Part 52

741 97 2
                                    

Chapter 52: လက်ရွေးစင်အသင်းသို့ ဖိတ်ကြားခြင်း

တက်သစ်စကြယ်ပွင့်ဖလားအတွက် ပထမဆုသည် ယွမ်တစ်သန်းအထိ မြင့်မားသည်။ ဒုတိယဆုမှာ ၅၀၀၀၀၀ရပြီး တတိယဆုသည် ၃၀၀၀၀၀ ဖြစ်သည်။ ထိပ်တန်း 16 ယောက်သို့ တက်လာသူတိုင်း ယွမ်၅၀၀၀၀ ရရှိသည်။

ပြိုင်ပွဲအား စပွန်ဆာပေးသူမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး အီလက်ထရွန်နစ်ပစ္စည်းအဖွဲ့ 'Feixing Technology' ဖြစ်သည်။ မိုဘိုင်းလ်ဖုန်းတစ်ခုတည်းအတွက် ၎င်း၏စျေးကွက်ရှယ်ယာသည် 30%အထိမြင့်မားခဲ့သည်။ ဤလုပ်ငန်းစု၏ အင်အားသည် အတော်အားကောင်းခဲ့ပြီး ဒု-ဥက္ကဋ္ဌကျီက သူ၏ခွန်အားအားလုံးကို အသုံးချကာ လက်ရွေးစင်အသင်းအား စပွန်ဆာပေးခဲ့သည်။

ဆုချီးမြှင့်ပြီးနောက် တင်ဆက်သူသည် ပြောလိုက်သည် "နောက်တစ်ခုကတော့ ဖေကျင်းဂရုရဲ့စီအီးအိုနဲ့ တက်သစ်စကြယ်ပွင့်ဖလားရဲ့ စပွန်ဆညဖြစ်တဲ့ မစ္စတာရှုကွမ်ယောင်ကို ဖိတ်ခေါ်ချင်ပါတယ်"

ဝတ်စုံပြည့်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စင်မြင့်ကြီးပေါ်သို့ လျှောက်လာကာ ပြိုင်ပွဲဝင်သုံးဦးအား ချက်လက်မှတ်တစ်စောင်စီ ပေးခဲ့သည်။ ၎င်းသည် စစ်မှန်သော ချက်လက်မှတ်တစ်ခုကဲ့သို့ ပြုလုပ်ထားသော စာရွက်တစ်ခုဖြစ်သည်။ အကျယ်အဝန်း တစ်မီတာကျော်ရှိ၍ ပရိသတ်များမှာ ၎င်းအပေါ်၌ရေးထားသော တစ်သန်းအားကြည့်ကာ သွားရည်များကျခဲ့သည်။

ပိုင်ဖန်းသည် ချက်လက်မှတ်ယွမ်တစ်သန်းရရှိခဲ့ပြီး ကွေ့စေရန်နှင့် ဟွားရန်တို့သည် ချက်လက်မှတ် ငါးသောင်းနှင့် သုံးသောင်းတို့ကို လက်ခံရရှိသည့်အတွက် အလွန်ဝမ်းသာခဲ့ကြသည်။ သူတို့သည် စီအီးအိုရှုနှင့် အလှည့်ကျ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ကွေ့စေရန်သည် ကျင်းမြို့တော်လူငယ်လေ့ကျင့်ရေးစခန်းတွင် အားအ‌ကောင်းဆုံး လူငယ်သင်တန်းသားဖြစ်နိုင်သော်လည်း မည်သည့်ကလပ်နှင့်မှ စာချုပ်မချုပ်ထားပေ။ လူငယ်သင်တန်းသားတစ်ယောက်အနေနှင့် သူ့တွင်လစာမရှိသည့်အပြင် နေထိုင်စရိတ်အတွက် သူ့မိဘများ၏ ပံ့ပိုးကူညီမှုများ လိုအပ်ခဲ့သည်။ ဤငွေငါးသောင်းသည် သူပထမဆုံးရရှိသောငွေဖြစ်သည်။ သူအိမ်ပြန်သွားကာ သူ့မိဘများအတွက် ပစ္စည်းအများကြီး ဝယ်ပေးရမည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now