အပိုင်း ၃၆

2.7K 233 0
                                    

God of Slaughter (chapter – 36)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၃၆) ထောင်ခြောက်

     “ဒုန်း…ဒုန်း…”
ကျောက်တုံးကြီးပေါ်သို့ ပြင်းထန်သောရိုက်ချက်များ အဆက်မပြတ်ကျရောက်လာသည်။

ဂူဝကို ပိတ်လိုက်ပြီးနောက် ရှီယန်တို့နှစ်ယောက်က ကျောက်တုံးကြီးကို အထဲမှ တွန်းထားကြသည်။အပြင်ဘက်မှ ပြင်းထန်သောရိုက်ချက်များကျရောက်လာသောအခါ ဒီယာလန်းနှင့် သူတို့နှစ်ယောက်စလုံး တုန်ခါသွားကြပြီး လက်မောင်းများ ထုံကျင်သွားကြသည်။

“ဂူထဲက မိတ်ဆွေတို့ ဘေးဖယ်လိုက်ပါ…ကျုပ် ဒီ့ထက်ပိုပြီး သဘောကောင်းမှာမဟုတ်တော့ဘူးနော်…”
အေးစက်စက်လေသံက ဂူဝမှ ထွက်ပေါ်လာသည်။
“ကျုပ် သိုင်းဝိဥာဉ်က မီတာတစ်ရာအတွင်းက သက်ရှိတွေကို အာရုံခံနိုင်တယ်…အထဲမှာ ခင်ဗျားတို့သုံးယောက်ရှိနေတာ ကျုပ်သိတယ်… ကျုပ်တို့ကို အထဲဝင်ခွင့်ပြုလိုက်ပါ…”

“ဒါ ကျုပ်တို့ဂူ…တစ်ခြားမှာ ကိုယ့်ဟာကိုယ်သွားရှာကြပါ… ကျူပ်တို့ကို ဒုက္ခမပေးပါနဲ့…”
ရှီယန်က ကီစုစည်းမှုများကို သူ့လက်မောင်းများဆီသို့ တွန်းပို့ထားရင်း ပြောလိုက်သည်။

“ဖယ်ကြစမ်း…မိစ္ဆာသားရဲတွေ ရောက်လာကြတော့မှာ…အဆင့်မြင့်သားရဲတွေပါတယ်…မင်းတို့အသက်မသေချင်ရင် ငါတို့ကို အထဲဝင်ခိုင်းလိုက်…”
အပြင်ဘက်မှ ဒေါသထွက်နေသောလေသံမာမာဖြင့်ပြောလာသည်။

“ထွက်သွားစမ်း…ငါတို့ဆီမှာ မင်းတို့အတွက် နေရာမရှိဘူး…”
ရှီယန့်လေသံကလဲ ဖော်ရွေခြင်း အလျင်းမရှိတော့ချေ။

ဤဂူလေးက အလွန်ဆုံး လူ ငါးယောက် ခြောက်ယောက်သာဆန့်ပေလိမ့်မည်…ကျောက်တုံးအပြင်ဘက်မှ အသက်ရှူသံများအရ လူခြောက်ယောက်အုပ်စုဖြစ်မှန်း ရှီယန် အတတ်ပြောနိုင်သည်။ဘယ်လိုမှ ၀င်ခွင့်မပြုနိုင်။

“စတိဗ်…ငါ့ဆီလာ…ဒါကို ရိုက်ခွဲမယ်…”
တစ်ယောက်ယောက်က စိတ်မရှည်စွာပြောလိုက်သည်။

“လုပ်လိုက်လေ…”
“အုန်း…ဒုန်း…”
ပြင်းထန်သော ပေါက်ကွဲမှုစွမ်းအားများက ကျောက်တုံးပေါ်ကျရောက်လာသည်။
နားအူမတတ် ထုနှက်သံများနှင့်အတူ ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now