အပိုင်း ၆

3.9K 450 2
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား Chapter (6)
  (God of Slaughter)

Author   :Ni Cang Tian
Translate by   :Soe Paing Hmue

အခန်း ( ၆ ) အင်မော်တယ် သိုင်းဝိဥာဉ်

     သည်းအူပြတ်အဆိပ်က သူ့ဝမ်းထဲထိ တောက်လျှောက်စီးဝင်သွားသည်။ထုံဖျင်းဖျင်းနာကျင်မှု အရှည်ကြီးကိုရှီယန်ခံစားလိုက်ရသည်။သူ့အူနှင့် အစာအိမ်နံရံများသည် ဆာလဖြူရစ်အက်ဆစ်ဖြင့် စားသကဲ့သို့ တဖြည်းဖြည်းတိုက်စားခံလာရသည်။အတွင်းမှ နာကျင်မှုသည် မှန်မှန်ကြီး ပြင်းထန်လာနေ၏။

''သည်းအူပြတ်အဆိပ်က သူ့အစွမ်းကို ချက်ချင်းမပြဘူး...ဒါပေမယ့် ဖြေးဖြေးမှန်မှန် ထုတ်လွှတ်ပေးတာ...သာမာန်လူတစ်ယောက်ကတော့ သုံးလေးရက်အတွင်း တိုက်စားခံရပြီး ယိုယွင်းနေတဲ့ခန္ဓာကိုယ်ကြီးနဲ့ သေသွားတယ်...''
မာစတာကာရုမျက်လုံးများမှေးစင်းလိုက်ပြီး ဆက်ပြောလိုက်သည်။
''မလောပါနဲ့ဦး..တစ်ရက်လောက်စောင့်ကြည့်တာပေါ့''

''ကောင်းပြီလေ..ကျမတို့ နောက်တစ်နေ့ည ခုလိုချိန်မှာ သူ့ကိုပြန်စစ်ဆေးတာပေါ့...''

မိုယန်းယီက စိတ်ကျေနပ်သွားဟန်ဖြင့် ရှီယန့်ကိုတစ်ချက်ကြည့်လိုက်ပြီး မာစတာကာရုနှင့်အတူ ပျော်ရွှင်စွာထွက်ခွာသွားလေသည်။

''ဟီးဟီးဟီး...ကောင်လေးရေ မင်းရဲ့ အကောင်းဆုံးနေ့ရက်တွေတော့ အဆုံးသတ်ခါနီးပြီ..."

ဂျွန်ဆင်က သွားများကိုဖြီးရင်း ကျယ်လောင်စွာရယ်မောနေသည်။ရုတ်တရက်ပင် တစ်စုံတစ်ခုကိုစဉ်းစားမိကာ အရယ်ရပ်သွားသည်။

''နေပါဦး..ဒီကောင်ကချက်ချင်းသေသွားမှာမဟုတ်သေးဘူး..ဟူး..ငါ့အတွက်တာဝန်ပိုကြီးလာပြီပဲ...''

ရှီယန် ခေါင်းငုံ့ထားသည်။မျက်လုံးများကတော့ အေးစက်တင်းမာနေသည်။သူ့ဝမ်းဗိုက်အတွင်းအဆိပ်များက တိုက်စားနေမှုကို ရှီယန်ခံစားနေရသည်။ပုရွတ်ဆိတ်သန်းနှင့်ချီ၍ တတိတိ ကိုက်ဖြတ်နေကြသလိုပင်ဖြစ်သည်။

သူ့ဝမ်းဗိုက်အောက်ပိုင်းရှိကီစုစည်းမှုသည် ချက်ချင်းပင် အူများ အစာအိမ်များအတွင်းလျှင်မြန်စွာ လှည့်ပတ်နေသည်။ဤသည်က ရေစီးကြောင်းတစ်ခုသည် ရှီယန့်ထိန်းချုပ်မှုအတိုင်း အဆိပ်များကို တိုက်ချွတ်သန့်စင်ပေးနေသည်နှင့်အလားသဏ္ဍန်တူ၏။ကီစွမ်းအင်များလှည့်ပတ်သွားတိုင်း အဆပ်အာနိသင်များ လျော့ပါးလာကာ ရှီယန့်ကို သက်သာလာစေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now