Part 110

303 40 1
                                    

Chapter 110 : ကွဲကြေသွားသော အမြင်

နှစ်ယောက်အတွက် အနက်ရောင်အခန်းကျဉ်းလေးထဲ ပိတ်လှောင်ခံထားရသည့်အချိန် ယယ်ကျင်းမင်၏ခံစားချက်မှာ အလွန်ရှုပ်ထွေးသွားသည်။ သူသည် မူလကရင်ခုန်နေပြီး ပွဲကြည့်နေခဲ့သည်။ ရလဒ်အနေနှင့် သူသည်ဒရာမာဇာတ်ကားကြီးမှာ သရုပ်ဆောင်ခဲ့တာလား။ ဤသည်မှာ တကယ်ပင်လွန်ကဲသော ပျော်ရွှင်မှုဖြစ်ပြီး ဝမ်းနည်းခြင်းအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။

နည်းပြသည် ပြုံးပြပြီး 'နွေးထွေးစွာ ကြိုဆိုပါတယ်'ဟု သဘောထားခဲ့သည်။ ယယ်ကျင်းမင်သည် စိတ်ထိန်းကာ ကွန်ပျူတာရှေ့တွင် ထိုင်လိုက်ရသည်။

နှစ်ထပ်လေ့ကျင့်ရေးအခန်းသည် အင်တာနက်ကဖေးရှိ စုံတွဲတစ်တွဲ၏ သီးသန့်အခန်းနှင့်တူသည်။ ကွန်ပျူတာနှစ်လုံးမှာ ဘေးချင်းကပ်လျက်ရှိပြီး ကစားသမားတစ်ဦးစီအတွက် နည်းပြများက တစ်ဦးချင်းလေ့ကျင့်မှုတွင် အသုံးပြုလေ့ရှိသည်။ ယယ်ကျင်းမင်သည် အနက်ရောင်အခန်းငယ်တွင် ပိတ်လှောင်ခံထားရသည့် ပထမဆုံး ပြိုင်ပွဲဝင်ဖြစ်လာခဲ့သည်။ သူတကယ်ပင် ဂုဏ်ယူခဲ့သည်။

နည်းပြချန်က ယယ်ကျီပုခုံးကိုပုတ်ပြီး ရွှင်မျူးစွာ ပြောလိုက်တယ်။ "ဖိုက်တင်း။ နတ်ဘုရားWingက အထူးလေ့ကျင့်ရေး အတွက် မင်းကို ငါ့လိုက်ခိုင်းဖို့ပြောတယ်။ စည်းကမ်းကတော့ မင်းငါ့ကို10 မိနစ်အတွင်းရှာပြီး ငါ့ကိုသတ်ရမယ်။ မင်းငါ့ကိုရှာမတွေ့ရင် မင်းလေ့ကျင့်ရေးပြန်လုပ်ပြီး တခြားမြေပုံကိုပြောင်းရမယ်"

ယယ်ကျင်းမင်မှာ ရယ်ရမလား ငိုရမလား မသိပေ။ "နားလည်ပါပြီ"

နည်းပြကျန်းသည် ကွန်ပျူတာရှေ့ထိုင်ပြီး အကောင့်ထဲသို့ အမြန်ဝင်လိုက်သည်။ ယယ်ကျင်းမင်သည် သူ့ဘေးထိုင်ပြီး သူ့အကောင့်ထဲဝင်ကာ နားကြပ်တပ်ထားခဲ့သည်။ အထူးလေ့ကျင့်နေစဉ်အတွင်း ကစားသမားများသည် ကွန်ပျူတာဖန်သားပြင်ကို ချောင်းကြည့်ကြခြင်းမှာ မလွှဲမရှောင်သာဖြစ်မည်ဖြစ်သောကြောင့် ကွန်ပျူတာနှစ်လုံးကြားတွင် အထူးစခရင်တစ်ခုကို ထားရှိခြင်းဖြစ်သည်။

လေ့ကျင့်ရေးခန်းထဲသို့ ဆွဲသွင်းခံရပြီးနောက် ယွီမင်ကျန်းအံ့သြသွားသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now