နှင့်အတူ ကြီးမားကျယ်ပြန့်လှသော ပိုက်ကွန်ကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆိုလွှမ်းခြုံလာသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now