Part 103

281 49 0
                                    

103 01

Chapter 103 : လူထုအမြင်ကမောက်ကမ

လက်ရွေးစင်အသင်း၏တရားဝင် Weibo မှတရားဝင်ကြေညာချက် ထုတ်ပြန်ပြီးသည်နှင့် ကျွမ်းကျင်ကစားသမားများသည် ၎င်းအား အမြန်forwardခဲ့ကြသည်။

"ဆဋ္ဌမအကြိမ် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်ပါတယ်"

ပရိတ်သတ်များက ပန်းများကြဲဖြန့်ကာ ချီးကျူးကြသည်။ သူတို့သည် သူ၏အောင်မြင်သောရွေးချယ်ခံရမှုအတွက် ချီးကျူးဂုဏ်ပြုကြသည်။

Laolin : "ကျွန်တော့်IDက လောင်လင်း ဆိုပေမယ့် အသက်မကြီးသေးသလို လောင်ဆိုတဲ့နာမည်လည်း မရှိပါဘူး။ လင်းဟောင်ရန်က ကျွန်တော်ပါပဲ ဟားဟား"

ပရိသတ်များ: "ဘာလို့လောင်လင်းကို ရွေးချယ်မှု မလုပ်ခဲ့လဲလို့ မေးချင်ခဲ့တာ။ နောက်တော့ လင်းဟောင်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကို တွေ့မှ ဓားကိုလက်ထဲက ဖယ်လိုက်တာ။

YY-Leaf: လကုန်ကျ ဆိုင်းငံ့ထားမှုကို လုံးဝရုတ်သိမ်းခံရပြီး လေ့ကျင့်ပြီးကစားဖို့ လက်ရွေးစင်အသင်းသို့ ကျွန်‌တော်သွားနိုင်ပြီ။ ကျွန်‌တော့်ကိုသတိရလား"

ပရိသတ်များ: "ထောင်ထဲကလွတ်လာလို့ ယယ်ကျီကို ဂုဏ်ယူပါတယ်"

"ထောင်ဒဏ်နှစ်ဝက် သက်တမ်းကုန်သွားတော့ ယယ်ကျီပြန်လွတ်လာပြီ။ ဂုဏ်ယူပါတယ်"

ယယ်ကျင်းမင်: "......"

သူ့အားဆိုင်းငံ့ထားခြင်းသာဖြစ်ပြီး ထောင်မချ‌ပေ။ ဘာလို့သူ့ကို ရာဇ၀တ်ကောင်ပုံပေါက်အောင် လုပ်ရတာလဲ။

မိုဟန်တျန်းသည် အလွန်စိတ်လှုပ်ရှားသွားသည်။ သူရိုက်ပြီးဖျက်ကာ ရိုက်ကာထပ်ဖျက်သည်။ နောက်ဆုံးတွင် သူသည် စာစီစာကုံးလေးတစ်ခုကို လေးလေးနက်နက် ရေးခဲ့သည်။ "ကျွန်တော့်ကို ဒီဆဋ္ဌမအကြိမ် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရစေခဲ့တဲ့အတွက် နည်းပြဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားစီးရီးတွေမှာ ကျွန်တော် ကောင်းကောင်းမကစားခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ နည်းပြဝန်ထမ်းတွေရဲ့ ယုံကြည်မှုနဲ့ လူတိုင်းရဲ့မျှော်လင့်ချက်အတိုင်း ကြိုးစားလုပ်ဆောင်သွားမှာ သေချာပါတယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now