အပိုင်း ၉၅

2.2K 214 0
                                    

God of Slaughter (chapter – 95)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၅) ဗရမ်းဗတာ တိုက်ပွဲများ

ကောင်းကင်ထက်တွင်
နဂါးငွေ့တန်းကြယ်စုကြီးက ဧရာမမြစ်ကြီးတစ်စင်း ရစ်ခွေစီးဆင်းနေသည့်နှယ် …

ယင်ချိုင့်ဝှမ်းရှိ မြွေသွေးများမှ ဖြစ်ပေါ်လာသော အင်းကွက်များနှင့်လဲ တူညီနေသည်။

တောက်ပနေသော ကြယ်စုများကြားတွင်လဲ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရစ်သိုင်းလို့နေသည်။
အချို့က မီးလျှံတိမ်တိုက်ကြီးများ အချို့က ယင်ကီစွမ်းအင်ထုကြီးများ အချို့က အဆိပ်ငွေ့များ…

မြေကြီးနှင့် ကောင်းကင်က မီးခိုးရောင်…

မြေပြင်ပေါ်တွင်တော့ တောင်တန်းကြီးတစ်ခုပမာ ကြီးမားလှသော လူရုပ်တုကြီးတစ်ခု ကျောခင်းလဲလျောင်းလို့နေသည်။
ရုပ်တုကြီးက သန်မာခန့်ငြားသော လူကြီးတစ်ယောက်သဏ္ဍန်ဖြစ်ကာ ဧရာမ ကျောက်ဆစ်လက်ရာကြီးတစ်ခုပင်ဖြစ်သည်။

ရုပ်တုကြီး၏ နှလုံးအိမ်နေရာတွင်တော့ ကြယ်ရောင်လိုအလင်းများ တောက်ပလျှက်ရှိသည်။

ထိုကြယ်အလင်းများက ကြယ်စင်မြစ်ကြီးထံမှ သဘာဝစွမ်းအင်များကို တိုက်ရိုက်စုပ်ယူနေဟန်တူကာ ၄င်း၏ နှလုံးသားဗဟိုချက်နေရာတွင်လဲ ထိုကြယ်စင်မြစ်ကြီးနှင့် ပုံစံတူ ပုံစံငယ်တစ်ခု ဖြစ်ပေါ်စုဝေးလျှက်ရှိသည်။

ရုပ်တုကြီးက သဘာဝကျလှပြီး သွေးကြောမျှင်များကိုပင် အနုစိတ် ထုဆစ်ထားခြင်းဖြစ်သည်။
အသေအချာကြည့်မည်ဆိုပါက ထိုတောင်တန်းကြီးနှင့်တူသော ကျောက်ရုပ်ကြီးပေါ်တွင် အနက်ရောင်အစက်အပျောက်ကလေးများနှင့်တူသော လူသားများ ပုရွက်ဆိတ်ကလေးများပမာ တရွေ့ရွေ့လှုပ်ရှားနေကြသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

ကျောက်ရုပ်ကြီး၏ ညာဖက်လက်ဖ၀ါးကြီးထဲတွင်တော့ လူပုံသဏ္ဍန်ကလေးတစ်ခု မတ်တပ်ရပ်ကာ ကောင်းကင်ကို အံ့အားတကြီး မော့ကြည့်ငေးမောနေသည်ကို မြင်တွေ့နိုင်ပေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now