Part 17

1.1K 154 0
                                    

Unicode
Chapter 17: လက်ရွေးစင်အသင်း၏ အလုပ်အဖွဲ့ 

ညဆယ်နာရီခွဲ၌ ကျန်းရှောင်ယွီမှာ အိပ်မပျော်သေးဘဲ ကျွီဟန်မှာလည်း အိမ်ပြန်ရန် အလျင်မလိုနေခဲ့ပေ။ ထို့ကြောင့်ယွီမင်ကျန်းသည် သူတို့နှစ်ယောက်အား အစည်းအဝေးအခန်း၏တစ်ဖက်ခြမ်းသို့  စကားပြောရန်နှင့် အမှတ်တရများပြန်ပြောကြရန် ခေါ်သွားခဲ့သည်။

အစ်မယွီသည် ဝမ်းဗိုက်နွေးစေသော Pu’erလက်ဖက်ရည်အား အလွယ်တကူလောင်းထည့်ပေးကာ အပြုံးနှင့်‌ ပြောလိုက်သည်။ “အားယွီ၊ ပါးစပ်ကခုထိကြမ်းတုန်းပဲနော်။ အစ်ကို့ဆီကအဆူခံရပြီးတော့ လူသစ်တစ်ချို့ကငိုတော့မလိုပဲ။ သူတို့ကိုယ့်ကိုယ်ကိုသုံးသပ်စာ ဘယ်လိုရေးရမလဲဆိုတာကို စဉ်းစားရင်းခေါင်းကိုက်နေလောက်ပြီ။ ဒါပေမယ့် ယယ်ကျီကတော့ ခေါင်းစား‌မှာမဟုတ်ဘူး။ သူကဒီနယ်ပယ်မှာ ဆရာကြီးပဲ” 

ကျွီဟန်မှာ ရယ်လိုက်သည်။ “ယယ်ကျင်းမင်ကအရင်ကကြမ်းတမ်းခဲ့ဖူးပြီး အားယွီကပဲသူ့ကိုကိုင်တွယ်‌နိုင်တာလေ။ ကလေးတစ်အုပ်ကတော့ သူတို့အားယွီရှေ့မှာ ပြန်တိုက်ဖို့ အင်အားလုံးဝမရှိဘူး” 

ကျွီဟန်သည် ဂရုတစိုက်နှင့် ကျန်းရှောင်ယွီ၏ အသင်းအားဦးဆောင်သည့်ပုံစံကို များစွာသဘောတူခဲ့သည်။ သူတို့တကယ်ကစားရကာ ပထမဂိမ်းတွင် လွှမ်းမိုးခြင်းခံရပါက ဒိုင်လူကြီးမှာ သူတို့အားတဖြည်းဖြည်းအဆင်ပြေရန် အချိန်ပေးလိမ့်မည်မဟုတ်ပေ။ ထိုအစား ဒုတိယဂိမ်းမှာ မိနစ်အနည်းငယ်ကြာသောအခါ စတင်လိမ့်မည်။ 

ကျွမ်းကျင်ကစားသမားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်မှုအဆင့်မှာ မူလအားဖြင့် အရေးကြီးခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာအရည်အသွေးမှာလည်း ထပ်တူအရေးကြီးနေသည်။ 

ကျန်းရှောင်ယွီသည် ကျွီဟန်အားကြည့်၍ မမေးခင် လက်ဖက်ရည်နှစ်ငုံသောက်လိုက်သည်။ “ဒုဥက္ကဌကျွီ၊ ဒီလက်ရွေးစင်အသင်းကို ဘယ်လိုရွေးလိုက်တာလဲ” 

ကျွီဟန်မှာ ဤမေးခွန်းကြားသောအခါ သူ၏နားထင်ကိုပွတ်လိုက်သည်။ “မင်းကဒီနိုင်ငံမှာမရှိတာကြောင့် ဒီကအခြေ‌အနေကို မင်းသိပ်မသိဘူး။ တကယ်တမ်းတော့ ငါဒါနဲ့ပတ်သက်ပြီး မင်းနဲ့စကားကောင်းကောင်းပြောချင်ခဲ့တာ။အရင်နှစ်တွေတုန်းက ပြည်တွင်းအေအဆင့်လိဂ်က အောင်မြင်သွားပြီး မေဂျာကလပ်တွေကလည်း မြို့တော်ကထောက်ပံ့ခံရတယ်။ သူတို့ကဂိမ်းကနေ လစာအများကြီးရတယ်”

ရွှေအဆင့်နည်းပြWhere stories live. Discover now