အပိုင်း ၇၀

2.8K 306 16
                                    

God of Slaughter (chapter – 70)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၇၀) အာရုံစိုက်မှုခံယူခြင်း

ပြိုင်ပွဲကွင်းပြင်၏အလယ်…

ဒိုင်လူကြီး၏ တရားဝင်ကြေငြာသံထွက်ပေါ်လာပြီးနောက် မိုဇာန်က ၀ံ့ကြွားသောအပြုံးဖြင့် မတ်တပ်ရပ်လျှက်ရှိသည်။

သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်လျှပ်စီးကြောင်းများထွက်ပေါ်လာပြီးနောက် အစိမ်းရောင် မြွေများသဏ္ဍန်ပြောင်းလဲသွားသည်။
ထို လျှပ်စီးမြွေများက မိုဇာန့်ခန္ဓာကိုယ်ကို လှည့်ပတ်လျှက်ရှိကြပြီး လင်းလက်တောက်ပနေသော လျှပ်စီးနတ်သားတစ်ပါးဟန်ကို ပေးစွမ်း၏။
သူ၏ လျှပ်စီးသိုင်းဝိဥာဉ်က မိုယန်းယီနှင့် မိုခီ တို့ထက် ပို၍ အားကောင်းမှန်း သိသာလှသည်။

သူ့မျက်နှာက တစ်ချက် ဖြူဖျော့သွားသောအခါ ထိုလျှပ်စီးမြွေများက တကယ့်သက်ရှိများပမာ ရုန်းကြွလာကြပြီးနောက် လူတစ်ယောက်ကို ၀ါးမြိုပစ်လိုက်တော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ရာလှုပ်ရှားနေကြသည်။

“ရှီမိသားစုရဲ့ ကျောက်ခန္ဓာသိုင်းဝိဥာဉ်က အနီးကပ်တိုက်ပွဲမှာ ဘုရင်ပဲလို့ပြောကြတယ်….ဟဲဟဲ… ငါက မင်းကို အခွင့်အရေးပေးပါ့မယ်…ငါ့နားလာတိုက်စမ်းကွာ…”
မိုဇာန်က နေရာတွင်ပင်ရပ်နေရင်း တဟားဟားအော်ဟစ်ရယ်မောနေသည်။သူက ရှီယန့်ကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။

''မောက်မာလိုက်တဲ့ကောင်   ''
''မောက်မာနိုင်တဲ့အနေအထားမို့လို့ပေါ့ကွ''
''အေး   သူ့ သိုင်းဝိဥာဉ်က မိုယန်းယီနဲ့ မိုခီထက် ပိုအားကောင်းတယ်''
''အဖြေကတော့ရှင်းနေပါပြီ  ''

''ဒါ  ရှီမိသားစုကျဆုံးခန်းပဲ   ''

''……''

ပြိုင်ပွဲကွင်းပြင်ရှိပရိသတ်များက ခေါင်းတရမ်းရမ်းနှင့်ရှိကြပြီး ရှီယန့်အတွက် စုပ်တသပ်သပ်ဖြစ်နေကြသည်။

ရှီမိသားစုဝင်များအားလုံးတွင်ပင် စိတ်ပျက်ဝမ်းနည်းနေမှုကိုမြင်တွေ့နိုင်လေသည်။

''ကောင်းပြီလေ   ''
ရှီယန်က ဘာမှမဖြစ်သလို သာမန်ပင်ပြန်ပြောလိုက်ရင်း ကွင်းလယ်ရှိမိုဇာန့်ထံ အေးအေးဆေးဆေးလျှောက်သွားလိုက်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now