အပိုင်း ၃၄

3K 244 2
                                    

God of Slaughter (chapter – 34)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၃၄) လျှို့ဝှက်ဆန်းကြယ်သော

     အရင်ဘ၀ကရှီယန်က သိုင်းပညာနှင့်ပတ်သက်၍ စိတ်မ၀င်စားခဲ့သော်လည်း မျိုးရိုးစဉ်ဆက် သိုင်းဝိဥာဉ်ပိုင်ဆိုင်သည့် ထိပ်တန်းမိသားစုကြီးတစ်ခုမှဖြစ်သောကြောင့် သိုင်းပညာအကြောင်း ဗဟုသုတတော့ရှိပါသည်။

ရှီယန်က မှတ်ဥာဉ်များကို ဖော်ထုတ်စဉ်းစားနေရင်း အံ့သြပြီးရင်း အံ့သြနေရသည်။

သိုင်းဝိဥာဉ်ဆိုသည်မှာ သိုင်းသမားတစ်ယောက်၏ မြင့်မားလာသောအဆင့်အတန်းအလိုက်သာ အဆင့်မြင့်လာတတ်သောအမျိုးဖြစ်သည်။သိုင်းဝိဥာဉ်ကို အဆင့်မြှင့်တင်ရန်က သိုင်းပညာအဆင့်အတန်း မြင့်မားအောင်ကြိုးစားရုံအပြင် အခြားနည်းလမ်းမရှိ။

အခြေခံအဆင့်သိုင်းသမားအဖြစ်မှ အခြေခိုင်အဆင့်သို့ တက်လှမ်းသွားခြင်း၊ အခြေခိုင်အဆင့်မှ ယွမ်ချင်း(လူသား)အဆင့်သို့ တက်လှမ်းသွားခြင်းမျိုးမှသာ သိုင်းဝိဥာဉ်က လိုက်လျောညီထွေ အဆင့်မြင့်တက်လာခြင်းမျိုးဖြစ်သည်။

အခြေခိုင်ပထမအဆင့်မှ အခြေခိုင် ဒုတိယအဆင့်သို့ တက်လှမ်းရုံ သေးငယ်သော တိုးတက်မှုမျိုးက သိုင်းဝိဥာဉ်အပေါ် အကျိုးသက်ရောက်မှုမရှိ။
သိုင်းပညာအဆင့်အတန်း မြင့်တက်သွားခြင်းကသာ သိုင်းဝိဥာဉ်ကို တိုးတက်စေသည်။

ရှီယန်တို့ ရှီမိသားစု၏ ကျောက်ခန္ဓာ သိုင်းဝိဥာဉ်သည် အမွေဆက်ခံသော ကလေးအပေါ်တွင် မွေးခါစ ဆယ်ရက်ခန့်အတွင်း အရေပြား မီးခိုးရောင်ပြောင်းသွားခြင်းခြင့် သိုင်းဝိဥာဉ်အမွေဆက်ခံခြင်းလက္ခဏာ ပြတတ်သည်။

ထိုကလေးက သိုင်းပညာ၌ ပါရမီပါပြီး အခြေခံနှင့် အခြေခိုင်အဆင့်ကို ဖြတ်ကျော်ကာ ယွမ်ချင်းအဆင့်သို့ တက်ရောက်နိုင်မှသာ သိုင်းဝိဥာဉ်ဖွံ့ဖြိုးခြင်း ဒုတိယအဆင့်ဖြစ်သော အသားအရေ အညိုရင့်ရောင်သို့ တိုးတက်ပြောင်းလဲသည်။

တဖန် သူက ယွမ်ချင်းအဆင့်နှင့် အန္တရာယ်အဆင့်တွင် အညိုရောင်သာရှိနေဦးမှာဖြစ်ပြီး ကမ္ဘာမြေအဆင့်သို့ တက်လှမ်းနိုင်မှသာ အသားအရေက အစိမ်းရောင်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ထိုအရာက သိုင်းဝိဥာဉ်ဖွံ့ဖြိုးခြင်း တတိယအဆင့်ဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Kde žijí příběhy. Začni objevovat