Part 23

988 160 6
                                    

Unicode

Chapter 23

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ရုတ်တရက်‌အမှောင်ကျသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေခဲ့သော အင်တာနက်သုံးစွဲသူများမှာ ရုတ်တရက် အနည်းငယ် ကြောင်သွားခဲ့သည်။ 

မှတ်ချက်နေရာတွင် မေးခွန်း သ‌င်္ကေတများစွာ ပေါ်လာခဲ့သည်။ 

[???]

[ငါလိုင်းပျက်တာလား ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်သူက လိုင်းပျက်သွားတာလား]

[ဖန်သားပြင် မည်းမည်းကြီးပဲ။ ငါတို့လို အထူးပုဂ္ဂိုလ်အဖွဲ့ဝင်တွေ မမြင်နိုင်တဲ့အရာ တစ်ခုခုများရှိနေတာလား]

[ဖန်သားပြင်က တိုက်ရိုက်ထုတ်လွှင့်သူနဲ့ သူဌေးကြား ဒုတိယအချီမှာ ပြတ်သွားတာပဲ။ ဒါကသူဌေးနဲ့ သီးသန့်‌ အပေးအယူလုပ်တော့မလို့လား]

[Fred မင်းတိုးတိုးတိတ်တိတ် ဘာလုပ်နေတာလဲ။ တင်ပြစမ်း]

ပိုင်ဖန်းသည် ဤအကြိမ်၌ သူ၏သူငယ်ချင်းများကဲ့ရဲ့မှုကို အာရုံစိုက်ချင်စိတ်မရှိပေ။ ရူးကြောင်ကြောင် အကြံဉာဏ်တစ်ခု သူ၏စိတ်ထဲ ပေါ်လာခဲ့သည်။ 

ဤသူဌေး—ရင်းနှီးသည့်အသံ၊ ရင်းနှီးသည့် လှုပ်ရှားမှု နေရာယူခြင်းနှင့် ‌ရင်းနှီးသည့်စည်းချက်။ အရာအားလုံးမှာ သူ၏ဆရာနှင့် အတော်တူနေခဲ့သည်။ 

ပထမပွဲ၌ ဆရာမှာ တစ်ချိန်လုံး ဘာမှမလုပ်ဘဲ ဘာကိုမျှမမြင်ရပေ။ ထို့နောက် ဒုတိယပွဲတွင် သူဌေး၏ရုတ်တရက် နှစ်ကြိမ်သတ်ဖြတ်မှု သို့မဟုတ် လူနှစ်ယောက်ပူးပေါင်းသည့် အပြိုင်ရှာဖွေမှု နည်းပညာဖြစ်စေကာမူ... 

အရာအားလုံးမှာ ပိုင်ဖန်းအား ACE ၏ လေ့ကျင့်ရေးခန်းထဲသို့ ပြန်သွားစေကာ ရင်းနှီးသည့်ပုံရိပ်ကို မြင်စေရန် တွေးစေခဲ့သည်။ 

“အရှိန်က‌ နှေးတယ်”

“မင်းရဲ့ တည်နေရာကို အာရုံစိုက်”

မှတ်ချက်များပင်လျှင် သပ်ရပ်ကာရိုးရှင်းနေခဲ့သည်။ သူသည်စကားလုံးများအား ရွှေကဲ့သို့တန်ဖိုးထားသည်။ ထိုလူဖြစ်နိုင်သည်လား။

ရွှေအဆင့်နည်းပြWhere stories live. Discover now