Part 6

1.4K 158 1
                                    

Unicode

Chapter 6: လက်ရွေးစင်အသင်းအဖွဲ့ဝင်များ

ACE သည် ကျန်းရှောင်ယွီမှ တည်ထောင်ခဲ့သော အောက်ခြေအသင်းတစ်သင်းဖြစ်ခဲ့သည်။ အသင်းထဲတွင် အဖွဲ့ဝင်၇ယောက်သာရှိခဲ့သည်။ ခေါင်းဆောင်ညီမ ယွီမင်ကျန်း၊ ခေါင်းဆောင်နှင့်နည်းပြ ကျန်းရှောင်ယွီ၊ အားဖြည့်သူ အသက်ကြီးသူလင်း၊ ချေမှုန်းသူ ရှောင်ကျိုး၊ကင်းထောက်ယယ်ကျီ၊ ဆေးအကူရှောင်ချန်းနှင့် တစ်ဦးတည်း‌သော လူငယ်သင်တန်းသား ကျန်းရှောင်ယွီ၏ အလုပ်သင်ငယ် ပိုင်ဖန်းတို့ဖြစ်သည်။

သူ၏အသင်းသားများအားလုံးမှာ ကျန်းရှောင်ယွီဂိမ်းထဲတွင် တွေ့ခဲ့သော ဖြတ်သွားဖြတ်လယများသာဖြစ်သည်။ ထို့ကြောင့် ACE အဖွဲ့အား ပရိသတ်များက ‘ဖြတ်သွားဖြတ်လာ ဘုရင်အသင်း’ဟု ခေါ်ကြသည်။ 

ကျန်းရှောင်ယွီထွက်သွားသည်နှင့် ACE အဖွဲ့မှာ လုံးဝအဖွဲ့ပျက်သွားကာ ကစားသမားများမှာ တစ်စုတစ်စည်းတည်း ပြောင်းရွှေ့သွားကြသည်။ သူတို့သုံးယောက်မှာ သူတို့၏အသင်းသစ်များတွင် ကောင်းမွန်စွာဆောင်ရွက်ခဲ့ကာ လက်ရွေးစင်အသင်းအတွက် အောင်မြင်စွာရွေးချယ်ခံခဲ့ကြသည်။ 

သို့သော် လက်ရွေးစင်အသင်း၏ ဒေတာထဲတွင် ဆေးအကူရှောင်းချန်နှင့် သူ၏အလုပ်သင် ပိုင်ဖန်းတို့မရှိကြပေ။ ဤသည်မှာ ညီမယွီယခင်ကသူ့အား ဖုန်းထဲတွင်ပြောခဲ့သည့်အကြောင်း တွေးစေမိသည်။ လောင်လင်းမှာ အနားယူတော့မည်ဖြစ်ကာ ယယ်ကျီမှာဆိုင်းငံ့ခံထားရပြီး ရှောင်းချန်မှာ ရာသီတစ်ခုစာ အရန်ခုံပေါ်တွင်ထိုင်၍ ပိုင်ဖန်းသည် ကျွမ်းကျင်ကစားသမားပင်ဖြစ်မလာခဲ့ပေ...ကျန်း‌ရှောင်ယွီသည် မျက်မှောင်ကြုတ်ထားမိသည်။ 

ဘာတွေဖြစ်ခဲ့တာလဲ။ သူသည်ဖော်ထုတ်ရန် တရုတ်ပြည်သို့ပြန်မသွားမချင်း စောင့်‌ရမည့်ပုံပေါ်သည်။

သေနတ်ဘုရင်၏ ကမ္ဘာ့စီးရီးမှာ e-sports ကမ္ဘာ့ဖလားနှင့်ဆင်တူကာ တစ်နှစ်တစ်ကြိမ်ကျင်းပခဲ့သည်။ ယှဉ်ပြိုင်မည့်နိုင်ငံတစ်ခုချင်းစီမှာ နိုင်ငံအားကိုယ်စားပြုရန် လက်ရွေးစင်အသင်းတစ်သင်းအား ရွေးချယ်ခဲ့သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now