အပိုင်း ၈၂

2.2K 241 0
                                    

God of Slaughter (chapter – 82)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၂) လက်တစ်ကမ်းအလို

နောက်ရက်များတွင်လဲ ရှီယန်က ရထားလုံးအတွင်းသာအောင်းနေပြီး သူဘာလုပ်နေမှန်းလဲ ဘယ်သူမှမသိကြပါ။

ရထားလုံးနှစ်စီးက တောအုပ်အတွင်း အတူဝင်ခဲ့ကြသည်မှာ ကိုးရက်ပင်ရှိလာပြီဖြစ်သည်။

ဇူရှီနှင့် ၀ူယွန်လျန်တို့က နားချိန်တိုင်း အပြင်ထွက်ကာ အနားယူ ရေခပ်လုပ်နေကြသော်လည်း ရှီယန်ကတော့ အစာစားဖို့သာ ထွက်လာတတ်သည်။
ပြီးတာနဲ့ ရထားလုံးထဲပြန်ဝင်သွားကာ အခြားသူများကိုလဲ ဂရုမစိုက်ချေ။

---- ---- ----

ညရောက်လာပြန်ပြီဖြစ်သည်။

အရွက်ဖားဖားသစ်ပင်ကြီးအောက်တွင် ရထားလုံးနှစ်စီးကို ရပ်တန့်ထားသည်။
မြင်းများကိုလဲ မနီးမဝေးတွင် စားကျက်လွှတ်လို့ထား၏။

ရေမိုးချိုးပြီးနောက် ဇူရှီနှင့် ၀ူယွန်လျန်တို့က သူမတို့၏ ရထားလုံးထဲတွင် သက်တောင့်သက်သာလဲလျောင်းနေကြရင်း တွတ်ထိုးလျှက်ရှိကြသည်။

ချူပင် ဟန်ဖန်းနှင့် ကုလောင်တို့ကတော့ ရထားလုံးနှင့် မြင်းများကို စောင့်ကြပ်ရင်း လေ့ကျင့်မှုအတွေ့အကြုံများကို ဖလှယ်နေကြရင်း စကားစမြည် ပြောဆိုလျှက်ရှိကြသည်။

ရှီမိသားစု ရထားလုံးထဲတွင်တော့
ရှီယန့်မျက်နှာက အလွန်ပင် လေးနက်တည်ကြည်လို့နေသည်။
ကိုးရက်လုံးလုံး အဆက်မပြတ် စဉ်းစားဆင်ခြင်ခဲ့သောကြောင့် သူက ဥာဏ်အလင်းအချို့ကို ဆုပ်ကိုင်မိပြီဟုယုံကြည်နေလေသည်။

သူ၏ ညာဖက်လက်မောင်းက တဖြည်းဖြည်း အလင်းရောင်များထွက်ပေါ်လာသည်။
တစ်ယောက်ယောက်က ကြည့်မည်ဆိုလျှင် သူ၏သွေးကြောများထဲမှစီးဆင်းလာသော အလင်းစက်လေးများကို ထူးဆန်းစွာမြင်တွေ့နိုင်မည်ဖြစ်သည်။

ကီစွမ်းအင်သက်သက်ကို သူ၏ မရီဒျန်များအကူအညီဖြင့် အကြိမ်ကြိမ်သန့်စင်စေပြီးနောက် သူ့ မှတ်ဥာဏ်များထဲမှ နည်းစံနစ်တစ်မျိုးဖြင့် လည်ပတ်စေလိုက်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now