Part 39

848 109 0
                                    

Chapter 39: မျှော်လင့်မထားသော မြေပုံရွေးချယ်ခြင်း

မြို့တော် E-sports စင်တာမှာ ကြည့်ရှုသူထောင်ပေါင်းများစွာအား စုဝေးစေနိုင်သော အပေါ်ထပ်နှင့်အောက်ထပ်တို့ဖြင့် ကြီးမားသော‌ နေရာဖြစ်သည်။ ယခင်နှစ်များက အေအဆင့်လိဂ်ဗိုလ်လုပွဲအား ဤနေရာ၌ ကျင်းပခဲ့သည်။ သေချာသည်မှာ တက်သစ်စကြယ်ပွင့် ဖလားအတွက် ကြည့်ရှုသူမြောက်များစွာ မရှိဘဲ ပြိုင်ပွဲနေရာမှာ ပထမထပ်‌ပေါ်သာ ဖွင့်ထားခဲ့သည်။

လက်‌ရွေးစင်အသင်းမှ ‌နည်းပြရေးဝန်ထမ်းမှာ နေ့လယ်စာစားပြီးနောက် အချိန်ဇယားထက်‌ စောကာ ကွင်းသို့ရောက်လာခဲ့သည်။

ဤသည်မှာ ကျန်းရှောင်ယွီသည် မြို့တော် e-sports စင်တာသို့ လာခဲ့သော ဒုတိယအကြိမ်ဖြစ်သည်။

သူ့အရှေ့တွင်ရှိသော ရင်းနှီးသည့် အားကစားရုံနှစ်ထပ်ကို ကြည့်ကာ ကျန်းရှောင်ယွီသည် သူ ACE အသင်းအား ဗိုလ်လုပွဲသို့ ခေါ်သွားသော မြင်ကွင်းကို သတိရခဲ့သည်။ သူသည် ၁၈နှစ်မျှသာရှိကာ သူ့အသင်းသားများနှင့် ရုံထဲဝင်သွားသောအခါ ပရိသတ်များ၏ ကျယ်လောင်သောအော်သံများနှင့် ဝန်းရံထားခဲ့သည်။

တစ်ခဏအတွင်း၌ ငါးနှစ်ကုန်သွားခဲ့သည်။

ယနေ့သူသည် လက်‌ရွေးစင်အသင်း၏ နည်းပြအဖြစ် ဤပြိုင်ပွဲနေရာသို့ ပြန်ရောက်လာခဲ့သည်။

ကျန်းရှောင်ယွီသည် တံခါး၌ ခဏတာ ရပ်နေခဲ့သည်။ ထိုအချိန်တုန်းက သူသည်နောက်ဆုံးပြိုင်ပွဲ၏ စိတ်ဓာတ်နှင့် သူ့အသင်းသားများနှင့် ဤနေရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် ACE သည် ဗိုလ်လုပွဲတက်ကာ အောက်ခြေအသင်းမှ အသင်းကြီးအား အနိုင်တိုက်ခဲ့သော ဒဏ္ဍာရီလာပုံပြင်ကို ဖန်တီးခဲ့သည်။

ယနေ့သူသည် e-sports ကစားသမားများ၏ မျိုးဆက်သစ်မွေးဖွားမှုကို ကြည့်ရန် အလားအလာကောင်းသော မျိုးစေ့များအား ရွေးချယ်ခြင်းအကြံနှင့် ဤနေရာသို့ ရောက်လာခဲ့သည်။

သူတို့ကြားထဲမှာ သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သော တပည့်ပိုင်ဖန်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ဤပြိုင်ပွဲနေရာမှ ကမ္ဘာဆီသို့ သွားမည့် အရည်အချင်းရှိသော လူသစ်များစွာရှိသည်ကို သူယုံကြည်ခဲ့သည်။

ရွှေအဆင့်နည်းပြOù les histoires vivent. Découvrez maintenant