အပိုင်း ၈၁

2.3K 228 2
                                    

God of Slaughter (chapter – 81)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၁) အဖြေရှာနေခြင်း

တိတ်ဆိတ်သောညအချိန်တွင် မြင်းလှည်းနှစ်စီး ရှေ့ဆင့်နောက်ဆင့်ပင် နှင်းမြေခွေးမြို့ထဲမှ ထွက်လာကြသည်။

နှင်းမြေခွေးမြို့သည် သေမင်းနွံတောသို့ သွားရာလမ်းတွင် နောက်ဆုံးသောမြို့ဖြစ်သည်။
နှင်းမြေခွေးမြို့နှင့် သေမင်းနွံတောကြားတွင်တော့ သက်တမ်းသိပ်မရင့်သေးသော တောအုပ်တစ်ခုရှိသည်။
ကြေးစားစစ်သည်များ ကုန်သည်ပွဲစားများ ခရီးသွားရာတွင်အသုံးပြုသော လမ်းကြောင်းလေးလဲရှိပါသည်။

အရှေ့မှရထားလုံးပေါ်တွင် ချူပင်က စိတ်လက်ပေါ့ပါးစွာဖြင့် ကြာပွတ်ကိုဝှေ့ယမ်းလျှက်ရှိသည်။
ရထားလုံးအတွင်းမှ ဇူရှီနှင့် ၀ူယွန်လျန်တို့၏ ရယ်မောသံများက တစ်ချက်တစ်ချက် ထွက်ပေါ်လို့လာသည်။

သူတို့နောက်မှရထားလုံးပေါ်တွင်တော့ ဟန်ဖန်းနှင့် ကုလောင်တို့က ရထားလုံးအပြင်ဖက်တွင် လိုက်ပါလာကြပြီး တစ်ခါတစ်ရံ စကားပြောဆိုကြသည်မှအပ အချိန်အတော်များများတွင် ပတ်ဝန်းကျင်ကို အဆက်မပြတ်သတိထားရင်း လိုက်ပါလာကြသည်။
ရထားလုံးထဲမှ ရှီယန်တစ်ယောက်သာ တိတ်ဆိတ်လို့နေသည်။

လွန်ခဲ့သည့် ဆယ်ရက်ခန့်အတွင်း အစာစားရန်မှလွဲ၍ ရှီယန်က ရထားလုံးထဲမှ အပြင်သို့ ထွက်ခဲလှသည်။
သူအပြင်ထွက်လာချိန်တိုင်းလဲ မျက်ခုံးနှစ်ခုက ထိစပ်လုမတတ် ကြုံ့၍နေကာ တစ်စုံတစ်ရာ စိတ်အနှောက်အယှက်ဖြစ်နေဟန်တူသည်။

---- ----- ----

ညနက်ချိန်…

ရထားလုံးနှစ်စီးက တောအုပ်အတွင်းရှိ စမ်းချောင်းလေးတစ်ခုဘေးတွင် ရပ်တန့်လိုက်ကြသည်။
ဇူရှီနှင့် ၀ူယွန်လျန်တို့နှစ်ယောက်က ရထားလုံးအတွင်းမှထွက်လာကာ စမ်းချောင်းဆီသို့ ဆင်းသွားကြ၏။
သူတို့က စမ်းရေဖြင့် ကိုယ်လက်သန့်စင်လိုက်ကြသည်။

သူတို့က သောက်ရေဖြည့်ပြီး ပြန်လာကြသောအခါတွင်လဲ အခြားရထားလုံးတစ်ခုက တိတ်ဆိတ်နေမြဲဖြစ်သည်ကို သတိပြုလိုက်မိကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now