Part 58

691 104 0
                                    

Chapter 58 : စကားဝိုင်း

ကျန်းရှောင်ယွီ လှည့်ထွက်သွားပြီးသည်အထိ အားလုံး၏စိတ်များ ပြန်လည်လာသည်။ အားလုံးက လုကျင်းယွမ်အား ကြည့်နေကြသည်။ လုကျင်းယွမ်၏ အကျည်းတန်သော အမူအရာကို သူတို့တစ်ခါမှမမြင်ဖူးပေ။ ထမင်းစားပြီး အိမ်သာရှာမရသောကြောင့် ဗိုက်နာလုမတတ် ဖြစ်နေသကဲ့သို့ပင်။ အသက်ရှူကြပ်ခြင်း၊ အလွန်အမင်း အသက်ရှူကြပ်ခြင်းဖြစ်သည်။

ဟန်တင်းက တုန်တုန်ယင်ယင်နှင့် ပြောခဲ့သည်။ "ဒီနည်းပြကျန်းက ရက်စက်လွန်းပြီး သူကငါတို့ကို မျက်နှာသာလုံးဝမပေးဘူး။ အစ်ကိုလု၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

"စောက်ပေါက်ပိတ်ထားစမ်း။ ဖမ်းမိရင် ဘာလုပ်နိုင်မလဲ" လုကျင်းယွမ်သည် စိတ်တိုတိုနှင့် သူ့ဆံပင်များကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး နည်းပြယွီထံသို့ လှည့်လိုက်သည်။ "Old Xu၊ မင်းဘာလုပ်နေတာလဲ။ လက်ရွေးစင်အသင်းနည်းပြက လာစစ်ဆေးပြီး ဘယ်လိုပြောရမလဲတောင် မသိဘူးလား"

Old Xuသည် မျက်ရည်မထွက်ဘဲ ငိုချင်လာသည်။ "သူတို့က အချက်ပြညက်တာ ယူလာပြီး ရုတ်တရက် ဝင်စီးတယ်။ သူတို့က အစည်းအဝေးခန်းကိုခေါ်ပြီး မင်းကို အကြောင်းကြားစာပို့ဖို့ ငါ့အကောင့်ကို ငှားခဲ့တယ်။ ပြောပြချင်ပေမယ့် အရမ်းနောက်ကျသွားပြီ။ စာကိုပို့လို့ မရဘူး"

အားလုံး: "......"

ဤစီးနင်းမှုစစ်ဆေးခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ သူတို့က အချက်ပြညက်တာကိုပင် ယူခဲ့သလား။

ကစားသမားအုပ်စုက အနည်းငယ် စိတ်ရှုပ်သွားသည်။ ယခင်က တခြားကစားသမားများ လက်ရွေးစင်အသင်းဆီသွားရန် မျှော်လင့်ချက်မရှိသောကြောင့် ကြိမ်းမောင်းခံရသည်မှာ ပြဿနာကြီးတစ်ခုတော့ မဟုတ်ပေ။ သို့သော် လုကျင်းယွမ်နှင့် ကျန်းယွယ်တို့မှာ သနားစရာပင်။ ပြီးခဲ့သည့်ရာသီမှ လက်ရွေးစင်အသင်းသားအများစုမှာ ဤရာသီတွင် လက်ရွေးစင်အသင်းထဲသို့ မ၀င်ရောက်နိုင်လောက်ပါ"

Old Xuသည် လုကျင်းယွမ်နှင့် ကျန်းယွယ်တို့အား ပုခုံးပုတ်‌‌ပေးကာ နှစ်သိမ့်ပေးသည်။ "စိတ်မပူပါနဲ့။ နည်းပြကျန်းက ဒေါသထွက်နေရုံပါ။ ရက်အနည်းငယ်ကြာလို့ သူ့ဒေါသတွေပျောက်ရင် ငါတို့တခြားနည်းလမ်းကို ရှာကြမယ်... ဟူး အရင်လေ့ကျင့်ရအောင်"

ရွှေအဆင့်နည်းပြWhere stories live. Discover now