Part 26

944 141 0
                                    

Chapter 26: ဆရာနှင့်တပည့် ပြန်လည်ပေါင်းစည်းခြင်း

နောက်တစ်နေ့မနက်စောစောတွင် ပိုင်ဖန်းသည် လေဆိပ်သို့ တက္ကဆီစီးသွားခဲ့သည်။ သူသည်ဤတစ်ကြိမ် မြို့တော်သို့သွားသောအခါ အထုပ်အပိုးများများစားစား မရှိပေ။ သူသည် လဲဝတ်ရန် အဝတ်အစားတစ်စုံကိုသာ ယူသွားခဲ့သည်။ ဤသည်မှာ အလျင်စလိုဆုံးဖြတ်ခဲ့သော လက်တန်းထွက်ခွာမှု ဖြစ်သောကြောင့် သူသည် သူ၏အေးဂျင့်ကိုပင် အကြောင်းကြားရန် အချိန်မရှိခဲ့ပေ။

သူလေဆိပ်သို့ရောက်သောအခါ မနက်၈နာရီသာရှိသေးသည်။ ပိုင်ဖန်းသည် အေးဂျင့်ဆီမှ ဖုန်းခေါ်ဆိုမှုရရှိကာ ကျွီဟွီ၏အသံမှာ စိတ်တိုနေသည်။ "ရှောင်းပိုင်၊ မင်းဘာလို့တိုက်ရိုက်ထုတ်လွှင့်တာကို ရပ်ခဲ့တာလဲ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ကြေငြာချက်က အိမ်မှာတစ်ခုခုဖြစ်တယ်ဆိုလို့ မှတ်ချက်နေရာမှာ ပရိသတ်တွေနဲ့ပြည့်နေပြီ။ အိမ်မှာ ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်လား"

ပိုင်ဖန်းသည် နွေးထွေးစွာပြောလိုက်သည်။ "အစ်မဟွီ၊ စိတ်အေးအေးထား။ ဘာမှကြီးကြီးမားမားမဟုတ်ဘူး။ ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စတွေ ‌ခဏဖြေရှင်းဖို့ရှိလို့ အရမ်းအရေးကြီးတဲ့လူကို တွေ့ချင်လို့ပါ။ ကျွန်တော့်တိုက်ရိုက်ထုတ်လွှင့်မှုက တစ်လကို နာရီ၁၀၀ဆိုတော့ ကျွန်တော်ဒီလထုတ်လွှင့်တာ လုံလောက်ပါတယ်။ ကျွန်တော်ရက်နည်းနည်းနားမယ်"

ကျွီဟွီမှာ တွေးတောနေခဲ့သည်။ "ကိုယ်ရေးကိုယ်တာကိစ္စလား"

ပိုင်ဖန်းမှာ ပြောလိုက်သည်။ "ဟုတ်တယ်။ ကျွန်တော့်ကို ပ‌လက်ဖောင်းပေါ်က ပြဿနာ‌တွေရှင်းဖို့ ကူညီပေးပါဦး။ ကျွန်တော်လေယာဉ်ပေါ်ခဏနေ တက်တော့မှာမို့ အရင်ဖုန်းချလိုက်မယ်"

ကျွီဟွီနားလည်သွားသည်။ "ကောင်းပြီ။ ဒါဆိုနင်ရှင်းပြီးတာနဲ့ တတ်နိုင်သလောက် မြန်မြန်ပြန်လာနော်"

ကြေငြာချက်ပေါ်တွင် တက်ရောက်ရန်သတိပေးချက်ပေါ်လာသည်။ ပိုင်ဖန်းသည် နေကာမျက်မှန်အား သူ၏နှာခေါင်းရိုးပေါ်ပင့်တ်ုလိုက်ကာ နှာခေါင်းစည်းတပ်ပြီး သူ၏လက်ဆွဲအိတ်ကို မလိုက်သည်။ သူသည်လေယာဉ်ပေါ်တက်ရန် အထူးပုဂ္ဂိုလ်လမ်းကြောင်းသို့ အမြန်ဖြတ်လျှောက်သွားခဲ့သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now