အပိုင်း ၁၀၄

2.2K 220 1
                                    

God of Slaughter (chapter – 104)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၀၄) အန္တရာယ်ဆိုး

ယင်ချိုင့်ဝှမ်းအတွင်း

ဘိန့်မင်ရှန်၏ အမူအယာက အစွန်းအဆုံ ဒေါသပေါက်ကွဲလို့နေသည်။
သူက ချီရှောင်းနှင့် အသေအကြေ တိုက်ခိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ချိန်
အမှောင်သခင် လေပေါ်ပျံတက်သွားသည်ကို တွေ့လိုက်မိလေသည်။

သူ့စိတ်က တွေဝေလို့သွားကာ ရှီယန် အနီးတစ်ဝိုက်တွင် ရှိရင်ရှိနေနိုင်သည်ဟု တွေးလိုက်မိသည်။

“ချီရှောင်း…ငါမင်းနဲ့ မကြာခင် တွေ့မယ်…”

ဘိန့်မင်ရှန်က တင်းမာခက်ထန်စွာပြောလိုက်ပြီး မေးကြောကြီးများ ထောင်နေအောင် အံကြိတ်လို့ထားသော်လည်း ဆက်လက်မတိုက်ခိုက်တော့ပဲ ၀င်ရိုးစွန်းရေခဲမီးလျှံသိုင်းဝိဥာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထို့နောက် လေထဲသို့ပျံတက်ကာ သူ့စိတ်အာရုံကို အရပ်မျက်နှာအားလုံးသို့ ဖြန့်ကျက်လိုက်လေသည်။

“ယင်းခွေ…ကျီစင်း…မင်းတို့နှစ်ယောက် သေမင်းနွံတောအပြင်ဖက်ကို ဖြန့်ခွဲရှာ…ရှီယန့်ကို တွေ့ရင် မသတ်နဲ့…ကြားလား…ငါသူ့ကို အရှင်လိုချင်တယ်…”
လေထဲတွင် တည်နေရင်း
ဘိန့်မင်ရှန်က အရိုးထဲစိမ့်လောက်အောင် အေးစက်သောလေသံဖြင့် အော်ပြောလိုက်သည်။

ယင်းခွေနှင့် ကျီစင်းတို့ကလဲ ချက်ခြင်းပင် ယင်ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာသွားကြလေသည်။

ထိုအချိန်တွင် ချီရှောင်းနှင့် ဇုအာချီ၊ ဇူမိသားစုမှလူများနှင့် စိတ်ဓါတ်ပျက်ပြားနေကြသော မုယီဒီးနှင့် ဒီယာလန်းတို့သာ ယင်ချိုင့်ဝှမ်းအတွင်း ကျန်ရှိခဲ့ပြီဖြစ်သည်။

“ဆရာ…”
ဇူရှီက ချီရှောင်းကို မကျေမနပ်ကြည့်လိုက်ရင်း
“သမီးတို့လာတုန်းက ဖိုးဖိုး ရှီကို ဆရာကတိပေးခဲ့တယ်လေ…ရှီယန့်ကို စောင့်ရှောက်ပါ့မယ်ဆို..ခုမှ ဘာရူးချင်ယောင်ဆောင်နေတာလဲ…”

ချီရှောင်းက ဒေါသထွက်လာသော်လည်း ခေါင်းတစ်ချက်ခါယမ်းကာ သက်ပြင်းချလိုက်ပြီး
“ငါ ဘိန့်မင်ရှန်ကို ရပ်တန့်ဖို့ ကြိုးစားပေးခဲ့ပြီးပြီလေ… ဒါပေမဲ့ အခု ကောင်းကင်အဆင့်သိုင်းပညာရှင်နှစ်ယောက်က သူ့ကိုသတ်ချင်နေတယ်…ငါသူ့ကို ရပ်တန့်ဖို့ အတင်းကြိုးစားခဲ့ရင် ငါက ကောင်းကင်အဆင့်နှစ်ယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်… အထူးသဖြင့် သူတို့ အခုလို ဒေါသတကြီးဖြစ်နေချိန်မှာ…ငါတားလိုက်ရင်…ငါ..ငါစိုးရိမ်တာက…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now